Jul 3, 2008

ဘ၀ဆိုတဲ့ကျောင်း


ဘာတွေရေးရမလဲစဉ်းစားနေတာ... ခံစားချက်တွေ ရေးမယ်ဆိုရင်တော့ တစ်နေ့ လုံး တစ်ညလုံး ရေးလို့ ကိုကုန်မှာ မဟုတ်ဘူး.... ကြာရင် ဖတ်ရတဲ့ သူတွေတောင် မောသွားမှာ စိုးရတယ် ..(လျှောက်ပြောနေတာ)... စာဖတ်တဲ့သူတွေလည်း ဗဟုသုတလေးရ တဲ့စာမျိုးလေးတွေလဲ ရေးချင်တာနဲ့ တင်လိုက်ပြီနော်... တရားတော်တစ်ခု............
*********************************************************************


လူရယ်လို့ ဖြစ်လာရင် သူ့ မှာဘ၀တစ်ခုကို ပိုင်ဆိုင်ရပြီ.. ဒီဘ၀ထဲကနေပဲ သင်ခန်းစာတွေအများကြီး ဆည်းပူးရလိမ့်မယ်။ ဘ၀လို့ ခေါ်တဲ့ စာသင်ခန်းမရှိ၊ သင်ရိုးညွန်းတမ်း သတ်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ သင် နေ့ စဉ် ဘ၀ရဲ့  သင်ခန်းစာတွေကို ရရှိလာလိမ့်မယ်။ အဲဒီလူကလည်း သတိနဲ့  ဥာဏ်နဲ့ နေတတ်မှ ဘ၀ထဲက လေးနက်တဲ့ သင်ခန်းစာကိုရမယ်။ ပေါ့ပေါ့တန်တန်နဲ့  အမှုမဲ့အမှတ်မဲ့ နေသွားတဲ့ လူအဖို့ တော့ အသက်တွေသာကြီးသွားမယ် စိတ်နေသဘောထား လေးနက်မှု၊ မြင့်မြတ်မှု ဖြစ်မလာဘူး။ ကြုံတွေ့  ရင်ဆိုင်ခဲ့ရသမျှ အဆိုးတွေအတွက်လည်း စိတ်ဓာတ်ကျနေစရာမလိုဘူး.. ဘာလို့ လည်းဆိုတော့ အဆိုးတွေ၊ အမှားတွေ၊ ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဥာဏ်ကိုရလို့ ပဲ။ အမှားကိုသိ အမှားထဲကပညာရပြီး ကိုယ့်အမှားကိုယ် ပြုပြင်နိုင်ဖို့ ပဲလိုအပ်ပါတယ်။ မမှားဖူးတဲ့လူရယ်လို့  လောကကြီးမှာမရှိပါဘူး။ အမှားကင်းဖို့  ကလည်း မလွယ်ဘူး ဒါပေမယ့် အမှားနည်းဖို့ တော့ကြိုးစားသင့်တယ်။ အမှားတစ်ခုကို ထပ်ခါထပ်ခါ မမှားဖို့ ၊ မလုပ်မိဖို့  ပဲလိုပါတယ်။ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် သတိထားကြိုးစားနေတတ်တဲ့သူဟာ ရေရှည်မှာ သူနဲ့ ထိုက်တန်တာ သူရမှာပါ။

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: