Nov 17, 2008

မှတ်တမ်း

ဒီစာလေးကို ရေးရင်ကောင်းမလား မရေးရင်ကောင်း မကောင်းစဉ်းစားနေခဲ့တာပါ။ မြန်မာ စံတော်ချိန် တနင်္ဂနွေနေ့  မနက် ၄ နာရီ ၊ ၁၅.၁၁.၂၀၀၈ မှာ ငြိမ်း(ငှက်ငယ်လေး) ရဲ့ ဖွားဖွား မြန်မာပြည်မှာ ပဲဆုံးပါသွားခဲ့ပါတယ်။ငြိမ်း ဖွားဖွားက မြန်မာပြည်မှာ ဆုံးပါသွားခဲ့တာဆိုတော့ ငြိမ်း တို့ နောက်ဆုံးအကြိမ်လေးတောင်မြင်ခွ င့်မရခဲ့ပါဘူး။
.................... ဖွားဖွားရဲ့ ကြွေးကျေးဇူးတွေ က အများကြီးရှိခဲ့ပါတယ် ။ ငြိမ်း ၃ နှစ်သမီးလောက်ထည်းက ငြိမ်းဖေဖေ က ငြိမ်းတို့ နဲ့ အဝေးဆုံးတနေရာမှာ ရှိနေခဲ့တဲ့ အချိန် မေမေက လည်း သူ့ အဖေဖြစ်တဲ့ အဖိုးကို အလုပ်ကြွေးပြုဆုနေချိန် တွေ မှာ ငြိမ်းဖွားဖွားနဲ့ ပဲ ငြိမ်းနေခဲ့ရတာပါ...။ ကျောင်းတက်လည်း ကျောင်းမှာ မျက်နှာမငယ်အောင် ဖွားဖွား မုန့် ဖိုး ဆိုရင် ၂ ခါပြောစရာမလို ခဲ့ပါဘူး...။ ငြိမ်းက လူငယ်ဆိုတော့ အဲတာတွေကို နားမလည်ခဲ့တာလားတော့မသိဘူး ။ ဖွားဖွားမရှိတော့မှ ဖွားဖွားရဲ့ ကျေးဇူးတွေကို ပိုပြီး တန်ဖိုးသိလာခဲ့ပါတယ်॥။15।11।20 08 တနင်္ဂနွေနေ့  ၁ ရက်နေ့ မှာ ကျင်းပခဲ့တဲ့ ဖွားဖွားရဲ့ ဈာပန ကို ငြိမ်းတို့ ဖုန်းထဲကပဲ ကြားခွင့်ရခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီနေ့ ဟာ ငြိမ်းညီမငယ်လေးရဲ့  မွေးနေ့ ပါ။ ငြိမ်းထက်ပိုပြီး ငြိမ်းဖေဖေက ခံစားရမှာပါ။ ဒါပေမဲ့ လူကြီးတွေပြောသလို ဆိုရင်တော့ တရားနဲ့ ပဲ ဖြေကြရတော့မှာပေါ့နော်...။ ဖွားဖွား က အသက် ၈၅ နှစ်နီးပါးရှိပါပြီ॥နောက်တနေ့ နံနက်မှာ ပဲ ငြိမ်းတို့ အိမ်က စွမ်းချက်ပီး အာရုံစွမ်းကပ်လျှူခဲ့ပါတယ်။ဖွားဖွားကောင်းရာသုကတိလားပါစေလို့ ငြိမ်းလည်းဆုတောင်းပေးလိုက်ပါတ ယ်။ လူတယောက်ရဲ့ တန်ဖိုးကို သူမရှိတော့မှ သိတယ်ဆိုတဲ့ စကားကသိပ်ကို မှန်ပါတယ်။
......................ငြိမ်းမှာ ချင်တာက "မိဘနဲ့ သားသမီပဲဖြစ်ဖြစ် ၊ အဖိုးအဖွားပဲဖြစ်ဖြစ်၊ ညီအကို မောင်နှမပဲဖြစ်ဖြစ် သူတို့ ရှိနေစဉ်ကာလမှာ သူတို့ တန်ဖိုးကို သိအောင်ကြိုးစားကြပြီး ကျေးဇူးဆပ်ကြပါလို့ ။"

