Nov 27, 2008

ကျမမုန်းသော ကျမအကြောင်း ၁၀ ချက်

အခုတလော tag တွေ ကများနေတော့ ငှက်လေးတောင် tag ချင်တာကို အောင့်အီးပြီး စောင့်နေတာ...ဒါပေမဲ့ မမ၀ါ က ဦးတွားပန်ပါပီ... မမ ၀ါက ဦးတော့ ဂျဲဂျယ် tag ထိ ဂျဲဂျယ် ထိတော့ ငှက်လေး လဲ မနေရတော့ ပါဘူး။ အဟင့် ညလေး tag လေးစဖို့ ချန်ထားကြပါဦးနော်... အဟီးး (စတာပါ) tag ဆို တာက ပျော်ဖို့ တော့ ကောင်းသားနော်... tag ပြီးရင်တော့ မန့် များများပေးနော် ဟွန်း....ကဲကဲ ဂျဲဂျယ် တော့မှ ငါ့ မှာ မုန်း စရာ ဘာတွေများရှိလဲလို့  ပြန်စဉ်းစားနေတာ...ချိပါဘူး...ဒီလောက် ချစ်ဖို့ ကောင်းတဲ့ ကောင်မခရေးကို ဟီးး.... ပြောပြမယ်နော် ကိုယ့် ကိုကိုယ် ဘာတွေမုန်းလဲလို့ ...ဒီလိုပါ

  1. အရမ်းအားနာ တက်တဲ့ကိုယ့် ကို ကိုယ် မုန်းတယ် (အားနာလွန်းပြီး ကိုယ်နေမကောင်းရင် မကောင်းပါစေ သူများကို အိပ်ရေး အပျက်ခံ ကူညီတက်လွန်း လို့ ပါ ၊ နေမကောင်းပေမဲ့ လည်း တော်ယုံတန် ယုံ အလုပ် မဖျက်တက်ပါ)
  2. စိတ်ဓါတ် ပျော့တယ် လို့ ပြောလို့ မရပေမဲ့ မျက်ရည်လွယ်လွန်း တဲ့ ကိုယ့်ကို ကိုယ်မုန်းတယ် (တခါတလေ တယောက်ယောက် နဲ့ စကားပြောလို့ ဟိုဘက်က စိတ်မရှည်သလို ပြန်ပြောလိုက်ပြီဆို မျက်ရည် ၀ဲနေ ပြီ ၊ ရုပ်ရှင်ကြည့်လို့  သနားစရာကောင်းရင် လည်း ငိုပါတယ်)
  3. စာမကျက်ပဲ တစိတ်ရှိ အင်တာနက် ပဲ တက်ချင် နေတဲ့ စိတ်ကို မုန်းတယ် (အဟုတ်ပါပဲ)
  4. ဘလော့ရောက်ရင် ကိုယ့် အိမ်ကို တခုဖွင့် သူငယ်ချင်းတွေ အိမ်လည်ဖို့ တခုဖွင့် ၂ ခုဖွင့်ပြီး ... ၁ မိနစ်တခါ refresh လုပ်ပြီး မန့် လေးများရမလား ကြည့်တက်တဲ့ ကိုယ့်ကိုကိုယ် မုန်းပါတယ် (အိမ်စောင့်နတ်တောင် အဲလောက်တာဝန်ကျေပါ့မလား)
  5. အရင်က ဆို လစာထုတ်ရင် ပြစရာမရှိအောင် သုံးတက်တဲ့ ကိုယ့်ကိုယ်ကို မုန်းတယ် (အဲဒါကြောင့် တပါတ်တခါ ဈေးဝယ် မထွက်တော့ ပါ၊ ၁လ တခါသာထွက်ပေမဲ့ အသုံးများဆဲ)
  6. အလုပ်နဲ့ ပါတ်သတ်လို့  သူများတွေရဲ့ ကျမ်းမာရေးကိတွေကို ဂရုစိုက်နိုင် ပေမဲ့ ငှက်လေး မှာရှိတဲ့ နှလုံးအားနည်း ရောဂါအတွက် ဒီနေ့ အထိ ဆေးတခွက် မသောက် ဖူးတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ်။
  7. ခဏခဏမေ့တက်တဲ့ ၊ရှပ်ပလာ နိုင်တက်တဲ့ကိုယ့်ကို ကိုယ် မုန်းတယ်...(ပို့ စ်အသစ်တင်တိုင်း အကိုကြီးအလှတရား စာလုံးပေါင်း ပြင်ပေးရပါတယ်) ဟီးးး...
  8. အစွဲအလမ်း ကြီးလွန်းတဲ့ ကိုယ့်ကို ကိုယ်မုန်းတယ် (လူတယောက်ကို ခင်ရင် စွဲစွဲလမ်းလမ်း ခင်တက်လို့ ပါ)
  9. ခဏခဏ ဖျားတက်တဲ့ ကိုယ့်ကိုကိုယ် မုန်းတယ် (အရမ်းမုန်းပါတယ်)
  10. တနေ့ တနေ့ ငယ်ငယ်ရွယ်ရွယ်နဲ့  အလုပ် နဲ့ ကျောင်း နပန်းလုံးနေရတဲ့ ကိုယ့်ကို ကိုယ် မုန်းတယ် ( မနက် ၉ နာရီမှ ညနေ ၅ နာ ရီအထိအလုပ် ၊ ညနေ ၅ နာရီခွဲ မှ ည ၁၀ နာရီအထိ ကျောင်း) မနားတမ်း ပြေးရလို့ ပါ

