Nov 15, 2008

ရှာတွေ့ ခဲ့ပါပြီ

အမှန်တော့သူခိုးကြီးည က စော့လွန်ပြီး နေမကောင်းလို့  ခွင့်တိုင်မလို့ ဘလော့ကို အရောက် ဆုငွေထုတ်ထားတယ်ဆိုတဲ့ သီတင်းထူးကြောင့် အလွန်တရာမှ စိတ်ဝင်စားပြီး တီတီဒွင်း တို့ အိမ်ကို အပြေးအလွှားလေး သွားခဲ့ပါတယ်..။ ကြောင်းကတော့ ရွာကွမ်းတောင်ကိုင် ပန်းတောင်ကိုင် တွေသာမက တရွာလုံး ခင်မင်ရတဲ့ ကိုကြီးဂျူဝသန်ခေါ်( အန်ထော်နီဝသန်) နဲ့  သူ့ ရဲ့ ချစ်လှစွာသော ဇနီး အသစ်စက်စက်လေး မသီတာခေါ် ( ဖာသီမာအရှာခိုမီနီ ) တို့ ရဲ့ ဝမ်းနည်းစရာ သတင်းလေးတခုပါပဲ။Crying Smiley Pictures, Images and Photos
.............ကြားရတဲ့သီတင်းကတော့ စိတ်မကောင်းစရာပါပဲ မနေ့ ကပဲလေ ကိုကြီး ဂျူဝသန် တအိမ်တက်ဆင်းနဲ့ ရွာကို ပါတ်ပြီးကြွား လိုက်ရတဲ့ မသီတာ လေး ရန်ကုန်မှာပျောက်သွားတဲ့သီတင်းပါပဲ॥။ ညလေး အားကြိုးမာန်တက်နဲ့ ရှာပေးကြပါသေးတယ်။ ဒါပေမဲ့ ရှက်တက်လွန်းတဲ့မသီတာ က မျက်နှာ ကြီးအုပ်ထားတော့ သူ့ ကို ဘယ်သူမှ မမြင်ဖူးလိုက်တာ ဆိုးရွားလွန်းပါတယ်...။ အခုတော့ မကယ်နိုင် မတင်နိုင် ဖြစ်ကြရပီပေါ့။ ကျမလည်း ပထမတော့ ဆုငွေလေးများရမလားလို့ အပြေးသွားတာပါ ။ အဖြစ်မှန်ကို သိတော့ စိတ် မကောင်းအလွန်တရာပဲ ဖြစ်မိပါတယ်။ ဆုငွေမရလည်းနေပါစေ ကျမရှာပေးချင်ပါတယ်။ :P (မရနိုင်တော့မှန်းသိလို့ ပါ)
.............ဒါနဲ့ ပဲ အကြိုးအကြောင်းပြောပြီး ရန်ကုန် မှာ မလည်မ၀ယ် ရှောက် လမ်းခုလတ်မှာပေါ့ ရွှေတိဂုံ အပေါ်မှာ မသီတာနဲ့ ချွတ်စွပ်တူတဲ့ မိန်းခလေး တယောက်ကို တွေ့ လိုက်ရပါတယ်။ ကျမလည်း ၀မ်းသာအားရနဲ့ သွားမေးတော့ သူက မျက်ရည်တွေနဲ့ အခုလို ပြောပြပါတယ်။
.............မသီတာဟာ ဟိုးရှေးဘ၀က ကုသိုလ် ကြောင့် ဒီဘ၀မှာ အလွန်တရာမှ ချောမောလှပသော မိန်းခလေး တယောက် ဖြစ်ခဲ့ပေမဲ့ သက်တမ်းစေ့နေခွင့် မရခဲ့ပါဘူး။ ဒါပေမဲ့ ကံကောင်းစွာနဲ့  ကိုဂျူဝသန် နဲ့ ဖူးစာစုံခဲ့ရပေမဲ့ သူမဟာသက်တမ်းပြည့် ပြီဖြစ်တာကြောင့် ထွက်ခွါ ရတော့မယ့်သူတယောက်ဖြစ်ကြောင်း သူမလာလည်စဉ်ကလ သူမမျက်နှာကို မမြင်ဖူးပေမဲ့ ဖော်ဖော် ရွေရွေ ရှိခဲ့ကြတဲ့ ရွာသူရွာသားတွေကြောင့် သူမပျော်ရွင်ခဲ့ရကြောင်းနဲ့  သူမချစ်လှစွာသော ကိုဂျူဝသန်ကို ဒီအကြောင်းတွေ ဖွင့်ပြောဖို့  ကြိုးစားခဲ့ပေမဲ့ မပြောရက်ခဲ့ကြောင်း၊ ပြောပြီး ညလေးကို ဒီလိုလေးမှာခဲ့ပါတယ်။ နောင်ဘ၀ဆို တာရှိခဲ့မယ် ဆိုရင် သူ မဟာ သူမချစ်တဲ့ ကောင်လေး ဂျူဝသန်ရှိရာ ဒီရွာလေးမှာ ပြန်လည် ကာ ဆုံစည်းကြရပါစေလို့ ဆုတောင်း ဖို့ တံခိုးကြီးလှတဲ့ ရွှေတိဂုံ မှာ နောက်ဆုံးအကြိမ် ဆုတောင်းခဲ့ကြောင်း ပြောကြားပီး သနားစရာကောင်းသော မသီတာလေးမှာ ကျမရှေ့ မှ တဖြည်းဖြည်း တိမ်လွှာလေးတွေ အဖြစ်ပြောင်းလဲပြီး ထွက်ခွါသွားခဲ့ပါတယ်။
(ဟီးး မီးမီးလဲစားချက်ကြည့်တာ )