PS: ဒီစာလေးကို ရေးရတဲ့အကြာင်းကတော့ ဖွားဖွား နဲ့ ပါတ်သတ်ပြီး မှတ်တမ်းလေး တခု ထင်ကျန်စေ့ချင်လို့ ပါ။
..................................
"လောကရဲ့ မိခင်"
သူမဟာ လောကအတွက်အသက်ပေါင်းများ စွာ
ကယ်တင်ခဲ့သူ တဦးဖြစ်ခဲ့တယ်။

သူမဟာ သားသမီး (၇) ယောက် အတွက်
တာဝန်ကျေတဲ့ မိခင်တယောက် ဖြစ်ခဲ့တယ်။

သူမဟာ မြေးပေါင်း မြောက်များ စွာအတွက်
ကျွေးမိခင် ဖြစ်ခဲ့တယ်။

သူမဟာ ကျမအတွက်
ကမ္ဘာမြေရဲ့ အလင်းစက် တခုဖြစ်ခဲ့တယ်။

သူမဟာ အတ္တဆို လို့ 
သား၊ သားမီးကို ချစ်တဲ့အတ္တ
မိသားစု ချစ်တဲ့ အတ္တ
မြေးတွေ ကို ချစ်တဲ့ အတ္တ က လွှဲ ပြီး
အတ္တ မြူတမှုံ မျှ မရှိခဲ့သူ တစ်ဦး ဖြစ်ခဲ့တယ်။

သူမရဲ မေတ္တာ ဟာ
သားသမီးတိုင်း အတွက် စံနမူနာ ဖြစ်မှာပါ။

သူမရဲ့  စေတနာ ဟာ
သားသမီးတိုင်း အတွက် ပေးဆပ်ခြင်း သက်သက်ပါပဲ။

သူမ ရဲ့ ဂရုဏာ တွေ အတွက်
အနာဂါတ်မှာ သမိုင်းတခု ထင်ကျန်ခဲ့မှာပါ။
...............
PS: " သူမဟာ လောကအတွက်အသက်ပေါင်းများ စွာ ကယ်တင်ခဲ့သူ တဦးဖြစ်ခဲ့တယ်။ "
လို့ ရေးရတဲ့ အကြောင်းကတော့ ဖွားဖွားက သားဖွား ဆရာ မ အပြာဝတ်ပါ။ သူ ကျောင်းပီးကတည်း က လုပ်ခဲ့တဲ့ အသက် မွေးဝမ်းကြောင်းအလုပ်တခုပါ။ ညလေးကို လည်း ဖွားဖွား ကိုယ်တိုင် လောက ထဲ ကို ခေါ်လာခဲ့တာပါ။
(ဖွားဖွားအတွက် မှတ်တမ်းတင်ကဗျာ)

12 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

ညလေး

ထပ်တူ ထပ်မျှ ၀မ်းနည်းကြောင်းကို
ထပ်ပြီးမပြောလိုတော့ပါဘူး
"မိဘနဲ့ သားသမီပဲဖြစ်ဖြစ် ၊ အဖိုးအဖွားပဲဖြစ်ဖြစ်၊ ညီအကို မောင်နှမပဲဖြစ်ဖြစ် သူတို့ ရှိနေစဉ်ကာလမှာ သူတို့ တန်ဖိုးကို သိအောင်ကြိုးစားကြပြီး ကျေးဇူးဆပ်ကြပါလို့ ။"

အဲဒီအမှာစကားလေးအတွက်
ဂုဏ်ယူဝမ်းမြောက်ကြောင်း
ကျေးဇူးတင်ကြောင်း
ကုသိုလ်တွေ အများကြီးရသွားတဲ့ ပိုစ့်လေးဖြစ်တဲ့အတွက်
သာဓုခေါ်သွားကြောင်း
ပြောပါရစေ။

Dr Phyo Wai Kyaw said...

ကဗျာကိုထပ်ခံစားသွားတယ်ညလေး။

ဖြိုးဝေတိုး said...

မမငြိမ်းရေး
စိတ်မကောင်းစရာပဲ။
၈၅ဆိုတော့ကြီးရောပေါ့။
အမှာစကားလေးအတွက် ကျေးဇူးတင်ပါတယ်။
လူဆိုတာတနေ့ခွဲရမှာပဲလေ..ဓမ္မတာပဲလေ...
မျက်စီတမှိတ်၊ ထန်းတဖြတ်တွင်းပဲလေ..
တရားနဲ့ဖြေပေါ့..

