Feb 16, 2009

ကောင်းခြင်း ၅ ဖြာရှိယုံနဲ့ တော့

ကြားဖူးတာ တခုရှိတယ်ရှင့်...မိန်းခလေးတယော က် က ကောင်းခြင်း ၅ ဖြာနဲ့ ပြည့်စုံရင် မိန်းမပီသတယ်လို့ ပြောကြတယ်..။ မှန်သင့်သလောက်တော့ မှန်ပါတယ်...ဒါပေမဲ့ အပြည့်အ၀တော့ လက်မခံချင်ဘူး..။ ကောင်းခြင်း ငါးဖြာဆိုတာက...
၁...ဆံပင်ရဲ့ ကောင်းခြင်း
၂...အသားရဲ့ ကောင်းခြင်း
၃...အရေရဲ့ ကောင်းခြင်း
၎...အရိုးရဲ့ ကောင်းခြင်း
၅...အရွယ်ရဲ့ ကောင်းခြင်း

တွေရယ်ပါ....။အဲကောင်းခြင်းတွေ ရှိမှ သာ မိန်းမပီသတယ်လို့ ရှေးလူကြီးတွေက ယူဆကြတယ်...။

အဲတွေကောင်းယုံနဲ့ မိန်းခလေး တယောက်က ပြီးပြည့်စုံသွားပြီတဲ့လား ..? မိန်းမကောင်း တယောက်ဖြစ်ဖို့ လိုအပ်ချက်တွေက အများကြီးရှိနေပါတယ်...။ လောကမှာ ရုပ်အင်္ဂါ ချောမောလှပယုံနဲ့  အရာရာ မပြည့်စုံနိုင်ပါဘူး..။ စိတ်ကောင်းနှလုံးကောင်းခြင်း ဆိုတာကလည်း အရမ်းပဲအရေးပါ ပါတယ်....။

ဥပမာ...ကြတ်ဥ တလုံးက အကာပဲကောင်းပြီး...အနှစ် မကောင်းရင် မရသလို ...ထို့ အတူပါပဲ
အနှစ်ပဲ ကောင်းပြီး အကာ မကောင်းရင်လည်း ကောင်းတယ်လို့ ပြောလို့ မရသေးဘူးထင်တယ်...။အသားအရ ည်တွေ အရိုးတွေ အရွယ်တွေ ကောင်းပြီး စိတ်ကောင်းနှလုံးကောင်း မရှိရင် ဘာလုပ်မလဲ။ ရုပ်ရည်မှာ ပြီးပြည့်စုံအောင် လှပြီး စိတ်ထား မကောင်းတာထက်စာ ရင် ရုပ်ရည်မှာ ပြီးပြည့်စုံအောင်မလှပေမဲ့ စိတ်ကောင်းနှလုံးကောင်းရှိ တဲ့ မိန်းခလေးက ပိုပြီးတန်ဖိုးရှိပါတယ်... .။
...
ဖြူစင်တဲ့ စိတ်ထားလေးတွေနဲ့ အတူ တန်ဖိုးရှိတဲ့မိန်းခလေးများ ဖြစ်နိုင်ပါစေ

4 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Anonymous said...

အရေးကြီးဆုံးက စိတ် တစ်ခုတည်းပါ
ငှက်ပေါက်စ လေး ဗုဒ္ဓဘာသာ ဆိုရင် သံသရာ ကို လက်ခံမှာပါ ..
ခန္တာကိုယ် ဆိုတာက ဒီဘ၀ ပြီးရင် စွန့်ပစ်ထားခဲ့ရမယ့် အရေခွံလေး တစ်ခုသက်သက်ပါ ...
အရေခွံလေးကို သနေလို့လည်း သေရင်တော့ စွန့်ခဲ့ရမှာပါပဲ ..
အဲ့ဒါကြောင့် ယခု အခြေအနေရော သံသရာ တစ်လျှောက်လုံး အတွက်ပါ စိတ်ကောင်း နှလုံးကောင်းလေးကသာ အရေးကြီးဆုံး ဖြစ်ပါကြောင်း ထောက်ခံပါတယ်ခင်ဗျ ..
ဒါနဲ့ ဗုဒ္ဓဘာသာ ထင်လို့ ပြောလိုက်မိတာနော် မဟုတ်ရင်တော့ စောတီ; ဘွာတေးပေါ့ဗျာ :)

Welcome said...

လူရော
စိတ်ရော လှတဲ့အပြင်
ကျွန်တော်အပေါ် နားလည်ပေးနိုင်ရင် လုံလောက်ပြီ (အဟီး)
မှတ်သားသွားပါတယ်။
မိန်းခလေးအလှက ကြက်ဥနဲ့လည်း တူသေးသကိုး။
အားပေးလျက်ပါ

Anonymous said...

ဟုတ်တယ်ဗျာ ဒီကောင်းခြင်းငါးဖြာနဲ့ မပြီးသေးဘူးဗျ။ အဲဒါတွေတော့ ကောင်းပါရဲ့
အကျင့်မကောင်းခြင်း၊ စိတ်ယုတ်မာရှိခြင်း၊
အတင်းတုတ်ခြင်း၊ အအိပ်မက်မက်ခြင်း၊
ချစ်သူနဲ့ ချိန်းတွေ့ချိန် အီးထုခြင်း၊ စတဲ့ဟာတွေရှိ
ရင် ဘယ်လိုလုပ်မလဲ ဟုတ်ဘူးလား။ တော်ကြာ
ကျနော်နဲ့ ကြိုက်ခဲ့တဲ့ ကောင်မလေးလို အီးထုရင်
ဒုက္ခဗျ ဟီးဟီး

WWKM said...

ဟဟ..ဆိုးလိုက်တဲ့ အိမ်..း)
တန်ဖိုးရှိတဲ့ ပို့စ်ကောင်းလေးတစ်ခုပါ ညီမလေးရေ။