Nov 4, 2008

မြန်မာပြည်သို့ ပေးစာ

ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကြားမှနေရပေမဲ့
အိမ်ကျိုအိမ်ကြားက တဲပုတ် ကလေးက
ကျမ ညတိုင်း မက်တဲ့အိမ်မက်ပါ။

ကလေးက အစ " ဟလို " ဆိုတဲ့ နှုတ်ဆက်သံတွေကြားတိုင်း
ရွာ ဦး ကျောင်း ခေါင်း လောင်း သံကြား
မင်္ဂလာပါ နှုတ်ဆက် ဖူးတဲ့ ကျောင်းလေးကို သတိရတယ်။

YOU and I ဆိုတဲ့ စကားနှစ် လုံး မဖြစ် မနေပြောနေရပေမဲ့ 
ခေါင်းငုံ့  လက်ပိုက် ဖြတ်လျှောက်တက်တဲ့
အကျင့်ကို တော့ဘယ်တော့မှ မဖျောက်ပါဘူး ။

ဝက်သားနဲ့ ဘာဘီကျူးကို စားနေ ချိန်မှာ
အမေ့ ချွေးနှဲစာ နဲ့ ကြွေးတဲ့
့ပဲပြုတ် နဲ ထမင်းကြမ်းကို အမှတ်ရတယ်။

မက်ဒေါနယ်က ဟန်ဘာကာနဲ့ 
ကိုကာကိုလာကို အစာပြေသုံး ဆောင်နေပေမဲ့ ...
လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းလောက်မနှစ်သက်ဖူးပါဘူး။

ပျော်ရာ မှာ မနေ တော်ရမှာ နေ
ကျောင်း လခပေးနိုင်အောင် ကြိုးစားနေတဲ့အချိန်
အင်းလျှားလမ်း မှာ အတွဲကိုယ်စီနဲ့ လမ်းလျှောက်နိုင်တဲ့
မင်းတို့ ဘ၀တွေကို လည်း အားကျပါတယ်။

လုပ်ငန်းခွင်ပြီးလို့  ကျောင်းကို အပြေးသွားတဲ့အခါ
သူငယ်ချင်းတွေ နဲ့ အတူ ကြော်ဆိုင်မှာ ထိုင်ချင် လိုက်တာ
လို့ တောင့်တမိတာလဲအမောပါ။

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲကကာပူချီနိ သောက်တိုင်း
ကျောင်း က အပြန်သောက်နေကြ
ကားဂိတ်နားက ရေခဲရေဆိုင်လေးကို လည်း သတိရပါတယ်။

နှင်းဒဏ် ခံနိုင် အောင်
ဂျင်းဘောင်းဘီတွေ ၀တ်ထားရပေမဲ့
မြန်မာမိန်းခလေး တယောက်ဆိုတာကို လည်း
ဘယ်တုန်း က မှ မမေ့ပါဘူး။

မတက်သာ လို့ အဝေးမှာ နေရပေမဲ့
တနေ့ မှမေ့မရတာ က ကျမချစ် တဲ့ အမိမြေပါ။

အနာဂါတ်တွေ ကို
မျှော်မျှော် ကြည့်ရင်း
တလှမ်း ခြင်း လှမ်း လျှေက် နေတဲ့
ခြေလှမ်းတွေအဆုံး ပန်းတိုင်ကို ရောက်
အတောင် တွေ မညောင်းခင်
ရည်မှန်းချက်တွေ ပြည့်ခဲ့မယ်ဆို
အပြေးတခေါက် အရောက်လာခဲ့ပါဦးမယ်

မြန်မာပြည်ရယ်။

25 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

sait phay yar said...

ညလေးရေ ကောင်းလိုက်တဲ့အတွေးလေး
ကျေးဇူးပါညီမေ၇

Dr Phyo Wai Kyaw said...

