Jun 22, 2008

ရီနေဆန်ခေတ်

ဥရောပတိုက်မှာ ရီနေဆန်ခေတ်ဆိုတာ ရှိခဲ့တယ်...။ အဲဒီရီနေဆန်ခေတ်မှာ အထူးသဖြင့် အကြောင်းအကျိုး ဆင်ခြင်မှူ တဖန်မွေးဖွားပေးခြင်း ဆိုတာဖြစ်ခဲ့တယ်..။ အကြိးု အကြောင်းအကျိုးဆင်းခြင်မှုနဲ့ အသိညဏ် လွပ်လပ်မှူကြောင့် သိပ္ပံ ပညာ ဆိုတာ မွေးဖွားလာခဲ့တာဖြစ်ပါတယ်...။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဘ၀ ကိုယ်ဖန်တီးတဲ့ဝါဒ မွေးဖွါးလာတယ်..။လွတ်လပ်မှုမွေးဖွားလာတယ်...။

မြန်မာပြည်မှာရီနေဆန်ခေတ်ရှိခဲ့သလား?...

မြန်မာပြည်မှာ ဟိန္ဒူဝါဒလွမ်းမိုးမှုကြောင့် ဗေဒင် ယတြာ ယုံကြည်မှု ဟာအားကောင်းလာတယ်..။ အခုဆိုပိုတောင်အားကောင်းလာတယ်လို့ ထင်ပါတယ်...။ ဘာဖြစ်လို့ လဲ။ လူတွေဟာ အကြောင်းအကျိုး မှန်မှန်ကန်ကန် မဆင်ခြင်နိုင်တော့ဘူး ။ ကိုယ့်အားကိုယ်မကိုးနိုင်တော့ဘူး။ ဒါကြောင့်ကိုယ်မသိတဲ့ စွမ်းအားတွေကို မျက်စိမှိတ်ယုံကြည်လာကြတယ်။ ကိုယ့်အသိညဏ်နဲ့ ကိုယ့်ဘ၀ကို အဆင်ပြေအောင် ဖန်တီးနိုင်တယ် လို့ မယုံတော့ဘူး.။ အဲဒါအမှောင်ခေတ်ကို ယောက်နေတာပဲ...။

အယူသည်မှု ဟာအသိညဏ်ကို အမှော်ချနေတာပဲ။ သဘာဝမကျမှုတွေကို ယုံနေတာ အသိညဏ်ကို အမှောင်ချနေတာပဲ..။ သဘာဝမကျတာတစ်ခုကို ယုံလိုက်ရင် နောက်ထပ်သဘာဝမကျတာတွေ က တန်းစီပြီး ၀င်လာတော့မှာပဲ ။ အသိညဏ်တံခါး မရှိရင် အယောင်ဆောင်တွေ လွတ်လွတ်လပ်လပ်ဝင်လို့ ရပြီ...။
တကယ်တော့ ကိုယ့်အသိညဏ်ကလွဲ ပြီး အားကိုးစရာမရှိပါဘူး။

အတ္တာဟိ အတ္တေနော နာထော
မိမိသည်သာလျှင် မိမိအားကိုးရာ အားထားရာဖြစ်၏

ဆိုတာကိုမယုံကြဘူး တခြားမှာအားကိုးစရာတွေလိုက်ရှာနေကြတယ်..။ ကိုယ့်ကိုယ်ကိုကိုယ် မယုံတဲ့သူ အားမကိုးတဲ့သူ ဟာ သတ္တိရှိတဲ့သူ မဟုတ်ဘူး ။ သတ္တိရှိရင် ငါ့ကိုယ်ငါယုံတယ် ငါ့ကိုယ်ငါအားကိုးတယ် ။ လို့ ရဲရဲပြောလို့ ရပါတယ်...။

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: