Feb 9, 2008

ပြသဒါးနေ့ ထဲကဓါးစာခံနှလုံးသားများ

အပြစ်မဲ့တဲ့ကောင်းကင်အောက်မှာ
"ချစ်သူ့" ကို ချစ်တဲ့နေ့ တွေဟာ
တစ်ရက်ပြီးတစ်ရက်...ကြွေနေတယ်.။

သူ နေကောင်းရဲ့ လား...
ကျမရဲ့ ညနက်နက်တွေထဲက နှုတ်ဆက်ထားတယ်..။

အဲဒီညတွေကို
ကျမရဲ့ ကိုယ်စား
သိမ်းထားပေးပါ..။

တစ်ယောက်အိမ်မက်
တစ်ယောက်မက်မရပေမဲ့
ဖက်လဲတကင်းနေကြရမဲ့
ကျမတို့ နှစ်ယောက်ရဲ့ စိတ်တွေ...

တစ်ယောက်နဲ့ တစ်ယောက်
မျက်နှာလွှဲထားရ.........။

တစ်ယောက်နဲ့ တစ်ယောက်
နားလည်ထားရ.........။

တစ်ယောက်နဲ့ တစ်ယောက်
လက်လွှတ်ထားရ............။

ကျမတို့ နှလုံးသားတွေ
အဓိပါယ်ဖတ်မှားလို့ 
ဆွံအသွားတဲ့ရင်ခုန်သံ
မုန်တိုင်းလမ်းမမှာ
ဝေဒနာအလွမ်းတွေထမ်းလို့ 
တစ်စိမ်းတရံဆန်တဲ့ တေးသံတွေနဲ့ 
ဟိုး....အဝေးဆုံး တစ်ဖက်ဆီကနေ
လွင့်မြောသွားရတော့မယ်....။

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: