Nov 22, 2008

Tom and Jerry

ဟီးးထူး ထူးခြားခြား tag ထိထားတယ် ဆိုလို့ ပြေးကြည့်တာ...ဂျဲဂျယ် ရယ် ပါ ကာတွန်းကားလေးတွေ အကြောင်းပြောပါဆို ပြီး tag ထားလေ ရဲ့ tag အသံကြားရင် အတိတ်ဟောင်းကို သိပ်သတိရတာပဲ...။ ဘလော့ ကို ရောက် ခါစပေါ့ မအူ မလည်ကောင်မလေး လေ...ဟိုအိမ်ရှောက် ကြည့် ဒီအိမ်ရှောက် ကြည့် မျက်စိလေး တ၀ဲလည်လည်ရှိနေ တုန်း အိမ်တအိမ်မှာ tag ဆိုတာလေး သွားတွေ့ ပါတယ် ... ဒီခေါင်း စဉ်က တော်တော်လေးထူးခြား တာပဲပေါ့ ဆိုပြီး အစအဆုံးကို စိတ်ဝင်တစားနဲ့ ဖတ်လိုက်တာ အဆုံး လည်း ကြရော အမကြီး က ရေးထား လိုက်တာများ (၇ ရက်အတွင်း မရေးရင် ဗလ ဗလ....) ဆိုပြီး ....။ အဲတော့ မအူမလည် ကောင်မလေး ဘာဖြစ်တယ်များထင်သလဲ စဉ်းစားကြည့်ပါ။ ခေါင်းစဉ်လေးက စိတ်ဝင်စားဖို့ လည်းကောင်း ရေးချင်စရာ လည်းကောင်းတာမို့  အိမ်ရောက် ရောက် ခြင်း ရေးတော့ တာပေါ့...အဟက်ဟက်...အဲတုန်းက တီတီဒွင်း အိမ်ကို သွားလည် ပြီး လာလည် ပါတယ် ရေးခါစ ပေါ့...ဖြစ်ချင်တော့ အဲဒီ tag ကိုစထားတာ တီတီဒွင်း ရယ်နဲ့ တူပါတယ်...။ ဟယ် ငှက်လေး လဲ tag ထိထားပြီး ဆို ပြီး အာဘွားတွေ လာပေးလိုက်တာ ;kwekwe;.... ပြန်တွေးရင် ရယ် လည်း ရယ် ရတယ် ရှက်လည်း ရှက်တယ် ...အမှန်တော့ ညလေးကို tag ထားတာမဟုတ် ပါဘူး သူတက်ထားတဲ့ လူတွေ နာမည် က လည်း ခပ်ဆန်းဆန်းကိုး ပြီးတော့ သက်သက်ရေးထားတာမဟုတ်ပဲ ပို့ ထဲမှာ ပဲ နာမည်ထည့် ပြီး အရောင်ခြယ်ထားပေးတာ (မှားတဲ့အခါလည်း မှားပေမပေါ့)....။ တော်ပါ ပြီ ပြောရင်းနဲ့ ငိုတောင်ငိုချင်လာပြီ...။
ဂျဲဂျယ် က tag တယ်ဆိုတော့ အရင်တခါလို မလုပ်ရဲတော့လို့ ဒီကနေ့  သူ အိမ်ကို ခေါက်ထပ်မနည်းရောက်ခဲ့ပါတယ်...။ အကြောင်းကတော့ ဂျယ်ဂျဲ တကယ် tag တာရော ဟုတ်ရဲ့ လားဆို ပြီး သွားကြည့်တာ॥။ ဟီးးး...သူက ကာတွန်းကားလေး တွေ အကြောင်း tag ထားတာပါ...။ ကားတွန်းကား ကတော့ အိမ်မှာ ညီမလေး ရှိတော့ ခဏခဏ သူနဲ့ ကြည့်ဖူးပါတယ်...။ စင်ဒရဲလားတို့  ရေသူမတို့  pocahontas တို့ ရယ်ပါ...နောက်ပြီးရှိပါသေးတယ် အများကြီးပဲ နာမည်တွေ တော့ မေ့ကုန်ပြီ...။ ရေသူမ ကားလေးကို တော့ တော်တော်လေး နှစ်သက်ပါတယ်...။ ဒါပေမဲ့ ဘယ်အချိန်ကြည့် ကြည့် မရိုးနိုင် တာကတော့ Tom and Jerry ကားပါ... ငြိမ်းကြိုက်တာ မပြောနဲ့ လေ Tom and Jerry ကားကြည့်ပြီ ဆို ဖေဖေက ရှေ့ ဆုံးက ဖေဖေ့ရယ် သံကြားရင် ညလေး လည်း မနေနိုင်တော့ ပါဘူး॥။ Tom and Jerry ကားလေး ကတော်တော် လေး နှစ် သက်ဖို့ ကောင်းပါတယ်... ကြွက်ခလေး Jerry ကအကောင်လေး သေးသလောက် ဥာဏ်ကောင်းပြီး ချစ်တဲ့သူ လည်း ပေါပါတယ်.။ကြောင်လေးက တယောက်ယောက် ကို ဒုက္ခပေးတော့ မယ် ဆိုရင်လည်း သူကအမြဲ ၀င်ကူနေကြပါ။ ကြောင်လေး Tom ကတော့ ဘယ်တော့ မဆို ကြွက်လေးအလစ် ကို ပဲ ချောင်းနေပြီး ဖမ်းဖို့ ကြိုးစားနေတဲ့သူပါ...။ ကာတွန်းကားလေး က ပညာပေးလည်း ပါသလို ရယ်လည်း ရယ်ရပါတယ်...သဘာဝလည်း ကျပါတယ်။ အကောင်ကြီးတယ် သေးတယ်ရယ် မှ မဟုတ်ဖူး ဥာဏ်ထက်တဲ့ သူက ဘယ်နေရာ မဆို ပိုသာတယ် လို့ ဥပမာ ပြုထားတဲ့ ကာတွန်းကားလေးပါ॥ (အကို ကြီးအလှတရား သေသေခြာခြာ မှတ်သွားနော် ဟီးး...။ သူကညလေး ကို ပိစိ ပိစိ နဲ့ အနိုင်ကျင့်ပေါင်းများလို့ ပါ

Tom and Jerry ကားကတော့ မကြည့်ဖူးတဲ့သူ မရှိသလောက်ပဲ ဖြစ်မှာပါ...။ သူကတော့ အခန်းဆက်တွေ များတာကြောင့် ဘယ်မှာ ဘယ်လို ပြီးသွားတယ်ကို ပြောလို့ မရတာကြောင့် ဘလော့ လေးကို ရောက်တုန်း ပြုံးရယ်နိုင်အောင် ငြိမ်းကြိုက်တဲ့ တဲ့အခန်းလေးတွေကို တင်ပေးလိုက်ပါတယ်॥။




ဂျဲဂျယ်ရေ ဒီလောက်ဆို ကြေနပ်ရောပေါ့နော်း) ။တော်တော်များ များက tag ထားပြီးသားဆို တော့ ငြိမ်းကတော့ မမမေ နဲ့ မမပုလဲ ကို ပဲ tag လိုက်ပါတယ်နော်..။ တစ်ယောက်ထပ်တိုး လိုက်ရယ် နော် အဟီး tag ခံရမှာကြောက်လို့  ကာတွန်းကားမကြည့်တဲ့ အကိုကြီးဇင်ယော် မဲပေါက်သွားပါရယ် ။ ဟီးး(ရယ်မောခြင်းဖြင့် အသက်ရှည်ကြပါစေ)

9 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

ငှက်ပိစိကွေး
၇က်စက်တယ် နာတိတာကိုက
တွမ်းအန်ဂျယ်ရီပဲ သိတာ။
ခင်ညားရေးလိုက်တော့ ကျုပ်ရေးစရာ ရှိတော့ဘူး။
နာမယ်။

ငှက်စုတ်လေးနဲ့
ကြွက်စုတ်လေး နှိပ်စက်တာကို
ချစ်စဖွယ်ကြောင်လေး
ခံနေရရှာတယ်
သနားပါတယ်နော်။

:P :P :P

ဇင်ယော် said...

အင်း ငှက်နဲ့ ကြွက်က ဘော်ဒါတွေဆိုတော့ ကြောင်ရေံခံလိုက်ဦးဟ။ ရယ်ရင်းနဲ့  မောမောနေလို့  အသက်တောင် မနည်း ရှူနေရပါကြောင်း။

ဖိုးဂျယ် said...

ရှဲရှဲပါ ငှက်ငယ်လေးရေ
တော်တော်ချစ်စရာကောင်းမဲ့ ကြောင်လေးနော်
ဒါဆိုလဲ ဖြေးဖြေးရယ်ပါကိုဇင်ယော်ရယ်
ခင်မင်လျှက် ဖိုးဂျယ်

thihanyein said...

ဟေဟေ ကြည့်သွားတယ်ကွယ်

Unknown said...

လာ ရောက် ကြည့် ရှူ ကာ ရယ် မော သွား ပါ သည်။

ဗီလိန် said...

ဟုတ်တယ် ကိုအလှတရား ပြောတာဟုတ်တယ်။ ကြောင်လေး တနားပါတယ်။ ကြောင်လေးလည်း စိတ်ကောင်းရှိပါတယ်နော်။

Anonymous said...

အဟား ဒီမှာလည်း Tom and Jerry တဲ့ အကြိုက်ချင်းတော့ လာတူနေပြီ ညီမငယ် ... ။

ဇင်ယော် said...

ငှက်ပိကျိတော့ လုပ်ပြီဟ။ နာ့ကို ရက်စက်ပြီ။ အေးအေးနေတာ ကြည့်မရဘူးထင်တယ်ဟ။ မကြည့်ဖူးဘူး ပြောတာလဲမရ ဒုက္ခပဲ။ အဟေး လာမယ် ကြာမယ်နော် ကြိုပြောထားတယ် အရှေ.က တက်ဂ်ကြွေးတွေတောင် ဆပ်လို့ ပြီးသေးဘူးဟ။ စောင့်ဦး။ ဒါပဲ ဂလောက်။

Anonymous said...

အော်.... သူလဲအတက်ထိခံထားရသကိုးဗျ။
အိမ်ကတော့ ထိခံထားရပေမဲ့ရေးသေးဘူး ဟိ