Jun 28, 2008

စိတ်ကူးနဲ့ လက်တွေ့ ဘဝ



ငြိမ်းအတွက်တော့ စိတ်ကူးနဲ လက်တွေ့ ဘ၀ကတကယ်တန်းတော့တခြားစီပါပဲ...။ငြိမ်း ၁၀ တန်းတက်တုန်းက တက္တသိုလ်ကျောင်းတော်ကြီးနဲ့ ပါသတ်ပြီး အများကြီး စိတ်ကူးတွေယဉ်ခဲ့ဘူးတယ်..။သူငယ်ချင်းတွေနဲ့  တက္တသိုလ် ရင်ပြင်မှာ ပြန်တွေ့ ကြမယ်ပေါ့လေ... အများကြီးပါပဲ.....။ဒါပေမဲ့ တကယ်တမ်းလက်တွေ့ ကြတော့ ဖြစ်မလာခဲ့ပါဘူးလေ....။ ငြိမ်း ၁၀ တန်းစာမေးပွဲ ဖြေခါနီးကျတော့ ဖေဖေကလှမ်းခေါ်တာနဲ့ ငြိမ်းတို့ မိသားစု နိုင်ငံရပ်ခြား ကိုထွက်ခွါခဲ့ရတယ်.....။ အဲဒီနောက်က စပြီး သူငယ်ချင်းတွေနဲ့အဆက်အသွယ်ပြတ်သွားလိုက်တာ ဒီနေ့ ထက်ထိဆိုပါတော့....။ ဒီရောက်တော့ငြိမ်းအထက် တန်းကျောင်း ပြန်တက်ဖြစ်တယ်ဆိုပေမဲ့ သူငယ်ချင်းတွေနဲ့ အဝေဆုံးမှာ.....။အထက်တန်းအောင်ပြန်တော့ လည်း တက်ခွင့်ရခဲ့တာက စိတ်ကူးထဲက သူငယ်ချင်းတွေအများကြီးနဲ့ ပျော်စရာတက္တသိုလ် စိမ်းလန်းနေတဲ့သစ်ပင်ကြီးတွေကြားက ကျောင်းတော် မဟုတ်တဲ့ ဘ၀ကိုလေးနက်စွာ ဖြတ်သန်းနေကြတဲ့ နိုင်ငံကြီးသားလူတွေကြားက school and work ဆိုတဲ့ စာကား ၂လုံးကို စိတ်ထဲစွဲနေအောင် ပုံသေထည့်ပြီး မနက်ဖန်ပေါင်းများစွာထဲ က အနာဂါတ်တစ်ခုကို ရည်မှန်းပြီး အလုပ်နဲ့ ကျောင်းအချိန်မှီအောင် သွားနေရပြန်ပြီ.....။ တကယ်တန်းတော့ ဘ၀ ဆိုတာ က စိတ်ကူးယဉ် မှု တစ်ခုတည်းနဲ့ ဖြတ်သန်းလို့ မရနိုင်တဲ့ လက်တွေ့ အဆန်ဆုံးအရာပါလားလို့ ..............။

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: