Oct 21, 2008

ဘ၀တခုရဲ့ တနေ့ တာ

မိုးရေဆိုရွှဲနေတဲ့ လမ်းမပေါ်မှာ လူတယောက် ခေါင်းငိုက်စိုက်ပြီး လမ်းလျှောက်လျှက်။ ဒီနေ့ လကုန်ပြီး ၅ ရက်နေ့  ဒီတခါအိမ်လစာ မပေးနိုင်လျှင်တော့ အိမ်ပေါ်က ဆင်းရမှာ သေချာပေါက်ပါပဲ...။ လေးပင်တဲ့ခြေလှမ်းတွေ နဲ့ တလှမ်းခြင်းလှမ်းအတက် အိမ်ဝမှာကြိုနေသော လူတယောက်။ ဘယ်သူများရှိဦးမှာလဲ။

ကျနော်အဆင်မပြေခဲ့ဘူး ၊ ကျနော်မှာဒီနေ့  ၁ နာရီ အလုပ်အင်တာဗျူးရှိပါတယ် ..။ အလုပ်ရဖို့ များတယ် ။ ကျနော် အလုပ်ရတာနဲ့ ချက်ခြင်းပေးပါ့မယ်။

အိမ်ရှင်....ဒီလိုနဲ့ ပြောပေါင်းလည်းများပြီပဲ...ငါမစောင့်နိုင်တော့ဘူး

ဒါဆိုကျနော် ဘယ်လိုပ်ရမှာလဲ...ကျနော့်ကို ဒီနေ့ တရက်တော့နေခွင့်ပြုပါ

အိမ်ရှင်....မင်းမှာရွေးစရာလမ်း ၂ ခုရှိတယ် ကြိုက်တာကို ရွေးပါ..။
၁။ မင်းအိမ်လစာပေးပြီးဆက်နေ
၂။ မင်းပစည်းတွေအကုန်ထားခဲ့အိမ်ပေါ်ကဆင်း။ ဒါကတော့ ပြီးခဲ့တဲ့လစာအတွက် သက်သက်ညှာညှာစဉ်းစားပေးတာ။

ကျနော့အ၀တ်အစားတွေတော့ပေးလိုက်ပါဗျာ၊ကျန်တာထားခဲ့ပါမယ်။

အိမ်ရှင်... မင်းကို ၂ လမ်းပေးထားတယ်ကြိုက်တာရွေး၊ ကျန်တာငါနားမလည်ဘူး။

ကျနော့မှာ ဒီညနေ အလုပ်အတွက် အင်တာဗျူးရှိတယ်၊ ကောင်းကောင်းမွန်မွန်အ၀တ်အစားတစုံတော့ပေးလိုက်ပါဗျာ.။

အိမ်ရှင်.... မင်းတို့ ကောင်တွေ ရှုပ်နေတာပဲ သွားကွာ ရော့ဒီတစ်ထည်ယူသွား..။

အိမ်ရှင်ပေးသော အိမ်ကျီ င်္ကို ကျနော် နွမ်းနယ်စွာနှင့်ကြည့်မိသည်...အပြင်မှာနှင်းတွေကျနေသည်...။
ရုတ်တရက် အပေါ်ထပ်မှရန်ဖြစ် သံများထွက်လာသည်။


အိမ်ရှင်...မင်းခနစောင့် ငါသွားရှင်းလိုက်ဦးမယ်၊ ချက်ခြင်းပြန်လာမယ်...။

ပြေးထွက်သွားသော အိမ်ရှင် ကျောပြင်ကို ငေးလျှက် တွေဝေနေမိသည်...။ စားပွဲခုံတွင်တင်ထားတော့ လူရည်သန့် တယောက်ပုံကို ကျနော် ငေးမောကြည့်မိသည်...။ ကျဆုံးသွားပြီးဖြစ်သော အောင်မြင်မှုများ အတွက် နောင်တတခုသာ ကျနော့်မှာရှိပါသည်။ ဘေးတွင် ပွစာကြဲနေသော ကျနော့် အ၀တ်အစားများ ရုတ်တရက် ကောက်ထည့်လိုက်မိသည်..။

အိမ်ရှင်...ဟေ့.. ဟေ့ မင်းဘာလုပ်တာလဲပြန်ချလိုက်စမ်း..

ဟိန်းခနဲ့ မြည်ထွက်လာသော အသံများက ကျနော့်အတွက် မိုးကြိုးတစင်း ပြစ်ချလိုက်သည်နှယ်။ မထူးတော့ပါ ကျနော့် မှာဒီတလမ်းသာရှိပါတော့တယ်။ ကျနော် အ၀မှာ ပိတ်ရပ်နေသော အိမ်ရှင် ကို တွန်းထွက်လိုက်သည်...။

အိမ်ရှင်...ဟေ့ကောင်ခုချက်ခြင်းရပ်...။

အော်ဟစ်ရင်းပြေးလိုက်လာသော အိမ်ရှင်အသံက ကျနော့်နားထဲတွင် ပဲ့တင်ထပ်လျှက်...။

ဆက်ရန်.......



7 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

အင်..

စိတ်ဝင်စားဖို့ကောင်းလိုက်တာ
ဘာလို့ဆက်ရန် လုပ်လိုက်တာလဲ
တိုတိုလေးရှိသေးတယ်..

Anonymous said...

အလုပ်သွားရတော့မှာမို့ ပါး)

Anonymous said...

စိတ်ဝင်စားစရာ ကောင်းတယ်ဗျို့ ..
ဘ၀ သရုပ်ဖော်လေးပဲ
ဆက်ရန်ကို မျှော်နေပါတယ်ဗျာ

နေလင်း said...

ငှက်ငယ်လေးရေ...

အရမ်းဖတ်လို့ကောင်းတာပဲ... ဒါပေမဲ့ ဆန့်တငန့်ငန့် ကြီး.. ဟီး... လာမဲ့ အပိုင်းလေးတွေကို မျှော်နေတယ်နော်...

ကိုနေလင်း

ဇင်ယော် said...

စိတ်ဝင်စားအောင်ရေးပြီး ကောင်းခန်းရောက်မှ တန်းလန်းကြီး ထားခဲ့တယ်ပေါ့လေ။ လုပ်ရက်ပါ့ဗျာ။ မြန်မြန်ရေးပါဗျို.။ ဟဲ ပြီးရင် လက်တို့ ဦးနော်။

ငှက်ငယ်လေး said...

ဒီညဆက်ပါ့မယ်း)

ဇီးကုန်းသာယာ said...

အေးအေး... မြန်မြန်ရေး.. ဘာလဲတိုးလို .. တန်းလန်းကြီး.. မလုပ်ကောင်းဘူးနော်... ဒါပဲ နက်ဖြန်လာဖက် မယ်..း)