Nov 21, 2008

လက်သည်းဆေးဆိုးမယ်ဆိုရင်

အခုတလော အဆင်မပြေ တာလေးတွေရယ် ၊စိတ်ရှုပ်စရာလေးတွေရယ် ၊ စိတ်မကောင်းစရာလေးတွေရယ်॥နေမကောင်းတာရယ် စုံပြီး ပို့ စ်အသစ် မတင်ဖြစ်တာ ကြာသွားပါပြီ...။ ဒါပေမဲ့ မပျက်မကွက် လာလည်ကျတဲ့ အကို အမ သူငယ်ချင်းတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ညလေးကတော့ မလာလည်ဖြစ်ခဲ့တဲ့အတွက် အတိုးချပြီး လည်ပါမယ်...။ ပြန်ပြီး စရေးမဲ့ ပို့ စ်လေးကတော့ မမ နဲ့ ညီမလေးတွေ အတွက်ပါ...။ လက်သည်းလေးတွေ လှပသန့် ရှင်းအောင် ဘယ်လို ထိမ်းမလည်းဆိုတာကို သိသလောက် တက်သလောက် ပြောပြပေးသွားပါ့မယ်...။ ဒီပို့ လေး ရဲ့ ခေါင်းစဉ်ကတော့ "လက်သည်းဆေးဆိုးမယ်ဆိုရင်" ဖြစ်ပြီး ကဏ္ဍကတော့ " မိန်းကလေးများနှင့် အလှတရား" ဆိုတဲ့ ကဏ္ဍလေးဖြစ်ပါတယ်။ (မှတ်ချက်...အကိုကြီး အလှတရား ကိုပြောခြင်းမဟုတ်ပါ) အဟိကြုံတုန်းလေး နှိပ်ကွပ်လိုက်ဦးမယ် ။ (ခင်လို့ စတာပါ မခင်လျှင်မစ)...။ သြော် ဒါနဲ့ အကိုကြီး ဒီနေ့ ကတော့ အကိုကြီး အလှ၁၀၀ အဲဟုတ်ပါဘူး အကိုကြီး အလှတရား
ရဲ့ ၂၄ နှစ် မြောက်မွေးနေ့ လေးပါပဲ ကြုံရင် သွားလည်လိုက်ပါဦးနော်...။ကိုကြီး အလှတရားက စာမျက်နှာသ စ်စပြီလို့ ပြောလို့  ညလေးလည်း အားကျမခံ ပို့ အသစ်တင်တာပါ ဟီးး။ သြော် ပြီးတော့ မmegumi
နဲ့  ကိုနေလင်းတို့ ကလည်း မွေးနေ့  တရက်ထဲပါပဲ သွားလည်ကြပါဦးနော်...။

...............
ကဲကဲ လက်သည်း ကဏ္ဍ လေးပြန်စရအောင်


အဆင့် ၁။


လက်သည်းပေါ်မှာ ရှိနေတဲ့ ဆိုးဆေးအဟောင်းတွေကို ဖျက်ဆေးနှင့် ဖျက်ပစ်ပါ။ ပြီးတော့ လက်သည်းတွေကို တံစဉ်းနှင့် ဘေးမှ အလယ်ဘက်ဆီကို ခပ်ဝိုင်းဝိုင်း ပုံစံလေးဖြစ်အောင်တိုက်ပါ။

အဆင့် ၂။

လက်သည်းတွေကို ဆပ်ပြာနွေးနွေးထဲမှာ ၂ မိနစ်မှ ၃မိနစ် အထိထားပါ။ လက်သည်းအတွင်း ဘက်မှာ ရှိနေတဲ့ ချေးများနှင့် လက်သည်း ခွံ နူးညံ့လာစေဖို့ အတွက် ဖြစ်ပါတယ်။ ၃ မိနစ်ခန့် စိမ်ထားပြီးတဲ့ အခါမှာတော့ လက်သည်းတိုက် တဲ့ ဘရပ်ရှ် နဲ့ အညစ်အကြေးတွေကို ပွတ်တိုက်ပြစ်ပါ။ အညစ်အကြေးတွေ စင်သွားရင်တော့ နူးညံ့တဲ့ ပ၀ါနဲ့ ခြောက်အောင် သုတ်လိုက်ပါ။

အဆင့်၃။

လက်သည်းဖျက်ဆေးနဲ့ လက်သည်းပေါ်မှာ ကျန်ရှိနေတဲ့ ဆေးရောင်တွေကို ဂွမ်းစပါတ်ထားတဲ့ တုတ်ချောင်းလေးနဲ့ ဖျက်ပြစ်ရပါမယ်။ ဆေးရောင်တွေ နည်းနည်းမှ မကျန်အောင် ဆပ်ပြာရည် နွေးနွေးမှာ တစ်ခါထပ်စိမ်ပြီးနောက် ခြောက်အောင် ခပ်မြန်မြန်သုတ်လိုက်ရပါမယ်။