ညလေးရယ်
အရေးအသားကတော့ ကောင်းလိုက်တာကွာ.။

"နှင်းဒဏ်ခံနိုင်အောင်
ဂျင်းဘောင်းဘီတွေ ၀တ်ထားရပေမဲ့
မြန်မာမိန်းကလေး တစ်ယောက်ဆိုတာကိုလည်း
ဘယ်တုန်းကမှ မမေ့ပါဘူး။"

အဲဒီစာသားလေးတွေကို အကြိုက်ဆုံးပဲ။ ဒါလေးကတော့ မြန်မာ အမျိုးသမီးတွေကော အမျိုးသားတွေပါ ဖြစ်မိမဲ့ ခံစားချက်ကလေးပါ။

တို့အားလုံးဟာ ညလေးပြောတဲ့ ခံစားချက်လေးတွေ အတိုင်း အမိမြေကို စာရေး ချင်နေ ကြတာပါ။ အားလုံးရဲ့ ခံစားချက်လေးတွေကို အနှစ်ချုပ်ပြီး ရေးသွားတဲ့ အတွက် ကျေးဇူးလည်း တင်ပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်။
တဲပုတ်လေးတွေကိုသတိရတယ်။
စာသင်ကျောင်းစုတ်စုတ်လေးတွေ သတိရတယ်။
ပဲပြုတ်ထမင်းကိုသတိရတယ်။
လက်ဖက်သုတ်ေ၇နွေးကြမ်းကို သတိ၇တယ်။

"မတတ်သာလို့ အဝေးမှာနေရပေမဲ့
တစ်နေ့မှ မေ့မရတာက ကျမချစ်တဲ့ အမိမြေပါ။"

မတတ်သာလို့ အဝေးမှာနေကြရတာပါပဲ။ တတ်သာလို့ကတော့ မိနစ်တောင် မဆိုင်းပါဘူးလေ။ ဆရာတစ်ဦးပြောဖူးသလို အတ္တလန္တိတ် သမုဒ္ဒရာကို တစ်ပတ်ပတ်လျှောက်ရင် ငါအိမ်ပြန်ရောက်မှာပဲ လို့ တောင် တွေးမိကောင်း တွေးမိမယ်။

ကိုင်း..ညလေး..ရည်မှန်းချက် မြန်မြန်ပြည့်ပြီး အမိမြေကို မြန်မြန်ပြန်ရောက်ပါစေဗျာ။ အဆင်ပြေချမ်းမြေ့ပါစေ။
(ဆုပေးထားတဲ့အတွက် လာကန်တော့ဦးနော် ):P

ယောနသံစင်ရော် said...

ညီမလေး…
ခေါင်းငုံလက်ပိုက်လျှောက်တဲ့
အကျင့်လေးကိုဘယ်တော့မှ မဖျောက်ပါဘူး
အဲဒီ… စာပိုဒ်လေးကိုကြိုက်တယ်။

MTZO said...

ငှက်ငယ်လေးေ၇ လာလည်ပါတယ်...
ဒီ Post လေးကိုကြိုက်တယ်။
ငှက်ငယ်လေးရဲ့ ရည်မှန်းချက် မြန်မြန်ပြည့်ပြီး အမိမြေကို မြန်မြန်ပြန်ရောက်ပါစေ...

မြတ်သွယ် said...

ငှက်ငယ်လေးရေ အရေးအသားလေးကတော့တကယ်ကောင်းတယ် ပုလဲလည်း အမေ့ပဲပြုတ်နဲ့ထမင်းကြမ်းကိုအရမ်းကြိုက်တာ အမိမြေတော့လွမ်းမိသား ...
အားပေးနေမယ်နော် ...

thihanyein said...

အရေးအသားလေးကောင်းလိုက်တာကွယ်
အကိုတောင်လွမ်းမိသွားတယ်
ရွှင်လန်းချမ်းမြေ့ပါစေကွယ်

Anonymous said...

အတွေးလေးကို သဘောကျတယ်ဗျ.. အမြန်ဆုံးရည်မှန်းချက်တွေပြည့်ပြီး ပြန်လာနိုင်ပါစေဗျာ..။

Ye Yint Thet Zwe said...

ငှက်ငယ်လေးရေ
တို့ တတွေအားလုံးဟာဧည့်သည်တွေပါ။
အချိန်တန်ရင် အိမ်ပြန်ကြရမှာပေါ့။
အမိမြေကို လွမ်းတဲ့ ချစ်တဲ့ အရောင် တူလှချည်ရဲ့ ။
ဆွဲဆွဲမြဲမြဲယုံကြည်ထားတယ်။
သူစိမ်းမြေမှာ ဘယ်တော့မှ ခေါင်းမချဘူးဆိုတာ။

Welcome said...

သယ်ချင်း
ရည်မှန်းချက်ပြည့်အောင်သာ ကြိုးစားပါ၊ အမိ မြန်မာနိုင်ငံကြီးက ထွက်မပြေးပါဘူး၊ လသာရက်မှာ စောင့်နေပါမယ် (မီးမလာလို့ပါ)
သိပ်ကောင်းတို့ ပို့စ်လေးပါ။
ခင်မင်လျက်
http://winzaw-mdy.blogspot.com

WWKM said...

မတက်သာ လို့ အဝေးမှာ နေရပေမဲ့
တနေ့ မှမေ့မရတာ က ကျမချစ် တဲ့ အမိမြေပါ။

ညီမလေး ရေးတာလေးဖတ်ပြီး ပိုလွမ်းသွားပြီ။း(
တော်လိုက်တဲ့ ညီမလေး။

Anonymous said...

ကဗျာလေးက အရမ်း ခံစားရတယ်ကွာ တကယ်ပြောတာပါ
ကျနော်လဲ မြန်မာပြည်ကိုခွဲရတော့မှာဆိုတော့ ဒီလိုဘဲ ခံစားနေရတယ်လေ

အိပ်မက်နိဒါန်း said...

တစ်နေ့တော့ ဒို့တစ်တွေပြန်ကြရမှာပါ။ ခုတော့ အားတင်းပြီးကြိုးစားနေဦးနော်....

RePublic said...

ဟုတ်ကဲ့ ၊၊ ရည်မှန်းချက်တွေ ပြည့်ခဲ့ရင် အပြေးတစ်ခေါက်သွားလိုက်ပါဦးလေ ၊၊

thinzar said...

you and I ဆိုတဲ့စကားနှစ်လုံး မဖြစ်မနေပြောနေရပေမယ့်
ခေါင်းငုံလက်ပိုက်လျှောက်တဲ့
အကျင့်လေးကိုဘယ်တော့မှ မဖျောက်ပါဘူး....

မှန်လိုက်တာ ငှက်ငယ်လေးရေ။
ရည်မှန်းချက်တွေပြည့်တဲ့တစ်ချိန်
တို့တွေ အပြေးတစ်ခေါက်ပြန်ကြရအောင်နော်...

ငှက်ငယ်လေး
ကြိုးစားထားနော်...

ဂျူဝသန် said...

ပြောသွားတာတွေများနေတော့ ..... ဘာတွေရွေးပြောရမလဲမသိဘူး..... မရွေးတော့ဘူး။ အားလုံးကောင်းတယ်..... တကယ်ကို ခံစားရတယ်။ သူငယ်ချင်းရေ ကြိုးစားထားကွ!!!!!!
မြန်မာပြည်မှာ ငါတို့တွေ ဆုံရပါအုံးမယ်..... ပျော်ပျော်ပါးပါးပေါ့။ ဟုတ်တယ် မြန်မာပြည်မှာ ဆုံကြရအုံးမယ်.....

ဇင်ယော် said...

ဒို့ တွေဟာ အိမ်ကခဏ အပြင်ထွက်လာခဲ့ကြတဲ့ အိမ်သူအိမ်သားတွေပါပဲ။ အချိန်တန်ရင် အိမ်ကို ပြန်ခွင့်ရကြဦးမှာပါ ညီမရေ။ ပြန်ခွင့်ရမယ့် အချိန်လေးတွေကို မျှော်မှန်းရင်း ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်အောင် ကြိုးစားနိုင်ပါစေ ညီမရေ

Dream said...

ကောင်းလိုက်တဲ့အတွေးလေး.. မိုက်တယ်...

အလုပ်များနေလို့မရောက်ပေမယ့် တီတီငှက် ကိုလည်းလွမ်းတယ်...
ဟားဟား
ကျေးဇူးနော်... :P :P

အရုပ်ကလေး said...

