Dec 13, 2008

ကျမသိသောအချစ်ဆိုသည်မှာ

ချစ်တယ် ဆိုတာ မထူးဆန်းပါဘူး....လူတိုင်းလူတိုင်း ချစ်တက်ကြပါတယ်॥။အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းဖြစ်နိုင် သလို စွန့် လွှတ် အနစ်နာခံခြင်းလဲ ဖြစ်နိုင်ပါတယ်...။ ॥အချစ်ဆို တာ ဘာလဲ လို့ ဖွင့်ဆိုမယ်ဆိုရင် ဘယ်သူ့ ကို မှ မှန်တယ် မှားတယ်ပြောလို့ ရမယ်မထင်ဘူး ဘာလို့ လဲဆိုတော့ လူတယောက်ရဲ့ ယုံကြည့်ချက် ဟာ အချစ်ဖြစ်နေလို့ ပဲ॥။ ဒါပေမဲ့ အချစ် က မငိုတက်တဲ့ လူတယောက်ကို ငိုအောင်လုပ်နိုင် သလို ...ရယ်အောင်လည်း လုပ်နိုင်တယ်....။ တခါတလေ အချစ်ဆို တာ အေးမြသလို တခါတလေ ဆို မီးတောက်ထက် ပူပါတယ်...။ အချစ်ကြောင့် လူတွေဟာ လမ်းပျောက် တက်ကျသလို ...အချစ်က လူတယောက် ကို ရူးသွားအောင်လည်း လုပ်နိုင်တယ်...။ ဒါပေမဲ့ မိန်းခလေးတွေရဲ့ အချစ်နဲ့ ယောင်္ကျားလေးတွေ ရဲ့ အချစ် တထပ်တည်းတော့ ဘယ်ဖြစ်နိုင်ပါ့မလဲနော်...။ ဒါပေမဲ့ အချစ်အတွက် ဘ၀ကို အရှုံးပေးတဲ့လူတွေ ကို တော့ အားမပေးချင်ဘူး....
............. ငြိမ်းနားလည် တဲ့ အချစ်ကတော့ တယောက်နဲ့ တယောက် ယုံကြည်မှု၊ နားလည်မှုတွေ နဲ့ တည်ဆောက် နိုင်မှအဲအချစ်က ခိုင်မြဲမှာ...။ ချစ်တော့ ချစ်ပါတယ်...ကိုယ်ချစ်တဲ့သူ အပေါ် ယုံကြည်မှုမရှိဘူး...နားလည်မှုမရှိဘူး...အမြဲတမ်းသံသယတွေပဲ ၀င်နေရင် အဲချစ်ဟာ ပူလောင်လွန်းပြီး တာရှည်လည်း ခံနိုင်ရည်ရှိ မှာ မဟုတ်ပါဘူး...။ ဘယ်မိန်းခလေးမှလည်း အဲအချစ်ကို လိုချင်မှာ မဟုတ်ပါဘူး။ယောင်္ကျားလေးတွေရော?...
................"ငြိမ်း မချစ်တဲ့သူတယောက် ကို ဘယ်လို နည်းနဲ့ မှလက်မထပ်နိုင်ပါဘူး ။ ငြိမ်းအတွက်တော့ ဘ၀မှာ အချစ်ကအရေးပါ သလို...မချစ်ထိုက် သူတယောက် ကို ချစ်မိတဲ့ အချစ် ဟာ ဘ၀တခုတော့ ဖြစ် မလာနိုင်ပါဘူး....။ ကိုယ့် အပေါ်တန်ဖိုးထား နားလည်သလို သူ့ အပေါ်လည်း နားလည်မှုပေးနိုင် မှ အချစ်ဆို တာ ခိုင်မြဲတာပါ...။ "

အချစ်ဆိုတာ
ကြည်လင်နေတဲ့ကောင်းကင်ပြာအောက်က
လွမ်းခြင်းဖွဲ့ ကဗျာတစ်ပုဒ်...။

အချစ်ဆိုတာ........
ဟိုး....အဝေးတောင်တန်းတွေကြားက
ငိုခြင်းဖွဲ့ တေးတစ်ပုဒ်..........။

အချစ်ဆိုတာ........
နူးညံ့တဲ့.တိမ်လွှာတွေပေါ်က
ပင့်မရှိုက်သံတစ်ခု..............။

အချစ်ဆိုတာ....
ခက်ခဲတဲ့ ပုဒ်စာ တစ်ပုဒ်ရဲ့
အကျယ်ဖွင့်ဆိုချက်.......။

အချစ်ဆိုတာ....
နှစ်ခါပြန်မရတက်တဲ့
အိမ်မက်တွေရဲ့  လှို့ ဝှက်ချက်......။

အချစ်ဆိုတာ....
ဆန်းစန္ဒယားတစ်လုံးပေါ်က
သံစဉ်ပျက်တေးတစ်ပုဒ်......။

အချစ်ဆိုတာ.....
တမ်းတခြင်း......။
သတိရခြင်း.......။
လွမ်းဆွတ်ခြင်း......။

အချစ်ဆိုတာ.........။
ခွင့်လွတ်ခြင်း.......။
နားလည်ခြင်း.........။
ပေးဆပ်ခြင်း.........။


ဲပြီးတွားပါပီချင့် အကို ရဲရင့်နီ ရေ ကျေနပ်တော့ နော်...မောလိုက်တာတော ပြောရတာ...အအေးလေးတောင် မတိုက်ဘူး :P... ပထမတော့ ဒီတိုင်းပဲထားမလို့  နောက် မှ ဒုကပေးဖို့  သူတွေ ရှိနေတာ သွားသတိရလို့ ... မဲပေါက် တဲ့သူတွေကတော့ ဘုန်းကြီး ၀တ်ဖို့ ကြံစည်နေတဲ့ အကို ကြီး အလှတရား သူကတော့ ကို ရဲရင့်နီ စာရင်းထဲပါပြီးသားဆို ပေမဲ့ထပ်မံ ပြီး ထောက်ခံပေးလိုက်ပါတယ် ၊ လူပို ကြီး အဲဟုတ်ပါဘူး လူပျိုကြီးပဲ လုပ်တော့မယ်ဆို တဲ့ အကို ကြီး ဂျူဝသန် ၊ အင်း နောက်တယောက် ကတော့ လူငယ်တွေကို တက်ပြီး အနိုင် ကျင့်နေတဲ့ကိုတက်လူငယ် (ဟီးး) နဲ့  ဘ၀မလှတဲ့ ကို အညတြတို့ ဖြစ်ပါတယ် ရှင်....လက်ခုပ်တီးပီး အားပေးကြပါ။ ဖလောက်ဖလောက် ;kwekwe; (ခင်လို့ စတာနော် မခင်ရင် မစဘူးဒါပဲ) ...ချစ်သော မမတို့ ကို တော့ ချင်းချင်းတွေမို့ tag တော့ဘူးကွယ်...အာဘွားပဲပေးမယ်...။ မှတ်ချက် ။ ။ မမ၀ါရဲ့  tag လေးကို တင်ပါတော့မယ် ...။

16 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

ငါ့ညီမလေးက လည်း လက်စွမ်းထက်သား...။

အဲလို ရိုးရိုး ရေးတာလေးတွေကိုတော့ ဘရာ နားလည် သဗျား။ နောက်ပြီး မိန်းကလေးတွေရဲ့ အချစ် နဲ့ ယောကျာ်းလေး ရဲ့ အချစ် တစ်ထပ်တည်း တော့ ဘယ်ဖြစ်နိုင်မလဲ ဆိုတာကို လက်ခံတယ်ဗျား။

မိန်းကလေး တစ်ယောက်က အချစ်နဲ့ပတ်သက်ရင် မာနကြီးလွန်းရင် မကောင်းသလို မာနမရှိရင်လည်း မကောင်းဘူး ဆိုတာလည်း ဟုတ်လောက်တယ်ဗျား။

ဒီဘက်ခေတ် ကလေးတွေကတော့ သိတော့မယ် မထင်ဘူး ဂီတ နက်သန် ကိုစောညိန်းရဲ့ "သစ္စာ"ဆိုတဲ့ သီချင်းကို။ ဘရာကတော့ အဲသီချင်းနဲ့ တူနေသဗျာ...

သို့သော်လည်း...ပေါ့လေ...:P

သက်တန့် said...

အချစ်ဆိုတာ...
တမ်းတခြင်း...။
သတိရခြင်း...။
လွမ်းဆွတ်ခြင်း...။

အချစ်ဆိုတာ...
ခွင့်လွတ်ခြင်း...။
နားလည်ခြင်း...။
ပေးဆပ်ခြင်း...။

ထောက်ခံပါတယ် ညီမလေး ငှက်ငယ်ရေ... :)

Anonymous said...

အတွေးလေးက ဘယ်ဆိုးလို့လဲ ကောင်းတယ်ဗျာ
မှတ်သားစ၇ာလေးပေါ့

Anonymous said...

ကြည့်စမ်း ကလေးတွေများလက်သွက်ချက်..။
ရေးပြီးသွားကြပြီ ။ ဒီမှာတော့ ဦးနှောက်စားနေတုန်း။
အင်းးးးးးးးးး
ငါ့ညီမရေးတာလဲ ဟုတ်နေပြန်ရော...။

အရုပ်ကလေး said...

ပို့စ်လေး ကောင်း၏
ကိုယ့်ရဲ့ အမြင်လေးနဲ့ ခံစားချက်လေးတွေကို
ရေးဖွဲ့ထားတာလေး ကောင်းတယ်

ဇင်ယော် said...

