Oct 22, 2008

ဘ၀တခု ရဲ့  တနေ့ တာ (၂)

ခပ်လှမ်းလှမ်းရောက် ကျနော်လှည့်ကြည့်မိတော့ သူမရှိတော့ပါ..။ မောဟိုက်လွန်းသည့်အပြင် ဆာလောင်မှုကပါကျနော့ကိုထပ်နှိပ်စက်နေသည်။ ကျနော့လက်ထဲတွင်ပါလားသော ဓါတ်ပုံလေးကိုကြည့်မိသည်။ အခုလမ်းမပေါ်တွေ ထီးမပါလမ်းလျှေက်နေသော ကျနော့် ဓါတ်ပုံပါလို့ ပြောလျှင် အရူးလို့ ပါသတ်မှတ်သွားကြလိမ့်မည်မှာမလွဲ။ လမ်းဘေးတွင်စောင်ပါးပါး လေးတစ်ထည်နှင့် ကွေးကွေးလေး

အိပ်နေသော သူတချို့ ကို ကျနော်ကြည့်မိသည်။ ဘ၀ဆိုတာဒါပဲလား...။

.

ဒေါင်ခနဲမြည်သွားသော နာရီသံစဉ်မှ ၁၂ နာရီထိုးသံက ကျနော့် အတွေးတွေကို လှုပ်နှိုးလိုက်သည်...။ ယနေ့  (၁) နာရီ တွင်ကျနော့ အလုပ်အင်တာဗျူးရှိသည်ပဲ...အလုပ်ရလျှင်တော့ ဘာမှပူစရာမရှိပါ...ရတဲ့လစာလေးနှင့် ချွေတာစားလျှင် ကျနော့် ရပ်တည်ရေးအတွက် သိပ်ပူစရာမလို..။ ဘတ်စ်ကားစီးရန် ကျနော့မှာပိုက်စံတပြားမှမလာသောကြောင့် အလုပ် ရှိရာသို့ ခပ်သွက်သွက်လေး လျှောက်မိသည်။ မျှော်လင့်ချက်လေးရေးရေးကို တွေးပြီး ကျနော် ပြုံးမိပါသည်။ အဆိုးတွေထဲ မှ အကောင်းတခုမဟုတ်လား...။

.

အလုပ်ကိုရောက်တော့ ၂ နာရီထိုးဖို့ ၅ မိနစ်သာလိုပါတော့သည်။ ကောင်တာတွင်ထိုင်နေသော အမျိုးသမီးရှိရာ ကို ကျနော်လျှောက်သွားမိသည်။

.

ကျနော် ၁ နာရီ ချိန်းထားတာရှိတယ် အလုပ်အင်တာဗျူးအတွက် .

.

မျိုးသမီး.....နောက်ဆုံးနာမည်ပြောပါ.

.

........... ပါ

.

အမျိုးသမီး....ခုံမှာထိုင်စောင့်ပါရှင်

.

မဟုတ်ဘူး ကျနော် ၁ နာရီချိန်းထားတာ အခု ထိုးပြီဗျ

.

အမျိုးသမီး....ဟုတ်ကဲ့ထိုင်စောင့်ပါရှင်၊ ပြီးရင်ခေါ်ပါလိမ့်မယ်

.

နာရီကို ကြည့်တော့ ၁ နာရီကျော်ပြီ...။ အခန်းတွင်းရှိသောလူများကို ဝေ့၀ဲကြည့်မိသည်။ ပြီးတော့ လွတ်နေသောနေရာလေးတခု တွင် ကျနော် စိတ်ပျက်စွာ ထိုင်ချလိုက်သည်။

.

စောင့်ဆိုတော့လည်း စောင့်ရတာပေါ့ဗျာ။

.

ကျနော် နှုတ်မှ ထွက်သွားခြင်းပါ၊ ကျနော့ဘေး နားတွင်ထိုင်နေသော အယောက် ၂၀ ခန့် ရှိသောသူများ တယောက်ပြီး တယောက်သာထွက်သွားသည် ...ကျနော့အလှည့်မရောက်သေးပါ။ သက်ပြင်းမောတခုချမိသည်။ ဘယ်တက်နိုင်ပါ့မလဲလေ ကျနော့အတွက် ဒီအလုပ် က မဖြစ်မနေလို အပ်နေသည်ပဲ။ စောင့်ရန်သာရှိတော့သည်။ နာရီကို ကြည့်တော့ ၄ နာရီကျော်ကျော်ရှိပါပြီ။ မနက်တည်းက ဘာမျှလည်းမစားရသေး။

.

အမျိုးသမီး.... ကို.........

.

ကျနော့နာမည်ခေါ်သံကိုကြားလိုက်ရသည်။ ကျနော်တော်တော်လေးပျော်သွားပါသည်။ အလုပ်ရတော့မည်။ ကျနော်မန်နေဂျာ ရှိရာကို ၀မ်းသာအားရ လျှောက်သွားမိသည်။

.

မန်နေဂျာ....မင်းနာမည်ဘယ်လိုခေါ်လည်း

.

..........ပါ။

.

မန်နေဂျာ.....ဟုတ်ကဲ့ ကို.....နေကောင်းလား။

.

ကောင်းပါတယ်ခင်ဗျာ။

.

မန်နေဂျာ.........ခနလေးနော် ကျနော်ရှာလိုက်ဦးမယ်။

.

အ၀တ်အစားသပ်သပ်ရပ်ရပ်နှင့် မန်နေဂျာကို ကျနော် ကြည့်မိသည်။ အရင်က ကျနော့်အတွက် မန်နေဂျာဆိုသည်မှာ ရယ်စရာတခုဖြစ်ခဲ့ဖူးသည်။ အခုတော့ ကျနော် သူ့ ကိုမော့ကြည့်ရသည်။ အပြောင်းအလဲတွေက ကြောက်စရာကောင်းလွန်းလှပါသည်။

.

မန်နေဂျာ....ခင်ဗျားနာမည် ကွန်ပြူတာထဲမှာ မတွေ့ ဘူး။ပထမဆုံးအကြိမ်လာတာလား

.

ခင်ဗျာ

.

မန်နေဂျာ....ဒီထဲမှာစရင်းမရှိဘူးလို့ ပြောတာ

.

ကျနော့်ကို ဒီနေ့ အင်တာဗျူးအတွက် ချိန်းလိုက် လို့ လာတာပါ။

.

မန်နေဂျာ....နာမည်စရင်းတောင်မရှိတာ ဘယ်လိုချိန်းမှာလဲဗျ

.

ကျနော့်တကယ်ပြောတာပါ...။ကျနော့ကို ဒီနေ့  ၁နာ ရီမှာချိန်းထားတာပါ။

.

မန်နေဂျာ....ရော့...ခင်ဗျားဒီ လျှောက်လွှာကို ဖြည့်ပြီး ကျနော့် စီပို့ လိုက်ပါ။

.

သူထိုးပေးသော လျှော်ကလွှာစာရွက် ကို ကျနော် မယုံနိုင်စွာကြည့်မိသည်။ လျှောက်လွှာတင်ခြင်းဆိုသည်မှာ မျှော်လင့်ချက်မရှိပါ....။ အလွန်ကံကောင်းလို့ အလုပ်ရမည်ဆိုရင်တောင် အနည်းဆုံး ၁ လလောက်စောင့်ရသည်ပဲ...။

.

ကျနော့ကို ကူညီပါ။ ကျနော့ တကယ့်ကို အခက်အခဲဖြစ်နေလို့ ပါ။ ပြီးတော့ တကယ်လည်း ဒီနေ့ ချိန်းထားတာပါ သေချာပြန်ကြည့်ပေးပါနော်။ ခင်ဗျားကျနော့နာမည် ပေါင်းတာမှားနေလားမသိဘူး။

.

မန်နေဂျာ.....ခင်ဗျားကြည့်လည်းပြောပါဦး ။ ကျုပ် က မန်နေဂျာတယောက်ပါ ခင်ဗျားနာမည်တော့ ပေါင်းတက်ပါတယ်။

.

အထင်သေးစွာပြောလိုက်သော သူ့ စကားတွေက ကျနော့်နားသို့ သံရည်ပူလို စီးဝင်သွားသည်။ အ၀တ်အစားကို အလျှင်စလို ကောက်ထည့်ထားသော ခပ်စုတ်စုတ် အိတ်ကို ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်မည်။ ထားပါတော့လေ ကျနော့အတွက် အခုအချိန်မှာ အလုပ်တခုထက် ဘာမှ အရေးမကြီးပါ။

.

မန်နေဂျာ....ကျုပ်မှာ အချိန်မရှိဘူး ...ခင်ဗျားကို လုပ်လို့ ရတာ ၂ ခုရှိတယ

။ ဒီလျှောက်လွှာကို ဖြည့်ပြီး ကျနော့ လိပ်စာနဲ့ ပို့ လိုက်ပါ။ အလုပ်ရရင် ခေါ်လိုက်မယ်

၂။ အခြားအလုပ်တခုကို သွားလျှောက်ပါ။ ဒီနော်တို့ ရုံးပိတ်ပြီ...။ ကျေးဇူးတင်ပါတယ်။

.

ပြောရင်းထသွားသော မာန်နေဂျာ ကြောင့် ကျနော် စိတ်အားငယ်သွားသည်။မျှောင်လင့်ချက် တခုဆုံးရှုံး လိုက်ရပြီဆိုသော အသိနှင့် သူပေးသော လျှောက်လွှာ စာရွက် ကို ယူပြီး ကျနော့ ရုံးခန်းကို ကျောခိုင်းလိုက်သည်။ ကျနော့မှာ ရွေးစရာလမ်းတခုသာရှိသည်ပဲ။

(ဆက်ရန်....)

8 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Anonymous said...

ဆက်ရေးပါဦးဗျ.. စိတ်ဝင်စားစရာကောင်းတယ်..

Dr Phyo Wai Kyaw said...

ညီမလေး
အရမ်းကောင်းတယ်
ဝါကျတည်ဆောက်ပုံလေးတွေ
ဇာတ်လမ်းတည်ထားပုံလေးတွေလည်း
ရိုးရိုးလေးနဲ့ဆန်းနေတယ်
လူနေမှုပုံစံ ကိုကြည့်ရတာ တော့ ဇာတ်လမ်းတည်ရှိရာက
မြန်မာပြည်ဟုတ်ဟန်မတူဘူး
ဘာသာပြန်ထားတာလား...ကိုယ်တိုင်ရေးလား
အိုကေ..စိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေဗျား

ငှက်ငယ်လေး said...

ဘာသာပြန်သက်သက်တော့ဟုတ်ဘူး... နာမည်ကြီး
ဝတ္ထု တပုဒ်ကို မှီဝဲထားတာပါ...။အားလုံးတော့မဟုတ် ဘူး။

ငှက်ငယ်လေး said...

ရုပ်ရှင်ကြည့်ဖူးတာကြာပြီ...သနားစရာကောင်းလို့ အမှတ်ရနေတာ...စာရေးချင်စိတ်လေးပေါ်လာလို့ ရေးလိုက်တာပါ။

ဇင်ယော် said...

အင်း ဖတ်နေရင်းက မောလိုက်တာဗျာ။ အပြင်လောကမှာလည်း ဒါမျိုးတွေ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလွယ်တကူ အရှုံးမပေးပဲ စိတ်ဓါတ် ကြံ့ကြံ့ခိုင်ခိုင်နဲ့  ကြိုးစားရင် အောင်မြင်ရမှာပေါ့လေ။

Anonymous said...

ငှက်ငယ်လေးရေ ဇာတ်လမ်းလေးက တစ်ကယ့် ဘ၀ သရုပ်ဖော်ပါပဲ ... ဘ၀ရဲ့ ခါးသီးမှုတွေကိုလည်း တွေ့နေရတယ် ..
အရေးအသား ကောင်းလိုက်တာ ..
နောက်ထပ် ဆက်ရန်တွေကို မျှော်နေပါတယ်ဗျာ

တက်လူငယ် said...

မျှော်လင့်ချက်လေးရေးရေးကို တွေးပြီး ကျနော် ပြုံးမိပါသည်။ အဆိုးတွေထဲ မှ အကောင်းတခုမဟုတ်လား...။

သိပ်ကောင်းတဲ့အတွေးလေးပါလား။ မှန်တယ်ဗျာ။ ဆက်ရေးအားပေးတယ်။
ခင်မင်လျက်
တက်လူငယ်...

ThuHninSee said...

Stuckဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ပြန်ရိုက်ထားတယ်။
http://movies.msn.com/movies/movie-synopsis/stuck.2/