YOU and I ဆိုတဲ့ စကားနှစ် လုံး မဖြစ် မနေပြောနေရပေမဲ့ 
ခေါင်းငုံ့  လက်ပိုက် ဖြတ်လျှောက်တက်တဲ့
အကျင့်ကို တော့ဘယ်တော့မှ မဖျောက်ပါဘူး ။

အမေ့ ချွေးနှဲစာ နဲ့ ကြွေးတဲ့
့ပဲပြုတ် နဲ ထမင်းကြမ်းကို အမှတ်ရတယ်။

ကျောင်း က အပြန်သောက်နေကြ
ကားဂိတ်နားက ရေခဲရေဆိုင်လေးကို လည်း သတိရပါတယ်။

နှင်းဒဏ် ခံနိုင် အောင်
ဂျင်းဘောင်းဘီတွေ ၀တ်ထားရပေမဲ့
မြန်မာမိန်းခလေး တယောက်ဆိုတာကို လည်း
ဘယ်တုန်း က မှ မမေ့ပါဘူး

အဲစာသားလေးတွေ ပိုနှစ်သက်တယ်
တစ်ပုဒ်လုံးလည်း ကောင်းတယ်
ညီမလေး တစ်ယောက် ဘ၀အမောတွေ ပြေပျောက်လို့ ချစ်သော အမိမြေရဲ့ အငွေ့အသက်လေးကို မြန်စွာ ရှုရှိုက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ...

Anonymous said...

နှင်းဒဏ် ခံနိုင် အောင်
ဂျင်းဘောင်းဘီတွေ ၀တ်ထားရပေမဲ့
မြန်မာမိန်းခလေး တယောက်ဆိုတာကို လည်း
ဘယ်တုန်း က မှ မမေ့ပါဘူး။

ဒီအပုဒ်လေး အကြိုက်ဆုံးပဲ ...
တည်ငြိမ်ခိုင်မြဲတဲ့ စိတ်ထားကို ပေါ်လွင်တယ် ..
ကဗျာကောင်းလေးပါပဲဗျာ ...
အမေ့လက်ရာ ထမင်းကြမ်းနဲ့ ပဲပြုတ်ကိုတော့ မလွမ်းဖူးဘူး အိမ်မှာ အဲ့လိုမျိုးတစ်ခါမှ မစားဖူးလို့ :P
မနက်လင်းရင် မီးဖိုကြီးဘေးမှာ မိသားစု ၀ိုင်းဖွဲ့ပြီး ကင်စား ကြော်စားခဲ့ရတဲ့ ခေါပုတ်နဲ့ ဆတ်သားခြောက် မီးဖုတ် ဆီစမ်း ကိုပဲ လွမ်းတယ် :P

ဗီလိန် said...

တစ်နေ့တော့ အမိမြေမှာ အားလုံးပြန်ဆုံကြတာပေါ့ဗျာ

ဖြိုးငယ် said...

သြော် အလွမ်း ..အလွမ်း ... အလွမ်းထဲမှာ မြန်မာပြည်ကို လွမ်းတဲ့ အလွမ်းကလည်း တော်တော်ပြင်းထန်တယ်ဗျာ

Anonymous said...

ကဗျာဖတ်ပြီးလွမ်းသွားပါတယ်။ မြန်မာပြည်ကိုတစ်နေ့ပြန်ကြပါစို့။

flowerworld said...

ကဗျာလေးဖတ်ပြီးမြန်မာပြည်ကိုတောင်ထပြန်ချင်လာပြီး
အမေ့ရဲ့ပဲပြုတ်နဲ့ထမင်းကြော်လေးလဲလွမ်းတယ်..တကယ်ပဲ
ရည်မှန်းချက်ပန်းတိုင်ကိုမြန်မြန်ရောက်လို့အမိမြေကို မြန်မြန်ပြန်နိုင်စေဗျာ

ဟန်လင်းထွန်း said...

အကောင်ဆုံးကဗျာလေး လို့ ခံစားမိတယ်။

တက်လူငယ် said...

အရေးအသားက ပြောချင်တာကို ပေါ်လွင်သွားတယ်။ တော်တော်ကောင်းတဲ့ ခံစားချက်ပါ။ စာဖတ်နေသူရင်ထဲကနေပါ လိုက်ပါထိရှပြီးတော့ ခံစားသွားမိတယ်။ ရေးပါ..ဒါမျိုးတွေ။ အားပေးတယ်။