ငှက်ပိစိက တယ်ဟုတ်ပါလား။ အတွေးကောင်းလေးနဲ့  ရေးတတ်တယ်ဗျား။ အချစ်နဲ့ ဘ၀ ထပ်တူထပ်မျှ ကျနိုင်ပါစေဗျား။

Unknown said...

နှလုံးသားလှတဲ့ညီမလေး ထာဝရပျော်ရွှင်ပါစေ...

တက်လူငယ် said...

ရေးလဲရေးနိုင်ပါ့။ အချစ်ကို ဖွင့်ဆိုထားတဲ့ ကဗျာလေး ကောင်းတယ်။
မပြောချင်တဲ့ တဂ်ကြီး တစ်ခု ပြုတ်ကျလာပြန်ပြီ...
ပြောရတော့မပေါ့။
လာမယ်..ကြာမယ်..တက်လူငယ်...

Anonymous said...

ငှက်ကလေး ပြောတော့လည်း ဟုတ်သား
ကဗျာလေးက အရမ်းကောင်းတယ်
နု့ညံ့နေတာပဲ
အစ်ကိုကတော့ အချစ်ကို ဘာမှန်းကို မသိတော့ပါဘူး
မျက်စိတွေလည်နေပြီ

Anonymous said...

တော်လိုက်တာ ညီမရေ ... အချစ်ကို ပိုင်ပိုင်နိုင်နိုင် လေးလေးနက်နက်အဓိပ္ပါယ် ဖွင့်သွားနိုင်တာ သိပ်လေးစားပါတယ် ... ။ ငှက်ငယ်လေးရဲ့ ပိုစ့်ထဲက အချစ်နဲ့ ပတ်သက်တဲ့အကြောင်းအရာအားလုံးကို သဘောကျထောက်ခံနေမိပါတယ် ... ။ တကယ်ချီးကျူးတယ် ... ။

ခင်မင်လေးစားစွာဖြင့်

WWKM said...

................"ငြိမ်း မချစ်တဲ့သူတယောက် ကို ဘယ်လို နည်းနဲ့ မှလက်မထပ်နိုင်ပါဘူး ။ ငြိမ်းအတွက်တော့ ဘ၀မှာ အချစ်ကအရေးပါ သလို...မချစ်ထိုက် သူတယောက် ကို ချစ်မိတဲ့ အချစ် ဟာ ဘ၀တခုတော့ ဖြစ် မလာနိုင်ပါဘူး....။ ကိုယ့် အပေါ်တန်ဖိုးထား နားလည်သလို သူ့ အပေါ်လည်း နားလည်မှုပေးနိုင် မှ အချစ်ဆို တာ ခိုင်မြဲတာပါ...။ "

ညီမလေးရေးထားတာလေးက ရိုးရိုးလေးနဲ့ ကောင်းနေပါတယ်.တော်တယ် ညီမလေးရေ.
ဒါနဲ့ "မမ၀ါရဲ့  tag လေးကို တင်ပါတော့မယ် ...။"
ဆိုပါလား..ဟဟား..နားလည်ပါတယ် ညီမလေးရယ်.
don't worry ... No problem. :D
ညီမလေးအဆင်ပြေတဲ့ အချိန်မှပဲတင်ပါကွယ်။

ချစ်သော
မမ၀ါ

မြတ်သွယ် said...

ငှက်ငယ်လေးရဲ့ အချစ်ကိုဖတ်သွားပါတယ်
ရိုးရှင်းစွာပင် တန်ဖိုးရှိပါတယ်
-အချစ်ဆိုတာ....
ခက်ခဲတဲ့ ပုဒ်စာ တစ်ပုဒ်ရဲ့
အကျယ်ဖွင့်ဆိုချက်- ထောက်ခံပါ၏
ခုတောင်ဘာရေးရမလဲအသိတော့ဘူး
အချစ်ခိုင်မြဲဖို့ နားလည်မှုလိုတယ်ဆိုတာကို မှတ်သွားပါတယ်

Welcome said...

ညီမ
အချစ်ဒဿနတွေ လေ့လာသွားတယ်။
သိပ်ကောင်းတယ်ဗျာ

http://winzaw-mdy.blogspot.com

Unknown said...
This comment has been removed by the author.
Unknown said...

၎ခေါက် ကို သေသေချာချာ ဖတ်ဖြစ်ပါတယ်။ ညီမလေး တော်ပါပေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စဉ်းစားဥာဏ်ဒီလောက်ထိ ရှိတယ်နော်။ အစ်ကိုညီမ အရွယ်နဲ့ ညီမအသက် လောက်မှာ ဒါတွေကိုဒီလောက်ထိ နားမလည်ခဲ့မိပါဘူး။ လေးစားပါတယ် ညီမငယ်။ရေးဖို့ အားယူနေတယ် ညီမလေး။ ခွင့်ပြုပါ။

စိုင်းနောင့် said...

မိန်းကလေးတစ်ယောက်ရဲ့ အချစ်အပေါ် ထားရှိတဲ့ သဘောထားကို ခံစားသွားတယ်