Jan 26, 2008

ကဗျာချစ်သူ



ငြိမ်းက ကဗျာလေးတွေကိုချစ်တယ်..။စာရေးတာကိုလည်း
ဝါသနာပါတယ်....။...မှတ်မိနေသေးတယ် ငြိမ်း computer စသုံးတော့အရင်ဆုံးဝင်ဖြစ်တဲ့ website လေးက planet.com.mm ပါ.။ tea shop မှာ chatting တွေထိုင်ခဲ့ဖြစ်တယ်။ ငြိမ်းကရပ်
်ဝေးမြေမှာဆိုတော့ မြန်မာသူငယ်ချင်းတွေနဲ့  စကားပြောရတာကိုအရမ်းပျော်ပါတယ်။ မြန်မာစာကိုအလွယ်တကူရေးလို့ ရတဲ့ အဲဒီ website လေးမှာ ငြိမ်းကဗျာလေးတွေစရေးဖြစ်ခဲ့တယ်။ဒါပေမဲ့အကြောင်းအရာလေးတစ်ခုကြောင့် ကဗျာတွေမရေးဖြစ်ခဲ့တာခု ဆို ရက်ပေါင်း(၃၇၆) ရက်ရှိခဲ့ပါပြီလေ....။
အခုတော့သူများတွေ blogs တွေကိုကြည့်ပြီး ငြိမ်းရဲ့ စာရေးချင်စိတ်ကို တားမရတော့ပါဘူး ။ ဒါပေမဲ့ငြိမ်းက ပညာရှင် အဆင့်မဟုတ်သလို စာရေးတာကလွဲပြီး ဘာမှကို မသိပါဘူး...။ အခုလဲ ဒီ blogs လေးကို သူ များတွေဆီ က နည်းစနစ်လေးတွေကို စတင်လေ့လာပြီးအသုံးပြုနေတာမို့  အမှားများရှိရင်ခွင့်လွတ်ကြပါလို့ ...။
ခင်မင်တဲ့(ငြိမ်း)

1 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

တက်လူငယ် said...

ဝါသနာလေးတွေကတော့ ကောင်းပါ့ကွာ။

စာတွေလာဖတ်သွားပါတယ်.။

အဆင်ပြေပါစေ..။