...............

ကဲဒီလောက်ဆို ကျေနပ်ရောက်ပေါ့ ဂျဲဂျယ် ရယ်နော့ ။ငှက်လေး tag မဲ့သူတွေကတော့ ကိုတက်လူငယ် နဲ့ မမမေ,ကို အညတြ,ကိုဝင်းဇော်နဲ့  အကိုအလှတရားရဲ့ သူငယ်ချင်း ကိုဥပါသကာတို့ ပဲဖြစ်ပါရယ် အကို ကြီး ဇင်ယော်က တော့ တနားငဲ့ညှာတော အားဖြင့် မ tag တော့ဘူးနော်...ကျန်တဲ့တူတွေက တော့ tag ရေးတောင်ရေးပီးကုန်ပါပြီ
glitter-graphics.com

17 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

ဇီးကုန်းသာယာ said...

မုန်းစရာရှားလို့ ကိုယ့်ကိုကိုယ်မုန်းရလား.... :P
ဘာပဲပြောပြာ ဖက်လို့ကောင်းပါတယ်.. :)
Comments ဦးဆုံးရေးပေးလိုက်ပါတယ်.. :)

Unknown said...

ဂရုတစိုက် ဆေး သောက် ပါ လို့ ပြော ပါ ရ စေ။ အ သက် ငယ် သေး တယ် လို့ မ ထင် ပါ နဲ့။ ကိုယ့် ကို ကိုယ့် အ ထင်ကြီး ပါ။

WWKM said...

ညီမလေးရေ..
ကျန်းမာရေးမကောင်းရင် ကိုယ့်ကိုကိုယ်ဂရုစိုက်ပါနော်။
ညလေးက တစ်မိနစ်တစ်ခါ refresh လုပ်ပြီး comment
စစ်တတ်တယ်ဆိုလို့ မမ တစ်မိနစ်တစ်ခါလာရေးထားမယ်လေ.ဟီးဟီး စတာနော်.
***************
နံပါတ်(၈)က ညီမလေးနဲ့ မမတူတယ်လေ.
အစွဲအလန်းကြီးတတ်တယ်။
အဲဒါကြောင့် မမဘလော့ဂါမောင်နှမတွေနဲ့ အရမ်းမရင်း
နှီးအောင်နေရတာ။ G.talk ဆို လုံးဝမပြောဘူးလေ.
မမ က အရမ်းခင်သွားရင် အရမ်းသံယောဇဉ်ကြီးတတ်
တယ်။ဒါတောင်မှ အခု မောင်နှမတွေနဲ့ တော်တော်ကြီးကို ခင်မိနေပါပြီ။
သံယောဇဉ်ဖြတ်ဖို့တော့ တော်တော်လေးခက်ပါဦး
မယ်ကွယ်။
ညီမလေးရေးထားတာလေးကောင်းတယ်။
ကျန်းမာပျော်ရွှင် အဆင်ပြေပါစေ ညီမလေးရေ။

ချစ်တဲ့
မမ၀ါ

Welcome said...

ဒီကနေကူးချဖို့ ဖတ်သွားတယ် ဟီဟိ....

Http://winzaw-mdy.blogspot.com

sait phay yar said...

တော်တော်လေးတူနေလို့ မရေးတော့ဘူး ဟီဟီ

Dr Phyo Wai Kyaw said...

ငှက်ပိစိကွေး

ဖြောင်း...!!
အဲဒါက ဆေးမသောက်လို့ ရိုက်တာ..
ရှပ်ပလာတာနဲ့ စာမကျက်တာကိုတော့
မရိုက်သေးဘူး(သနားလို့)
သတိပေးရုံပဲ..