အဆင့် ၄။

လက်သည်းတိုက် ကရိယာနဲ့ လက်သည်းမျက်နှာ ပြင်ပေါ်ကို ဖြည်းဖြည်းသာသာ လေး ပွတ်တိုက်ပေး ရပါမယ်။ ဒီလို ပြုလုပ် ပေးခြင်းဖြင့် လက်သည်းအောက်မှာ ရှိတဲ့ သွေးလည်ပါတ်မှု ကို ပျံ့ နှံ့ စေပြီး လက်သည်းအရောင်ကို လည်း တောက်ပလာစေပါတယ်။

အဆင့် ၅။

အားလုံးပြီးပြီ ဆိုရင်တော့ မိမိနှစ်သက် ရာ လက်သည်းဆိုးဆေးကို တင်လို့ ရပါပြီ...။ လက်သည်း လေးတွေကို လက်သည်းဆိုးဆေး ဆိုးပြီး အပေါ်က အရောင်တင်ဆီ Gloss ထပ်မံတင်ပေးရင် လှပသေသပ် တဲ့ လက်သည်းများကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

(လက်သည်း ဆေးဆိုး တာကို ၀ါသနာ မပါသော မိန်းကလေးများ အတွက် ကတော့ အဆင့် ၁ မှ ၄ အထိ ပြုလုပ်ပေးခြင်းဖြစ် သန့် ရှင်း လှပသော လက်သည်းများကို ရရှိစေနိုင်ပါတယ်။)




div>

7 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

ပိစိမ
နာမယ်
အကိုတွေအတွက်
တော့မရေးဘူး
နည်းတော့ယူသွားတယ်နော်။

:P :P :P

Unknown said...

ညီ တော် အ လှ တရား က အ မျိုး သ မီး ရ ရင် ဆိုး ပေး ဖို့ ဆို ပြီး နည်းယူ သွား တယ်။ လာ ကြည့် တာ ပါ။ ဒီ မှာ အ လှ ပြင် ဆိုင် တွေ များ ပေ မဲ့ သူ တို့ တွေ ဘယ် လို ဆိုး တာ လဲ ဆို တာ မ သိ ဘူး။ အ ခု တော့ ဗဟုသုတ ရ တာ ပေါ့။

Dream said...

ရေးပေးလိုက် ပိစိရေ.. ဦးရီးတော် လည်း လက်သည်းနီ ဆိုးတော့မယ်တဲ့..အဟားဟား

ဘ၀ပြောင်းမလို့နဲ့တူတယ်.. ဟားဟား

အော်သိပြီး ပိစိမလေး ဒါကြောင့် ဟိုနေ့က နာ့လက်ကို
အသေအချာ ဓာတ်ပုံရိုက်နေတာကိုး..:P :P
ဟိဟိ

thihanyein said...

ဟေ့ဟေ့ ဒို့အတွက်အသုံးမ၀င်ပေမယ့် ဒို့ဇနီးတွေအတွက်
အသုံးဝင်တယ်ဟေ့ မှတ်သားသွားတယ်ကလေးရေ...
ဟဟ

ဇင်ယော် said...

ငှက်ပိစိရေ မရှင်းလို့  လာမေးတာကွ။ လက်သည်းပေါ်မှာ ရှိနေတဲ့ ဆိုးဆေးအဟောင်းတွေကို ဖျက်ဆေးနဲ့  မဖျက်ပဲ တခြားဟာတွေနဲ့ ရော ဖျက်လို့ ရမလားဟင်။ ဥပမာ သံဘရပ်ရှ်နဲ့ တိုက်တာတို့ ၊ ကော်ပတ်နဲ့ စားပြီးဖျက်တာတို့ ၊ သင်နာပုံးထဲ လက်ချောင်လေးတွေစိမ်ပြီး ဖျက်တာတို့ ။ အဟီး မသိလို့  မေးတာ စိတ်ဆိုးပါနဲ့ ။

ငှက်ငယ်လေး said...

အင်းရတော့ ရပါတယ်...ဒါပေမဲ့ သံဘရပ်ရှ် နဲ့ တိုက်ဖျက် ရင် ကျမ်းမာရေးကို ထိခိုက်တယ်လို့ ပြောသံကြားဖူးတယ် ကော်ပတ်နဲ စားပြီးဖျက်တာ ကြာရင် မကောင်းဘူ....သင်နာပုံးဆို တာ ဘာလဲဟင် တိဘူး...။

Welcome said...

ဒို့လူလေးတွေအတွက် မဟုတ်လောက်ပါဘူး နော်။ လက်သည်းနီက မမနဲ့ ညီမလေးတွေ အတွက်....

http://winzaw-mdy.blogspot.com