မမအဘွားလဲကောင်းရာလားပေစေလို့
ဆုတောင်းပေးပါတယ်နော်
ခင်မင်လျှက်(MoetAin)

မြတ်သွယ် said...

စိတ်မကောင်းပါဘူး ငှက်ငယ်လေးရယ်
ငြိမ်းက အဖွားကိုတွေးခွင့် ရလိုက်သေးတယ်
ပုလဲက အဲဒီအခွင့်အရေးလေးတောင်မရခဲ့ပါဘူး
ခုဆိုလဲ အဖိုးတစ်ယောက်ပဲ ရှိတော့တာ
ဝေးနေရတော့ အဲလိုအဖြစ်မျိုးမဖြစ်ပါစေနဲ့လို့ဆုတောင်းရတာပေါ့
ဟုတ်တယ်
သူတို့နဲ့နီးနီးကပ်ကပ်ရှိနေတဲ့အချိန်မှာ တခါတလေ အဖိုးရဲ့မေတ္တာကိုမသိဘူး
ဝေးနေတော့မှ ငယ်ငယ်တုန်းက အဖိုးရဲ့အကြင်နာတွေကို ပြန်သတိရတယ်
တရားနဲ့ဖြေပါ ငြိမ်းရယ် ခွဲရမယ့်အချိန်ရောက်လို့ပေါ့လေ
နော်
စိတ်ချမ်းသာမှုမြန်မြန်ရပါစေနော်

thihanyein said...

လာဖတ်သွားတယ်ညီမလေးရေ...
အဆင်ပြေပါစေကွယ်...

Unknown said...

မိဘနဲ့ သားသမီပဲဖြစ်ဖြစ် ၊ အဖိုးအဖွားပဲဖြစ်ဖြစ်၊ ညီအကို မောင်နှမပဲဖြစ်ဖြစ် သူတို့ ရှိနေစဉ်ကာလမှာ သူတို့ တန်ဖိုးကို သိအောင်ကြိုးစားကြပြီး ကျေးဇူးဆပ်ကြပါလို့ .........
အကိုလည် မိဘနဲ့ ခွဲနေရတာ....
တစ်နေ့ နေ့  ဆိုတာကို စိုးရိမ်စွာနဲ့  စောင့်နေရတာ ပေါ့....အကောင်းဆုံးကျေးဇူးနိုင် ခဲ့မယ်ဆိုရင်တော့ဖြေသာနိုင်မှာဘာ...အရာအားလုံးကိုအတူတူ
မျှဝေခံစာသွာပါတယ်...

ဂျူဝသန် said...

ညလေးရေ... ညီမလေးရဲ့ ကျေးဇူးသိတတ်မှုကို လေးစားပါတယ်ကွာ..။ ကိုကြီးမှာလည်း အဲဒီလိုမျိုးမျိုးဖွားဖွားတစ်ယောက်ရှိပါတယ်.။ အခုကိုကြီးလည်း ဖွားဖွားကို ကျေးဇူးဆပ်နေတယ်ဆိုပါတော့။ ထပ်တူထပ်မျှဝမ်းနည်း ရပါတယ်..... ညီမလေး ငှက်ငယ်ရေ။

Anonymous said...

လောကရဲ့မိခင်ကို...
ရင်ဘတ်နဲ့ခံစားသွားပါတယ်...

Welcome said...

သယ်ချင်း
ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရပါတယ်။
ကျေးဇူးသိတတ်သူလေးမို့ ပိုခင်သွားတယ်။
ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေနော်။

http://winzaw-mdy.blogspot.com

တက်လူငယ် said...

ညလေးရဲ့ စိတ်ဓါတ်လေးက ဒီမှာပေါ်လွင်သွားတယ်။
ပိုပြီးလေးစားရပါတယ်။ စိတ်ကောင်းရှိတဲ့ ကောင်မလေး တစ်ယောက်ဆိုတာ အစောကတည်းက ကြိုသိပါတယ်။

ခင်မင်လျက်...
တက်လူငယ်...

Anonymous said...

ကိုယ်လည်း ထပ်တူထပ်မျှခံစားရပါတယ်.....ငြိမ်းရယ်

Dream said...

ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်..... :(

ဖွားဖွားကောင်းရာ သုဂတိလားပါစေ.. ..