ငယ်ငယ်ရွယ်ရွယ် နဲ့ အလုပ်တွေ အများကြီးလုပ်နေရတာကို
ကိုယ်ချင်းစာပါတယ်...
ဘရာဘိုတို့လည်း ဒီသဘောပါပဲ..
မနက်ငါးနာရီ..ကနေ ည ကိုးနာရီဆယ်နာရီအထိ
လေးငါးနှစ် အလုပ်လုပ်ခဲ့၇တာပါပဲ...။

ငယ်တုန်းမို့ပါ..ကျောင်းပြီးသွားရင် ဒီလောက်မလုပ်ရတော့ပါဘူး...အားတင်းထား
ညလေး။

အဆင်ပြေချမ်းမြေ့ပါစ။

မြတ်သွယ် said...

ငယ်လေးရေ ဖတ်ရတာမပြုံးသာမရွှင်သာကွယ်
ကျန်းမာရေးတော့ ဂရုစိုက်ပါ ဟုတ်ပလား
တော်တော်ချစ်စရာကောင်းတဲ့ ကောင်မလေးပဲ
မျက်ရည်လွယ်တာတော့တူ
ဟေ့ ပြိုင်ငိုကျမလား အဟီးးးး
ချစ်လို့ အာာာာာဝါးးးးးးးးးး
ကြိုးစားထားနော် ငှက်ငယ်လေး တစ်နေ့နေ့တော့စံရမှာပေါ့ကွယ်

Anonymous said...

အဟေးဟေး သူလဲတမျိုးတဘာသာပါလားဗျို့

ဂျူဝသန် said...

တော်ပါသေးရဲ့ ငါမပါလို့.... ပါရင်လည်း ဆယ်ချက်နဲ့မလောက်ဖူးလေ။ အချက်နှစ်ဆယ်လောက်တောင် အဓိကလေးတွေ ရွေးပြောရမှာ..။

Dream said...

အဲလောက်တောင်ပဲမုန်းတာလားဟင်.. ဒါကြောင့် မက်မက်က ချစ်နေတာ.. နတ်နတ်ဂို..မက်မက်ဂရှစ်ဒါ... အဟတ်အဟတ်။..
မမုန်းနဲ့နော်.. :P :P

RePublic said...

အသံတိတ်လာဖတ်သွားပါတယ် ညီမ ငှက်ငယ်လေး ၊၊

Anonymous said...

ကျန်းမာရေးတော့ ဂရုစိုက်ပါ ညီမ ငှက်ငယ်လေးရေ
ကိုယ့်ကိုကိုယ်မုန်းတာတွေ မြင်တော့
ပြုံးမိတယ် ...

ခင်မင်စွာဖြင့်

Anonymous said...

ကိုယ့်ကိုကိုယ် မုန်းတယ်လို့ ရေးထားတာ တကယ့်ကို ချစ်စရာလေးပဲ ပုံလေးတွေနဲ့လိုက်လဲ လိုက်ပါ့
ငါ့ညီမလေး ကျမ်းမာပါစေ..

တက်လူငယ် said...

ကျန်းမာရေး ဂရုစိုက်ပါလို့ပဲမှာချင်တယ် ညီမရေ..။ ကွန်ပျူတာမှာ အလွန်အကျွံမထိုင်မိစေနဲ့ပေါ့။ အညောင်းအညာပြေ ခဏနားလိုက် ပြန်လုပ်လိုက်ဆိုရင် ကျန်းမာရေးကို ဆင်ခြင်ရာရောက်ပါတယ်။
(အကို့ကို တခ်ထားလို့လဲ ကျေးဇူးတင်ပါတယ်။ ဖွင့်ချချင်နေတာကြာပြီ။)

Unknown said...

စိတ် နှင့် ကိုယ် နှစ် ပါးစလုံး...
ကျန်းမာ...
ချမ်းသာပါစေလို့ ....
နောင် တစ်နေ့  ကျရင်...
ငှက်ငယ်လေးမဟုတ်ဘဲ....
ငှက်အကောင်ကြီးကြီးဖြစ်ပါစေလို့...
ဒါမအားရှိမှာလေ...
:)

Anonymous said...

ငှက်ငယ်လေးရေ ကျန်းမာရေးတော့ ဂရုစိုက်ဟ
ကျန်တာကတော့ တစ်နေ့နေ့ရောက်ရင် အေးဆေး ဖြစ်သွားမှာ ..
အားတင်းထား အားတင်းထား

ဇင်ယော် said...

ငှက်ပိစိ ကျန်းမာရေးလည်း ဂရုစိုက်ဟ။ ဆေးမသောက်ရင်တော့ အလှ၁၀၀လုပ်သလို နရင်း အုပ်ဖို့ ပဲရှိတယ်။ ငှက်ပိစိကနေ ငှက်ဂေါ်ဇီလာဖြစ်အောင်လုပ်။ ကြားလား။ ကြုံတုန်း ၀င်ဆရာလုပ်သွားတာ။ အဟေး။