Sep 10, 2008

စိတ်ချမ်းသာအောင်ဘယ်လိုနေမှာလဲ

လူ့ ဘ၀မှာ ချမ်းသာမှုတွေအများကြီးထဲက အလိုအပ်ဆုံအရာဟာ စိတ်ချမ်းသာမှုပါပဲ...။ ဘယ်လောက်ပဲ ပစ္စည်းဥစ္စာတွေ ကြွယ်ဝချမ်းသာနေပါစေ... စိတ်ချမ်းသာမှုမရှိရင် အဲဒီလူချမ်းသာဟာလည်း အဓိပွါယ်မရှိနိုင်ပါဘူး။တကယ်တော့စိတ်ချမ်းသာမှုဆို တာ မိမိရဲ့ စိတ်မှာဖြစ်ပေါ်တဲ့ တာရှည်ခံတဲ့ ကောင်းတဲ့ခံစားမှုလေးတခုပါ ပဲ။စိတ်တည်ငြိမ်အေးချမ်းမှုဟာလည်းစိတ်ချမ်းသာမှုပဲ။ပိတိဟာလည်းစိတ်ချမ်းသာမှုပဲ။ကျေနပ်တာ၊ ရောင့်ရဲတက်တာလည်းစိတ်ချမ်းသာမှုပဲ။ကိုယ့်ဘ၀ကိုယ် တင်းတိမ်တက်တာလဲ စိတ်ချမ်းသာမှုလေးတခုပါပဲ။ဒါပေမဲ့စိတ်ချမ်းသာမှုကို ငွေနဲ့ ပေးဝယ်လို့ မရပါဘူး...။ဘာကြောင့်လဲဆိုတော့ စိတ်ချမ်းသာမှုကို မိမိရဲ့ စိတ်ကပဲပေးနိုင်လို့ ပါပဲ။ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်မနေနိုင်ရ င် ဘယ်သူမှကိုယ့်ကို စိတ်ချမ်းသာအောင်မလုပ်နိုင်ပါဘူး။

***

၁။ စိတ်ချမ်းသာမှုဟာဘ၀ခရီးအဆုံးမဟု တ်ပါဘူး...စိတ်ချမ်းသာမှုဟာဘ၀ခရီးလမ်း ဒါမှမဟုတ်ဘ၀ ဘ၀နေနည်းလေးပါပဲ။

၂။ စိတ်ချမ်းသာအောင်နေချင်ရင် စိတ်ဆင်းရဲစရာတွေကိုရှာပြီးမပြောပါနဲ့ ။ စိတ်ချမ်းသာစရာကိုရှာတွေးပါ။ စိတ်ချမ်းသာစရာကို ရှာပြောပါ။

၃။ အတိတ်ကဆုံးရှုံးမှုတွေမေ့ထားပြီး အနာဂါတ်အတွက်သာကြိုးစားပါ။

၎။ ကိုယ့်အတွက်စိတ်ချမ်းသာမှု ကို ဘယ်သူမှမပေးနိုင်ပါဘူး၊ ကိုယ့်ဘာသာကိုယ်ရှယူရမှာပါ ။

၅။ သောကဖြစ်နေတာဟာ မနက်ဖန်မှာတွေ့ ရမယ့်ဒုက္ခတွေကိုမပျောက်စေနိုင် ဘူး။ ဒါပေမဲ့ဒီနေ့ ရှိတဲ့အင်အားကို ကုန်ခမ်းသွားစေနိုင်တယ်။

*****************************************

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: