Feb 28, 2009

ဘ၀တခု ရဲ့  တနေ့ တာ (ပ-ဒု-ဇတ်သိမ်းပိုင်း)

(ပထမပိုင်း)

.မိုးရေဆိုရွှဲနေတဲ့ လမ်းမပေါ်မှာ လူတယောက် ခေါင်းငိုက်စိုက်ပြီး လမ်းလျှောက်လျှက်။ ဒီနေ့ လကုန်ပြီး ၅ ရက်နေ့  ဒီတခါအိမ်လစာ မပေးနိုင်လျှင်တော့ အိမ်ပေါ်က ဆင်းရမှာ သေချာပေါက်ပါပဲ...။ လေးပင်တဲ့ခြေလှမ်းတွေ နဲ့ တလှမ်းခြင်းလှမ်းအတက် အိမ်ဝမှာကြိုနေသော လူတယောက်။ ဘယ်သူများရှိဦးမှာလဲ။

ကျနော်အဆင်မပြေခဲ့ဘူး ၊ ကျနော်မှာဒီနေ့  ၁ နာရီ အလုပ်အင်တာဗျူးရှိပါတယ် ..။ အလုပ်ရဖို့ များတယ် ။ ကျနော် အလုပ်ရတာနဲ့ ချက်ခြင်းပေးပါ့မယ်။

အိမ်ရှင်....ဒီလိုနဲ့ ပြောပေါင်းလည်းများပြီပဲ...ငါမစောင့်နိုင်တော့ဘူး

ဒါဆိုကျနော် ဘယ်လိုပ်ရမှာလဲ...ကျနော့်ကို ဒီနေ့ တရက်တော့နေခွင့်ပြုပါ

အိမ်ရှင်....မင်းမှာရွေးစရာလမ်း ၂ ခုရှိတယ် ကြိုက်တာကို ရွေးပါ..။
၁။ မင်းအိမ်လစာပေးပြီးဆက်နေ
၂။ မင်းပစည်းတွေအကုန်ထားခဲ့အိမ်ပေါ်ကဆင်း။ ဒါကတော့ ပြီးခဲ့တဲ့လစာအတွက် သက်သက်ညှာညှာစဉ်းစားပေးတာ။

ကျနော့အ၀တ်အစားတွေတော့ပေးလိုက်ပါဗျာ၊ကျန်တာထားခဲ့ပါမယ်။

အိမ်ရှင်... မင်းကို ၂ လမ်းပေးထားတယ်ကြိုက်တာရွေး၊ ကျန်တာငါနားမလည်ဘူး။

ကျနော့မှာ ဒီညနေ အလုပ်အတွက် အင်တာဗျူးရှိတယ်၊ ကောင်းကောင်းမွန်မွန်အ၀တ်အစားတစုံတော့ပေးလိုက်ပါဗျာ.။

အိမ်ရှင်.... မင်းတို့ ကောင်တွေ ရှုပ်နေတာပဲ သွားကွာ ရော့ဒီတစ်ထည်ယူသွား..။

အိမ်ရှင်ပေးသော အိမ်ကျီ င်္ကို ကျနော် နွမ်းနယ်စွာနှင့်ကြည့်မိသည်...အပြင်မှာနှင်းတွေကျနေသည်...။
ရုတ်တရက် အပေါ်ထပ်မှရန်ဖြစ် သံများထွက်လာသည်။


အိမ်ရှင်...မင်းခနစောင့် ငါသွားရှင်းလိုက်ဦးမယ်၊ ချက်ခြင်းပြန်လာမယ်...။

ပြေးထွက်သွားသော အိမ်ရှင် ကျောပြင်ကို ငေးလျှက် တွေဝေနေမိသည်...။ စားပွဲခုံတွင်တင်ထားတော့ လူရည်သန့် တယောက်ပုံကို ကျနော် ငေးမောကြည့်မိသည်...။ ကျဆုံးသွားပြီးဖြစ်သော အောင်မြင်မှုများ အတွက် နောင်တတခုသာ ကျနော့်မှာရှိပါသည်။ ဘေးတွင် ပွစာကြဲနေသော ကျနော့် အ၀တ်အစားများ ရုတ်တရက် ကောက်ထည့်လိုက်မိသည်..။

အိမ်ရှင်...ဟေ့.. ဟေ့ မင်းဘာလုပ်တာလဲပြန်ချလိုက်စမ်း..