တီတီဒွင်းရဲ့ မေးလ်မရှိလို့ နာမည်ယူသုံးတာကို ခွင့်ပြုတဲ့အထိ မစောင့်နိုင်ခဲ့သောကြောင့် ညလေးသေသင့်ပါရယ်။ ဒါပေမဲ့ ညလေး မချိရင် ရွာမှာ အလွန်တရာမှ သဘောကောင်း ပြီး ချစ်ချာကောင်းသော ကွမ်းတောင်ကိုင်ယောက် ရော့သွားမှာကို မလိုလားသောကြောင့် သက်သက်ညှာညှာပဲ အပြစ်ပေးပါရို့ cute Pictures, Images and Photosအဟီးး...။ ပြီးတော့ ကိုကြီး ဂျူဝသန်ဟာလည်း ညလေးခွင့်သွားတောင်းတဲ့ အချိန် မသီတာလေးကို လွမ်းပြီး မစားနိုင်မအိပ်နိုင် ခလောခေလော ဖြစ်နေသောကြောင့် မနက် မိုးလင်းတဲ့အထိ မစောင့် နိုင်တာကြောင့် နာမည်သုံးပြီး ဖြစ်သွားတဲ့ အတွက် ညလေးရမဲ့ ဆုငွေကို ညလေးကို မပေးပဲနာ ရွာက သာရေးနာရေးအတွက် ပဲ အသုံးပြုလိုက်ပါတော့ နော် ..။



(ရွာသားအားလုံးပျော်ရွှင်နိုင်ကြပါစေSmiley Pictures, Images and Photos ကွန်မန့် များများရနည်း ကိုတော့ နောက်မှ တအိမ်တက်ဆင်းလည်တောင်းဦးမယ်။ တဆက်တည်းပဲ ညလေးနေမကောင်းလို့ ခွင့်တိုင်လိုက်ပါတယ်)

13 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

thinzar said...

ကွမ်းတောင်ကိုင်လေး
ကျန်းမာရေးကို ဂရုစိုက်...

Anonymous said...

ဌက်ကလေး ကျမ်းမာရေး ဂရုစိုက်
အခုတလော ဌက်ဖလူတွေ ဖြစ်နေတယ်နော်
နေကောင်းအောင်နေနော် စာလေးတွေ များများဖတ်ချင်တယ်

Unknown said...

အော် မ သိ ပါဘူး ကို ရင် ဒဿ နောက် လိုက် သွားတယ် ထင် နေ တာ။ နောက် ဆုံး တော့ သူ က သုဿာန် မှာ သွား အိပ် နေ တာ ကိုး ဗျ။ အ ခု တ လော ခွင့် တိုင် တာ တွေ တော် တော် များ များ တွေ့ ရ တယ်။ ခေတ် ပေါ်ရာ သီ ရောဂါ ဖြစ် မယ်ဗျ။ မြန်မြန် နေ ကောင်း ပါစေလို့ ဆုမွန် ကောင်း ခြွေလိုက် ပါ ရစေ။

Unknown said...

