Jul 16, 2008

ဖြစ်မှဖြစ်ရလေ

ငြိမ်းညကအိမ်မက်တစ်ခုမက်တယ်....အိမ်မက်ထဲမှာအလုပ်လုပ်နေတာ... ငြိမ်းရဲ့ case အသစ်လာတဲ့မိသားစုတစ်စုအကြောင်း သွားတွေးမိလို့ အိမ်မက်မက်တာလားတော့မသိပါဘူး....အဲဒီမိသားစုကကောင်မလေး ၂ယောက်နဲ့ .. အကောင်မလေးအဖေနဲ့ အဖိုးရယ်ပါ...။ဘယ်လောက်ထိစိတ်စွဲလဲဆိုရင်... အဲဒီမိသားစုအကြောင်းအိမ်မက်မက်ပါလေရော...။သူတို့ မလာခင်ထဲက သူတို့ Biography တွေက ငြိမ်းဆီရောက်ပြီးသား... ကောင်မလေးအဖေက သွေးတိုးရောဂါရှိတယ်...ဆေးကအဆက်မပြတ်သောက်နေရတာ....။ ငြိမ်းလည်း သူ တို့ biography တွေဖတ်ပြီး သူတို့ လာရင်တော့ ဆေးရုံကိစက အရင်ဆုံးစီဆင်ရမယ်ပေါ့လေ စီစဉ်ထားတာ...။အလုပ်များလားမများလားတော့မသိဘူး...သူတို့ ရောက်တာ တစ်ပါတ်သာကြာသွားတယ် ငြိမ်းအဲဒီကိစကို မေ့နေခဲ့ပါတယ်...။ညကအိမ်မက်ထဲမှာ ကောင်မလေးအဖေက သွေးတိုးထပြီး အိပ်ရာထဲမှာ ဘုန်းဘုန်းလဲနေပါတယ်တဲ့လေ...။ဘယ်ပြောကောင်းမလဲ ငြိမ်းတစ်ယောက် လန့် နိုးသွားတာပေါ့....။ငြိမ်းနာရီကို ကြည့်လိုက်တော့ မနက် 3 နာရီခွဲပဲရှိပါသေးတယ်....။ အိပ်ရာကလန့် နိုးတော့မှပိုစိုးတာပါ....အဲဒီဦးလေးကြီးများခုနေတစ်ခုခုဖြစ်သွားရင်ဆိုပြီးအိပ်မပျော်တော့ပါဘူး...။ ငြိမ်းလည်းလန့် နိုးတဲ့အရှိန်ကြောင့် ရင်တွေ တဖြတ်ဖြတ်တုန်လို့ နေပါပြီ....။ ငြိမ်း သူများတွေအတွက်တွေးပြီးသာပူနေတာပါ... သူများတွေအတွက် အနည်းဆုံး ကျမ်းမာရေးနဲ့ ပါတ်သတ်ပြီး ၁ လ ၂ကြိမ် ၃ ကြိမ်လောက် ကူညီပေးနေရပေမဲ့ ငြိမ်းရဲ့ ကျမ်းမာရေးအတွက် ၁ လ မပြောနဲ့  ( ၇) လတစ်ကြိမ်တောင် ဆေးရုံမရောက်ဖြစ်ခဲ့ပါဘူး....။ အဲအချိန်မှာ ငြိမ်းစဉ်းစားမိတာက အခုနေ အဲဒီဦးလေးကြီး နေမကောင်းဖြစ်ရင် ငြိမ်း အမြန်ပြေးကူညီပေးနိုင်ပေမဲ့.... ငြိမ်းရဲ့ နှလုံးရောဂါကြောင့် ခုနေများရှော့စ် ဖြစ်သွားရင် ဘယ်သူများပြေးလာလေမလဲပေါ့....။

2 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

ThuHninSee said...

case managerလား။
ချီးကျူးပါတယ်ညီမရယ်။ အစ်မ သူငယ်ချင်းလုပ်နေတာကြည့်ပြီး
ရင်မောလွန်းလို့
ပြသနာပေါင်း သောင်းခြောက်ထောင်..
စိတ်ဖိစီးမှုလည်းများသေးတယ်။
ဖုန်းနံပါတ်များပေးမိလို့ကတော့
ညသန်းခေါင် အိပ်မပျော်ရင်တောင်
ဆက်ချင်ဆက်တာ။

ငှက်ငယ်လေး said...

ဟုတ်တယ်မမရေ ဒီကြားထဲ အလုပ်များလို့ ဖုန်းမကိုင်မိရင်တောင် ပြောချင်ကြသေးတာ...။ တချို့ ဆို မနက် မိုးမလင်းသေးဘူး စနေနေ့ ကြီး တခါးလာခေါက်တာက ရှိသေးတယ်...။ ဒီလိုပါပဲမမရယ် အများနဲ့ ဆိုတော့ စိတ်ရှည်ရှည်ထားရတယ်