Sep 3, 2008

စကားသုံးခွန်း

တနေ့ ကောင်မလေးနဲ့ ကောင်လေးချစ်သူ နှစ်လမ်းလျှောက်ထွက်ရင်းမှ အိမ်အပြန်


ကောင်မလေး။ ။ ကျမကိုတကယ်ချစ်ရဲ့ လား


ကောင်လေး။ ။အင်းပေါ့


ကောင်မလေး။ ။ကိုယ်တိုင်ပြောတာကို ကြားချင်တယ်


ကောင်လေး။ ။ပြောစရာမှမလိုတာ


ကောင်မလေး။ ။ဘာလို့ မလိုတာလဲ


ကောင်လေး။ ။ဘာလို့ လဲဆိုတော့


ကောင်မလေး။ ။ ကျမ ကိုချစ်တယ်လို့  ကိုယ်တိုင်ပြောတာကို ကြားချင်တယ်


ကောင်လေး။ ။ပြောလို့ မရဘူး


( ကောင်မလေး ၀မ်းနည်းသွားပြီး မျက်ဝန်းထက်မှ မျက်ရည်များဝေ့၀ဲလာသည်)


ကောင်မလေး။ ။ဒါဆို ကျမကို မချစ်ဘူးပေါ့


သူတို့ ၂ တယောက်ကို တယောက် စကားမပြောတော့ပဲ တိတ်စိတ်စွာ အိမ်ပြန်ခဲ့ကြသည်။

ကောင်မလေးအိမ်ရှေ့ အရောက်


ကောင်မလေး။ ။ဘာဖြစ်လို့ လဲဟင်


ကောင်လေး။ ။ မင်းတကယ်ပဲသိချင်တာလား


ကောင်မလေး။ ။ အင်း (၀မ်းနည်စွာဖြင့်)


ကောင်လေး ကသူ့ ချစ်သူကောင်မလေးကို နွေးထွေးစွာဖက်ထားလိုက်ပြီး...ကောင်မလေးရဲ

့ပါးပြင်လေးကိုညင်သာစွာနမ်းလိုက်သည်။


ကောင်လေး။ ။ "ဘာလို့ လဲဆိုတော့ မင်းကို ငါချစ်တဲ့ အချစ်တွေက အဲဒီ စကား သုံးခွန်းထဲနဲ့ မပြည့်စုံနိုင်လို့ ပဲ"

("Three Words" အချစ်ပုံပြင်လေးကို စီလျှော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

2 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

winlatt said...

ကောင်လေး။ ။ဗိုက်ဆာတယ်
ကောင်မလေး။ ။အတူတူဘဲ..သိလား..
ကောင်လေး။ ။ ဘာရှိလဲ..ဟင်
ကောင်မလေး။ ။ထမင်းရေရှိတယ်...
ကောင်လေး။ ။ထမင်းတွေ ဘယ်ရောက်ကုန်ပြီလဲ..(စိတ်တိုတိုနဲ့ပြောသံ)
ကောင်မလေး။ ။ကိုကိုဘဲ မနက်ကစားလိုက်တာလေ..
ကောင်လေး။ ။ထပ်မချက်ဘူးလား..
ကောင်မလေး။ ။ဆန်မှမရှိတာ..
ကောင်လေး။ ။အဲဒါမှ ခက်တာဘဲ..ကဲ ပေး ပေး
ကောင်မလေး။ ။ထမင်းရေကတစ်ခွက်ထဲရှိတာ တစ်ယောက်တစ်ဝက်သောက်မှာ..သိလား ကိုကို...။
ကောင်လေး။ ။ ဟိုက်......

Anonymous said...

တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်.. ကောင်လေးပြောတာ ဖြစ်နိုင်တယ်နော်.. ဒါပေမယ့် ကောင်မလေးဖက်ကကြည့်ရင် ဝမ်းနည်းမှာပေါ့.. သူလည်းကြားချင်မှာပေါ့..း)