Jun 1, 2008

ပြသနာတစ်ခုကိုဖြေရှင်းပြီးတိုင်း လူကြီးဖြစ်လာဖို့ 

ဆရာတော်ဦးဇောတိကဆိုတာ ၀ါဂွမ်းသိပ်ကိုလေးစားရတဲ့ ဆရာတော်တစ်ပါးပါပဲ
ဝါဂွမ်းဆီမှာ ဆရာတော် ဦးဇောတိကရဲ့  အခွင့်ရေးနှင့် တာဝန်ဆိုတဲ့ စာအုပ်လေးတစ်အုပ်ပဲရှားရှားပါးပါးရှိတာ....
အထူးသဖြစ်တော့ ၀ါဂွမ်းစိတ်ဓါတ်တွေကျနေချိန် ...တစ်စုံတစ်ခုကို အလိုမကျဒေါသထွက်နေတဲ့အချိန်တိုင်းမှာ ..ဆရာတော်ရဲ့ တရားစာအုပ်လေးကို ဖတ်ဖြစ်ပါတယ်...အဲဒါကလည်းဆရာတော့်တရားစာတွေက၀ါဂွမ်းစိတ်တွေကို တည်ငြိမ်မှူဖြစ်စေခဲ့လို့ ပါပဲ...၀ါဂွမ်းဖတ်ဖူးသမျှတွေထဲက တချို့ တလေကို ၀ါဂွမ်းသူငယ်ချင်းတွေလည်းဖတ်နိုင်အောင် ဘလော့လေးမှာတင်ပေးလိုက်ပါတယ်....။

...............................................................................

တစ်ချို့ လူတွေက အခက်အခဲမရှိတဲ့ဘ၀မျိုးကိုတောင့်တတယ်။
ဆုတောင်ကြတယ်_အခက်အခဲမရှိတဲ့ဘ၀မျိုးရပါလိုဧ။်တဲ့...။
ဒကာမကြီးတစ်ယောက်ရှိတယ်..တရားဝါသနာပါတယ်။ သူက ဘုန်းကြီးနဲ့ တွေ့ တဲ့အခါ သူ့ ဆုတောင်းလေးကိုပြောပြတယ်....
တပည့်တော်တော့ဆုတောင်းတယ်ဘုရား..။ဖြစ်လေရာဘ၀မှာ လူဆိုးတွေ၊ လူမိုက်တွေ ၊ လူယုတ်မာတွေ၊ နဲ့ မတွေ့ ရပါလိုဧ။်လို့ ဆုတောင်းပါတယ် တဲ့။

ဆုတောင်းလေးကကောင်းပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ မျက်မှောက် ဖြစ်နေတဲ့အခြေအနေကိုကြည့်ပါ။ လူဆိုး၊လူမိုက်၊လူယုတ်မာတွေနဲ့  လုံးလုံးကြီးကင်းလို့ ရသလား။ မရနိုင်ပါဘူး ။ မြတ်စွာဘုရားတောင်မှ အဲဒီဆုတောင်းမပြည့်ခဲ့ပါဘူးနော်။
မြတ်စွာဘုရားကို အပြစ်တင်တဲ့လူတွေ ၊ကဲ့ရဲ့ တဲ့သတွေ ၊ရှိခဲ့တာပါပဲ။ ဘုရားတောင်မပြည့် ခဲ့တဲ့ဆုကို ဘယ်သူကတောင်းလို့ ပြည့်သွားမယ်ထင်တုန်း ။ မပြည့်နိုင်ဘူးနော်။

အဲဒီတော့ အဲလူဆိုး၊လူယုတ်မာ တွေ (သူပြောသလိုပါပဲ ) နဲ့ တွေ့ တဲ့အခါ သူတို့ ဆိုးသလို မိုက်သလို ယုတ်မာသလို ကိုယ်က လိုက်မလုပ်မိဖို့ ကအရေးကြီးတယ်နော်....။
ကိုယ့်ကိုယ်ကို ကိုယ်ပဲ တာဝန်ယူမှရမယ်နော်။ သူတို့ မရှိရင်ကောင်းမှာပဲလို့ တွေးလို့ မဖြစ်ဘူး ။ သူတို့ ကတော့ရှိနေမှာပဲ ။ သူတို့ မရှိတဲ့နေရာ သွားနေမယ်ဆိုရင်တော့ဘယ်မှာသွားနေမှာလဲ ။ အဲလိုနေရာမျိုးဘယ်မှာမ မရှိဘူးနော် ။အဲဒါကြောင့်ကိုယ့်အတွင်းစိတ်ကို ပဲ ပိုပြီးတော့ အသိညဏ်ကြီးအောင် ၊ပိုပြီးရင့် ကျက်အောင် လုပ်နိုင်တဲ့သူ ဖြစ်ရပါလိုဧ။်လို့ ဆုတောင်းမယ်ဆိုရင်တော့ပိုကောင်းမယ်နော် ။

ဘုန်းကြီးလည်း အခက်အခဲမရှိတဲ့ဘ၀ သက်သက်သာသာနေရတဲ့ ဘ၀မျိုး ရပါစေလို့ ဘယ်သူ့ အတွက်မှ ဆုမတောင်းဘူး။ ကိုယ့်ဘ၀မှာ ကြုံလာတဲ့အခက်အခဲ တွေကို စိတ်အင်းအားကြီးကြီး ၊ညဏ်အင်အားကြီးကြီးနဲ့  ရင်ဆိုင်ပြီးတော့ ကျော်လွားနိုင်ဖို့ ၊ ပြသနာကိုဖြေရှင်းတဲ့နေရာမှာ အဓိပါယ် ရှိရှိ ဖြေရှင်းလိုက် ပြီးတို်င်းပိုပြီး အသိညဏ်ကြီး တဲ့သူ ၊သဘောထားကြီးတဲ့သူ ဖြစ်လာ ဖို့ ပဲဆုတောင်းချင်ပါတယ်။

ကိုယ့်တစ်ဦးတည်း အဆင်ပြေဖို့ မဟုတ်ဘူး အားလုံးအတွက် အဆင်ပြေသွားအောင် ပြသနာကို ဖြေရှင်းပေးဖို့ လိုသေးတယ်နော်။
ပြသနာတစ်ခုကို ဖြေရှင်းပြီးတိုင်း ဖြေရှင်းပြီးတိုင်း ပိုပြီးတော့အသိညဏ် ကြီးတဲ့သူ သဘောထားကြီးတဲ့သူ ဖြစ်လာဖို့ ။လူကြီးဖြစ်လာဖို့ ။ပြသနာဟာ လူတစ်ယောက်ကို ပိုပြီးတော့ လူကြီးဖြစ်အောင် စမ်းပေးတဲ့ စာမေးပွဲနဲ့ တူပါတယ်။ပြသနာတွေအခက်အခဲတွေဆိုတာ ပညာရဖို့ နဲ့  အသိညဏ်ကြီးဖို့ ရာ အတွေ့ အကြုံတွေပါပဲ။ အဲဒီအတွေ့ အကြုံတွေမရှိရင် အဲဒီပညာမရနိုင်ဘူး ၊အဲဒီ အသိညဏ်စိတ်ဓါတ်မျိုးမရနိုင်ဘူး ၊ရင့်ကြတ်တွေမရနိုင်ပါဘူး ။

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: