Apr 14, 2008

မြန်မာပြည်သို့ အလွမ်း


ဘာလို လိုနဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲ ကြီးတောင်ရောက်လာပြန်ပါပြီ...Salt Lake မြို့ ရဲ စာကြည့်တိုက်ကြီးပေါ်ကနေပြီး မြန်မာပြည်ရှိမည့်အရပ်ကိုမှန်းစကြည့်မိပြန်တယ်....ဒီနေ့ က သင်္ကြန်အကြတ်နေ့ ....ဒီအချိန်ဆိုမြန်မာပြည်ကလူတိုင်းပျော်ရွင်နေကြမည်မှာအမှန်ပါပဲ
။ကျမအတွက်တော့မြန်မာ့ရိုးရာသင်္ကြန်ပွဲနှင့်ဝေးခဲ့သည်မှာယခုဆို ၄နှစ်တိတိရှိခဲ့ပါပြီ..။မြန်မာပြည်ရှိရာကိုမှန်းစကြည့်ပြန်တော့...ဟိုးအဝေးကတောင်တန်းကြီးတွေက ...ကျမကိုသနားသလိုလို..ပျက်ရယ်ပြုနေသလိုလိုနဲ့ ကြည့်နေကြပြန်တယ်....။စာကြည့်တိုက်အောက်ဘက်ကိုကြည့်မိတော့.....အမြန်တမ်းအလုပ်ရှုပ်နေတဲ့ကားတွေ...ဖုန်းတစ်လုံးနဲ့  ရုံးခန်းထဲမှာအလုပ်များနေတဲ့လုပ်ငန်းရှင်တွေ...အလုပ်ပြီးတာနဲ့ night college ကိုအပြေးသွားနေတဲ့ကျောင်းသူတစ်ချို့ ...caffee ဆိုင်မှာထိုင်နေတဲ့ချစ်သူဆုံတွဲလေးတစ်ချို့ ....သူငယ်ချင်းတွေအဆုံအလင်နဲ့ music သံတွေကြားမှာကခုန်နေတဲ့ လူငယ်တစ်စု...အဲဒါတွေကိုအပေါ်ဆီးကနေထိုင်ကြည့်ပြီး မြန်မာ့ရိုးရာတွေ....ဆွေမျိုးသားခြင်းတွေ...သူငယ်ချင်းတွေကို လွမ်းနေရတဲ့ကျမအတွက်ကတော့...ပျော်ရွှင်မှူရဲ့ အဓိပါယ်ကိုဝိုးတိုးဝါးတားနဲ့ ရှာဖွေနေရတုန်းပါပဲ...။

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: