Nov 13, 2008

လပြည့်ည

...........မတ်မတ်အိမ်ရောက်မှ ည က သူခိုးကြီးညဆိုတာ တိရပါရယ်...။ အဲလောက်လေ့လာတဲ့ ကောင်မခရေးပါ။ ဘယ်လောက်ထိရှပ် ပလာနိုင်လဲ ပြောချင်လွန်း လို့ တင်ထားတဲ့ ပို့ စ်လေးပါ အပီးထိဖတ်နော်..။ မဖတ်လို့ ကတော့ လိုက်ပြီးရန်တွေ့ မှာ (အဟီး)....။ ညက အမအိပ်ရာမ၀င် ပြောသွားပါတယ်။ ညလေးရေ ၁၂ နာရီမထိုးခင်နိုးနော် ဒီနေ့ လပြည့်ညလေ ဆုတောင်းကြမယ် ။ ဟုတ်ကဲ့ မမ ပေါ့ ဆိုပြီး ဘလော့ဂါပါပဲ ပေါတောတော အကို ကြီးတယောက် နဲ့  ဆက်ကစားနေလိုက်ပါတယ် (အွန်လိုင်းမှာ ပြောတာပါ)။
ဒူလဲတော့ ပြောတော့ ဘူး တော်ကြာလာ ရိုက်နေမှာ စိုးလို့ :P ။
........... ၁၂ နာရီထိုးဖို့  ၁၅ မိနစ်အလို မှာ အမတွေကို သွားနိုးလိုက်ပါတယ်။ ပြီးတော့ ကစားမပြတ်ဘူး ဆက်ကစားနေတာ။ ၁၂ နာရီ ထိုး ဖို့  ၁မိနစ်လဲကျရော အမ ၂ ယောက် က တော့ အပြင်မှာ ဆုတောင်းဖို့ အဆင်သင့် ဖြစ်ပေမဲ့ ညလေးက တော့ ဂိမ်း ရှုံးသွားမှာ ဆိုး လို့ မထနိုင်ဖြစ်နေပါတယ်။ အဲဒါနဲ့ အမ ၂ ယောက်က အော်ခေါ်တာ လာသေးဘူးလား တဲ့။ လာပီ ဆိုပေး ပြေးထွက်သွားတာ မဆုတောင်းလိုက်ရမှာ ဆိုးလို့ ပြေးထွက် ပြီး လက်က အငြိမ်မနေလိုက်ပါဘူး တံခါးကို ၀ုန်းခနဲ ဆွဲ ပိတ် ပြီး လမင်း ကြီးကို သေချာကြည့် လက်အုပ်ချီ ပီး ဆုတောင်းနေလိုက်တာ ဘယ်အပြောကောင်းမလဲ ။
............. ဆုတောင်းလဲပြီးရော နာ့ခြေထောက် က အေးလိုက်တာပေါ့ ငုံ့ ကြည့်တော့ အေးစက်စက် နှင်းရည်တွေ ပေါ်မှာ ညလေး ဖိနပ်မချိပါဘူး။ ဘယ်အပြော ကောင်းမလဲ အမရေ အေးလိုက်တာ ဆိုပြီး တံခါးကို ဆွဲဖွင့်တော့ သော့က အထဲမှ ကျန်ခဲ့ပီး တံခါးကြီးက သော့ခတ်ထားပါတယ်။ အဲဒါနဲ့ သုံးယောက်သား ပြူတင်းပေါက်လိုက်ရှာတာ ပြူတင်းပေါက်တွေ ကလည်း အကုန်လုံးပိတ်ထားပါရယ်။ ညလေးကတော့ အေးတာမှ ဘယ်အပြောကောင်းမလဲ ၀တ်ထားတဲ့ အကျီ င်္ကလက်ပြတ် ၊ ဖိနပ်ကလည်း မပါ စဉ်းစားသာကြည့်ပါတော့။လူကြီးတွေကို လည်း နိုးရဲဘူးလေ ။သုံးယောက်သား ဘယ်ချောင်က ၀င်ရင် ကောင်းမလဲ ဟိုချောင်း ဒီချောင်းပေါ့။ အခုမှ သူခိုးကြီး ည လေးဆိုပြည် သွားတယ် ထင်ပါရဲ့ :P ။
.................। ကြာကြာ နေရင် ငှက်ကလေး ကနေ စာခြောက်ရုပ်လေး ဖြစ်သွားနိုင်တာကြောင့် အမကို ပဲ မျောက်ကလေး လုပ်ခိုင်းလိုက်ပါတယ်။ သူလည်း ဘေးခြံတံခါးကို ကျော်တက်ပီး အဖေ့ကို နိုးလိုက်နိုင်သောကြောင့် ငှက်ကလေး စာလေးတွေကို ရိုက်ဖို့ အဲ ဟုတ်ပါဘူး စာလေးတွေရေးဖို့ ဘလော့ကို ကျန်းကျန်း မာ မာ နဲ့ ပဲ ပြန်ရောက်လာပါကြောင်း။ (ပုံပြင်လေးကတော့ ဒါပါပဲရှင် :प)

9 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

WWKM said...

ဟဟဟ ညလေး သူခိုးကြီးည ရဲ့ အမှတ်တရလေးဖြစ်သွားတာပေါ့...
ပျော်ရွှင်ပါစေ။

ချစ်တဲ့
မမ၀ါ

Welcome said...

တော်သေးတာပေါ့၊ အပျော်လွန်ပြီး တစ်ခုခု ဖြစ် မသွားလို့၊ ဂရုစိုက်ပါ.... ပုံပြင်လေးအတွက် ကျေးဇူး ..

http://winzaw-mdy.blogspot.com

Dr Phyo Wai Kyaw said...

;grrr;




ငှက်ပိစိ ရှပ်ပလာမလေး



နာမယ်။

Anonymous said...

ဟယ် သူခိုးကြီးညမှာ ကိုယ့်အိမ်ကိုယ်ပြန်ခိုးဖို့
ချောင်းနေတယ်ပေါ့လေ

ဇင်ယော် said...

ငှက်ရှပ်ပလာလေးရေ သတိလည်းထားဦးဟ။ ငှက်ပိစိကနေ ငှက်ရေခဲရိုက်ဖြစ်တော့မလို့  ကံကောင်းလို့ ။ ဟေဟေ.။

မြတ်သွယ် said...

ဖြစ်မှဖြစ်ရလေ ငှက်လေးရေ အမှတ်တရတော့ဟုတ်ပါရဲ့
အဆော့ကောင်းလို့ဖိနပ်မစီး
ပြာပြာသလဲဆုသွားတောင်းကာ
တံခါးလေးကိုပိတ်
အိမ်ထဲမှာလဲသော့မေ့ရယ်ဆိုပါလားနော်
ခုတော့တော်သေးတာပေါ့နော်
ပုံပြင်လေးကဖတ်လို့ကောင်းရယ်
ဒါနဲ့ ဘာဆုတောင်းလဲ ကျော.... :P

thinzar said...

တူညားအတွက်ရော ချုတောင်းပေးဘူးရား....

မီးတောက် said...

လမင်းကြီးကို ကြည့်ပြီး ဘာတွေဆုတောင်းလိုက်လဲ

ကံကောင်းလို့
အအေးမပတ်တာ.....
တော်သေးတယ်နော်........ကျန်းကျန်းမာမာပဲ
မဟုတ်လား.......

ငှက်ငယ်လေး said...

အဟီးး အခုတော့ အအေးမိပြီးချောင်းတွေ ဆိုးနေပါရယ်