Nov 24, 2008

ကျမအကြောင်း

ကျမဟာ ကာရံမညီ သံစဉ်မရှိတဲ့
ကဗျာ တပုဒ် သက်သက်ဖြစ်တယ်။

တခါတလေမှာ
လေတွေနဲ့ ကခုန်တယ်

တခါတလေမှာ
နေရောင်တွေ နဲ့ တောက်ပတယ်

တခါတလေမှာ
မိုးတွေနဲ့ အတူ ငိုတယ်

ကျမ အိမ်မက်တွေထဲ မှာ
ကျမဟာ ကျရှုံးသူ သက်သက်ပါပဲ

ခြောက်လှန့် ခြင်းတွေက
ကျမရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပေါ့

ကျမဟာ ရှင်သန်မှုတွေ အတွက် မျှော်လင့်တယ်
သေဆုံးခြင်း အတွက် အသက်ရှင်တယ်
ဘာမှ မရှိခြင်းတွေ ကို ပဲ ခံစားတယ်
ကျမဟာ ဘာမှ မဟုတ်တဲ့ ကဗျာ တပုဒ်ပါပဲ။

13 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Welcome said...

သယ်ချင်း
ကျောက်ရိုင်းလေးတွေ မသွေးဘဲနဲ့တော့ တန်ဖိုး ရှိတဲ့ ကျောက်မြက်လေးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
လူတိုင်းလူတိုင်းမှာ တန်ဖိုးကိုယ်စီ၊ အရည်အသွေး ကိုယ်စီနဲ့မို့၊ ကိုယ့်ကိုယ်ကို အမြဲ တောက်ပနေအောင် ကြိုးစား စွမ်းဆောင်နေရ မှာ သဘာဝပါ။ ကဗျာဆိုတာကတော့ အိပ်ချင် ပြေရေးတာပဲ ကောင်းပါတယ်။
ခင်မင်လျက်
http://winzaw-mdy.blogspot.com

Dr Phyo Wai Kyaw said...

ကောင်းရယ်
ကဗျာလေးက
ညလေးရယ်
ဘာမှမဟုတ်တဲ့ကဗျာလေးကိုက
ကဗျာပဲမဟုတ်လား
လို့...

Anonymous said...

လူတစ်ယောက်
ကဗျာတစ်ပုဒ်နဲ့ တူလေတဲ့အခါ
ရင်ထဲမှာ သိပ်ကိုနုညံ့သိမ်မွေ့ပြီး
လောကကြီးကို ခေါင်းထောင်ကြည့်တိုင်း
အရာရာဟာ အစဉ်အမြဲ လှပသစ်လွင်ပြီး
နုပျိုလန်းဆန်းနေမှာပါပဲ ...
ခြောက်သွေ့နက်မှောင်တဲ့ ဘ၀တွေကနေ
ကဗျာနဲ့ တူတဲ့သူတွေ လွတ်မြောက်ဖို့
ရှေ့မှာ ပျော်ရွှင်ခြင်းဆိုတဲ့ တံခါးလေးတစ်ချပ်က ရှိနေခဲ့တယ် ... ။

WWKM said...

ညီမလေးရေ..ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွား
ရတယ်..ကျေးဇူး။

sait phay yar said...

တော်တာ...ကျမဟာ ဘာမှ မဟုတ်တဲ့ ကဗျာ တပုဒ်ပါပဲ။
အဲဒါလေးကြိုက်တယ်

ဂျူဝသန် said...

ခက်တော့ ခက်ပီ....
ကဗျာတွေရယ်

မသီတာရယ်ကို ကျွန်တော် အရမ်းချစ်တာပဲ။

ကျွန်တော်မျိုးအဲဒီလိုရေးဖူးတယ်လေ..။

ကဗျာ ဟာ ကဗျာ ဖြစ်နေဖို့ပါပဲ ညီမလေးရေ.... သူ့ဟာသူ ဘာဟုတ်ဟုတ်ပေါ့။

Anonymous said...

သေဆုံးခြင်း အတွက် အသက်ရှင်တယ်**
စာသားလေးကောင်းတယ်ကွယ်***

Anonymous said...

ကောင်းတယ်ဟေ့ ညီမလေးကဗျာလေးက

ပေါက်ကွဲတာလား ...ခံစားချက်လေးက

ပေါ်လွင်ပါပေတယ်

ဗီလိန် said...

မိုးရေထဲမှာငိုနဲ့တော့တိတ်တိတ်

မြတ်သွယ် said...

ကဗျာကောင်းလေးဖတ်သွားတယ် ငှက်ငယ်လေးရေ
သေဆုံးခြင်း အတွက် အသက်ရှင်တယ်
ဘာမှမဟုတ်တဲ့ကဗျာဆိုပေမယ့် အဓိပါယ်ရှိပါတယ်
အားပေးသွားတယ်နော်

Unknown said...

မျှော် လင့် ခြင်း တွေ နဲ့ အ သက် ဆက် နေ တဲ့ ခံ စား တတ် သူ ကို လေး စား ပါ တယ်။ ကဗျာ ကောင်း လေး ပါ။

Anonymous said...

ကျမဟာ ရှင်သန်မှုတွေ အတွက် မျှော်လင့်တယ်
သေဆုံးခြင်း အတွက် အသက်ရှင်တယ်
ဘာမှ မရှိခြင်းတွေ ကို ပဲ ခံစားတယ်
ကျမဟာ ဘာမှ မဟုတ်တဲ့ ကဗျာ တပုဒ်ပါပဲ။

ကဗျာလေးက အရမ်းကို လှတယ် ငှက်ကလေးရေ
ဘာကိုမှကို ကိုင်ဆွဲမထားလို့ အတ္တကင်းကင်းလေးနဲ့
လှနေတာ .. ကဗျာကောင်းလေးတွေ ထပ်မျှော်နေတယ်ပါတယ်ခင်ဗျ :P

Anonymous said...

ဘယ်ဆိုးလို့လဲ ကဗျာလေးက ဖတ်လို့ကောင်းသား
နားမလည်တာလေးတခုပဲ ဟိဟိဟိ
စတာနော စိတ်ဆိုးရဘူး