Jul 7, 2008

လူတွေဖျက်လို့  ပျက်နေတဲ့ လူမျိုးရေး ၊ဘာသာရေး

လောကမှာ ရှောင်ကြည်သင့် တဲ့ အချက် ၃ ချက်ရှိပါတယ်...
၁။ ။ လူမျိုးစွဲ
၂။ ။ ပုဂိုလ်စွဲ
၃။ ။ဘာသာစွဲ

********
၁။ ကိုယ့်လူမျိုးကိုချစ်ကို သူများလူမျိုးကို မပုတ်ခတ်ပါနဲ့ 
၂။ ကိုယ့်ကို ကိုယ်ချစ်ရင် သူများကို လေးစားပါ
၃။ ကိုယ့်ဘာသာကို ယုံကြည်ရင် သူများဘာသာကို မရှူံ့ ချသင့်ပါ...။
*******
လောကမှာ ရှိနေတဲ့ လူတွေဟာ မိမိတို့ ယုံကြည်ရာကို ကိုးကွယ်နေကြတာပါ....။လူတစ်ယောက်နဲ့ တစ်ယောက် မကြေနပ်လို့ ဖြစ်စေ တစ်စုံတစ်ခုသောအကြောင်းကြောင့်ဖြစ်စေ စကားများကြတဲ့အခါ လူမျိုးရေး ဘာသာရေးတွေကို ထည့်မပြောရင်အကောင်းဆုံးပါပဲ...။
***
ဒီနေ့ ကတော့ငြိမ်းဘ၀မှာ အလွန်မုန်းစရာကောင်းတဲ့ သင်ခန်းစာတစ်ခုကိုသင်ယူလိုက်ရပါတယ်... ဘာလို့ လဲဆိုတော့ လူတစ်ယောက်က ပြောပါတယ်....သူက မြန်မာလူမျိုးတွေနဲ့ မဆက်ဆံချင်ဘူးလို့ ဆိုပါတယ်...ပြီးတော့မြန်မာလူမျိုးတွေ ကိုလည်း ရစရာမရှိအောင်ပြောခဲ့ပါတယ်....။ ဒါပေမဲ့ အဲဒီလူက ဘယ်ကနေလာတာလဲ လို့ မေးရင်တော့ သူလည်း မြန်မာပြည်ကနေလာတာပါ....။ သူကဘယ်သူလဲ ဘာတိုင်းရင်းသားလဲဆိုတာတော့ လူတွေမှာ စောင့်ထိမ်းအပ်တဲ့ ကျင့်ဝတ်တရားတွေကြောင့် ငြိမ်း မပြောပြလို ပါဘူး....။
***
ပထမဆုံး နေနဲ့ ငြိမ်း ဒီလို ပြသနာမျိုးဘာလို့ ဖြစ်ရတာလဲလို့ စဉ်းစားကြည့်တဲ့အခါ ကြတော့ ...လူတစ်ယောက်ချင်းစီရဲ့ အသိတရားနဲ့ ဆိုင်နေပါတယ်....။တွေးခေါ်တက်တဲ့ဦး နှောက်ရှိတဲ့သူနဲ့ မရှိတဲ့သူ အယူအဆဟာ ဘယ်လို နည်းနည်းမှမတူညီနိုင်ပါဘူး....။ ဒါပေမဲ့ အခုလို ဖြစ်သွားရတာ သိပ်ကို ပဲရှက်စရာကောင်းပါတယ်...။ ပြောခံရတဲ့သူထက် ပြောလိုက်တဲ့သူ က ပိုပြီးရှက်ဖို့ ကောင်းပါတယ်...။
***
အခုတစ်လောသတိထားမိလာတာလေးတစ်ခုရှိပါတယ်..။ အဲဒါက ပြည်ပရောက်တိုင်းရင်းသားတွေဟာ နိုင်ငံရပ်ခြားမှာ စည်းလုံးညီညွတ်ရမဲ့အစား တစ်နေ့ ထက်တစ်နေ့ ပိုပြီတစ်ကွဲတစ်ပြားဖြစ်လာပါတယ်...။ အဲဒါဘာလို့ လဲ? ...။ ဒါဟာမဖြစ်သင့်ဆုံအရာပါ...။ကိုယ့်ပြည်ကို ချစ်တယ် ကိုယ့်လူမျိုးကိုကိုယ်ချစ်တယ်ဆို ရင်ဘာလို့ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှူတွေ တစ်နေ့ ထက်တစ်နေ့ နည်းလာတာလဲ ?...။ ဘယ်လူမျိုးမဆို ဘယ်တိုင်းရင်းသားမဆို ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်းရှိတက်ပါတယ်...။ ဒါပေမဲ့ တစ်ယောက် ဆိုးတိုင်း အကုန်းလိုက် ဆိုးကြေးဆိုရင် တော့ မဆုံးနိုင်တဲ့ သံသယာလည်နေကြဦးမှာပါပဲ...။ တကယ်တော့ လူမျိုးတွေကမပျက်ဆီးပါဘူး...လူတွေကသာ ဖျက်စီးနေကြတာပါ...။
***
ဘာသာရေးကရော?... လူတိုင်းဟာ မိမိတို့ ယုံကြည်ရာကို ကိုးကွယ်နေကြတာပါ... ငြိမ်း အနေနဲ့ ပြောရရင်တော့ ငြိမ်းဟာ ဗုဒဘာသာစစ် စစ် တစ်ယောက်ဘာ...ဒါပေမဲ့ ငြိမ်း သူများဘာသာတွေကိုလဲ မယုံကြည်ဘူး လို့ ပြောရမှာကို အရမ်းမုန်းပါတယ်...။ ဘာလို့ လဲဆိုတော့ မိမိယုံကြည်ရာသည် သာ မိမိအားကိုးရာ ဖြစ်လို့ ပါပဲ...။ ဒါပေမဲ့တစ်ချို့ တစ်ချို့ သောလူတွေဟာ ဘာသာရေးကို ခုတုန်းလုပ်ပြီး အမှားတွေကို လုပ်ကြပါတယ်...။လူတိုင်းကို မဆိုလို ပေမဲ့ ၁၀၀ မှာ ၅ ယောက်လောက်တော့ရှိတက်ပါတယ်...။ အဲ ၁၀၀၀ ဆို ရင် ၅၀ ....။ အဲဒီနောက်ဘာတွေဖြစ်လာလဲ? ... ဘာသာရေးက ပျက်စီးစပြုလာမှာပေါ့....။ အဲဒါကြတော့ ယုံကြည်တာလို့ ပြောလို့ မရသလို ကိုးကွယ်တာလည်း မဖြစ်နိုင်ပါဘူး....။ ဒါဟာခုတုန်းလုပ်တာပါ...။ တကယ်တော့ ဘာသာတိုင်း က သူ့ ယုံကြည်ချက်နဲ့ သူ လေးစားစရာကောင်းပြီးသားပါ... ဒါပေမဲ့ အဲဒီဘာသာကို ဖျက်နေတဲ့ အဓိကတရားခံကတော့လူတွေပါပဲ....။
***ံ**********************************************
ငြိမ်းရဲ့ ဒီနေ့ ရလိုက်တဲ့ အတွေ့ အကြုံလေးကနေသင်ပေးလိုက်တာပါ...။

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: