Oct 13, 2008

သီတင်းကျွတ်ပီ

သီတင်းကျွတ်ပီဆိုတာ ဘလော့တွေ ဖတ် ဖိုရမ်တွေဖတ်မိမှပဲသိတော့တယ်
သြော် ဘ၀ဆိုတာဒီလိုပဲလားလို့ ညဉ်းညူမိတယ်
အခုပကြည့်လေ ကျောင်းစာတွေ အလုပ်တွေ တရုန်းရုန်းနဲ့ 
သီတင်းဘယ်လကျွတ်လဲတောင်မမှတ်နိုင်တဲ့အဖြစ်

ဘာလို လိုနဲ့ မြန်မာပြည်မှာ သီတင်းကျွတ်ပါပြီ....
ရပ်ဝေးမြေကသူတွေကတော့ အလွမ်းတခုထပ်တိုးခဲ့ပြီပေါ့နော်...
မြန်မာပြည်ကို လွမ်းတယ်..
မီပုံးလေးတွေကိုယ်စီနဲ့ အိမ်လှလှလေးတွေကိုလွမ်တယ်...
ဗျောက်အိုးတွေဖောက်တမ်းက စား ပါဆယ်ဂိမ်းတွေကစားနဲ့ 
ခင်မင်စရာသူငယ်ချင်းတွေကိုလွမ်းတယ်...။
မိသားစုစုံစုံလင်လင်နဲ့ ပျော်ရွှင်ဖွယ်ရာနေ့ လေးကိုလွမ်းတယ်...။
တိုက်တိုက်ဆိုင်ဆိုင်နော်...
အမေရိကန်မှာလည်း Holloween day ဆိုတဲ့သရဲများနေ့ ကိုရောက်တော့မယ်...။
ဒီမှာလဲ အိမ်တွေမှာမီးပုံးတွေကိုယ်စီနဲ့ တူညီပေမဲ့
မတူညီတဲ့ခြားနားချက်ကတော့ အေးချမ်းလှတဲ့ 
မြန်မာပြည်ကမီးပုံလှလှလေးတွေနဲ့ 
ကြောက်မယ်ဖွယ်ကောင်းတဲ့ သရဲရုပ်ပုံတွေနဲ့ America ကတော့
လုံးဝဆန့် ကျင်စွာတည်ရှိနေခြင်းပါပဲ...။

1 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

အလင်းစေတမန် said...

ကျွန်တော်တို့လွမ်းဖို့ချန်ထားဦးနော် အကုန်တော့လွမ်းမပစ်နဲ. ကိုယ်ချင်းစာပါတယ်