ရေးတတ်ပါပေ့
ငှက်ပိစိရယ်
တို့တောင်
ခပ်လန့်လန့်။

နေကောင်းအောင်နေပါ..ညလေး။

Dr Phyo Wai Kyaw said...

ငှက်ပိစိရေ
အပေါ်က စိုင်းသီ ဆိုတာ
ဘရာဘိုရေးထားတာ
အကောင့် ဆိုင်းအောက်မလုပ်မိလို့
ဆောရီး
ကွန်မန့်များများရတာပေါ့
ဟုတ်လား ဟက်ဟက် :P:P

Welcome said...

သယ်ချင်း (ဂွမ်းဒေါင်ဂိုင်)
ဇာတ်လမ်းလေးက ဒါပါပဲပေါ့။
ကျန်းမာရေးဂရုစိုက်ပါ။

အမြဲအားပေးလျက်
http://winzaw-mdy.blogspot.com

ဗီလိန် said...

ဒါကြောင့် ငှက်လေးကိုဘုရားပေါ်မှာတွေ့လိုက်တာ။ နှပ်ချေးတွဲလောင်းနဲ့ :)

thihanyein said...

အလှတရားပြောသလိုပဲပေါ့ကွယ်...
ငှက်ပိစိဆိုတာ သူခေါ်ခိုင်းတာ ကွယ့်...

WWKM said...

ဟဟဟ ညံ့ညံ့လေး ကိုဝိုင်းနှိပ်ကွတ်နေကြတယ်ပေါ့.
တော်ကြာ ဟိုကောင်လေး အဆိပ်သောက်သေရင်
ဒွတ်ခ.း)

မမ၀ါ

Dream said...

ဟားဟား.. ဒါဆို (သက်သက်နဲ့ညာညာ ညီမနှစ်ယောက်ကို အပျစ်ပေးလိုက်မယ်။ရေရောထားတဲ့ အကျဲမရှိတော့လို့) :P :P hahah

အမိန့်(ဇော်ပိုင်မဟုတ်ပါ)
ကွမ်းတောင်းကိုင်...အော်..မှားလို့ ကွမ်းတောင်ကိုင်
ငှက်ငယ်လေးခေါ် ကျလိကျလိ နားထောင်ရန်...(သီချင်းမဟုတ်ပါ)
အပေါ်က ကွန့်မက် သွားတဲ့ ဦးဦးတွေ
တီတီတွေကို မရယ်မချင်း ဂလိထိုးစေ....
ပုံ /ကွမ်းတောင်ကိုင်
မက်မက်


ဟဲဟဲ... ပီးရင် တော့ အပြစ်ဒဏ်ပေးတဲ့
အနေနဲ့ အာဝါးးးးးး အမြှောက် 1သိန်းယူစေ..
အာဝါးးးးးးးးးးးးးးးးး :P :P

ဂျူဝသန် said...

အော်ငါ့နှယ်.... တစ်ခါတစ်လေ အသဲကွဲပြလိုက်တာ...ဘယ်လိုပြန်ဆက်ရမှန်းတော်မသိတော့ပါလား..

ငှက်ငယ်လေး said...

အဟီး ပြီးရင် အပေါ်က အကိုကြီး အလှ၁၀၀ ချိတေးတယ် တူ့ ကို တော့ သက်သက်ညှာညှာ စဉ်းစားပေးလို့ မရဘူး ဒန်ဒန်

မြတ်သွယ် said...

ငှက်ပိစိဆိုပါလား ...
ကွမ်းတောင်ကိုင်လေး
ရေးထားတာလေးက သနားစရာလေး
ကျန်းမာရေးဂရုစိုက်နော်
ဂလိထိုးစရာလိုပါဘူးကွယ်
ယားတတ်လို့ ဂလိမထိုးနဲ့တော့နော်
ငှက်ငယ်လေးက လိမ္မာပါတယ်နော့်