ဟိန်းခနဲ့ မြည်ထွက်လာသော အသံများက ကျနော့်အတွက် မိုးကြိုးတစင်း ပြစ်ချလိုက်သည်နှယ်။ မထူးတော့ပါ ကျနော့် မှာဒီတလမ်းသာရှိပါတော့တယ်။ ကျနော် အ၀မှာ ပိတ်ရပ်နေသော အိမ်ရှင် ကို တွန်းထွက်လိုက်သည်...။

အိမ်ရှင်...ဟေ့ကောင်ခုချက်ခြင်းရပ်...။

အော်ဟစ်ရင်းပြေးလိုက်လာသော အိမ်ရှင်အသံက ကျနော့်နားထဲတွင် ပဲ့တင်ထပ်လျှက်...။

(ဒုတိယပိုင်း)

ခပ်လှမ်းလှမ်းရောက် ကျနော်လှည့်ကြည့်မိတော့ သူမရှိတော့ပါ..။ မောဟိုက်လွန်းသည့်အပြင် ဆာလောင်မှုကပါကျနော့ကိုထပ်နှိပ်စက်နေသည်။ ကျနော့လက်ထဲတွင်ပါလားသော ဓါတ်ပုံလေးကိုကြည့်မိသည်။ အခုလမ်းမပေါ်တွေ ထီးမပါလမ်းလျှေက်နေသော ကျနော့် ဓါတ်ပုံပါလို့ ပြောလျှင် အရူးလို့ ပါသတ်မှတ်သွားကြလိမ့်မည်မှာမလွဲ။ လမ်းဘေးတွင်စောင်ပါးပါး လေးတစ်ထည်နှင့် ကွေးကွေးလေး အိပ်နေသော သူတချို့ ကို ကျနော်ကြည့်မိသည်။ ဘ၀ဆိုတာဒါပဲလား...။

.

ဒေါင်ခနဲမြည်သွားသော နာရီသံစဉ်မှ ၁၂ နာရီထိုးသံက ကျနော့် အတွေးတွေကို လှုပ်နှိုးလိုက်သည်...။ ယနေ့  (၁) နာရီ တွင်ကျနော့ အလုပ်အင်တာဗျူးရှိသည်ပဲ...အလုပ်ရလျှင်တော့ ဘာမှပူစရာမရှိပါ...ရတဲ့လစာလေးနှင့် ချွေတာစားလျှင် ကျနော့် ရပ်တည်ရေးအတွက် သိပ်ပူစရာမလို..။ ဘတ်စ်ကားစီးရန် ကျနော့မှာပိုက်စံတပြားမှမလာသောကြောင့် အလုပ် ရှိရာသို့ ခပ်သွက်သွက်လေး လျှောက်မိသည်။ မျှော်လင့်ချက်လေးရေးရေးကို တွေးပြီး ကျနော် ပြုံးမိပါသည်။ အဆိုးတွေထဲ မှ အကောင်းတခုမဟုတ်လား...။အလုပ်ကိုရောက်တော့ ၂ နာရီထိုးဖို့ ၅ မိနစ်သာလိုပါတော့သည်။ ကောင်တာတွင်ထိုင်နေသော အမျိုးသမီးရှိရာ ကို ကျနော်လျှောက်သွားမိသည်။

.

ကျနော် ၁ နာရီ ချိန်းထားတာရှိတယ် အလုပ်အင်တာဗျူးအတွက် .

.

မျိုးသမီး.....နောက်ဆုံးနာမည်ပြောပါ.

.

........... ပါ.

အမျိုးသမီး....ခုံမှာထိုင်စောင့်ပါရှင

.

မဟုတ်ဘူး ကျနော် ၁ နာရီချိန်းထားတာ အခု ထိုးပြီဗျ

.

အမျိုးသမီး....ဟုတ်ကဲ့ထိုင်စောင့်ပါရှင်၊ ပြီးရင်ခေါ်ပါလိမ့်မယ

.

နာရီကို ကြည့်တော့ ၁ နာရီကျော်ပြီ...။ အခန်းတွင်းရှိသောလူများကို ဝေ့၀ဲကြည့်မိသည်။ ပြီးတော့ လွတ်နေသောနေရာလေးတခု တွင် ကျနော် စိတ်ပျက်စွာ ထိုင်ချလိုက်သည်။

.

စောင့်ဆိုတော့လည်း စောင့်ရတာပေါ့ဗျာ။

.

ကျနော် နှုတ်မှ ထွက်သွားခြင်းပါ၊ ကျနော့ဘေး နားတွင်ထိုင်နေသော အယောက် ၂၀ ခန့် ရှိသောသူများ တယောက်ပြီး တယောက်သာထွက်သွားသည် ...ကျနော့အလှည့်မရောက်သေးပါ။ သက်ပြင်းမောတခုချမိသည်။ ဘယ်တက်နိုင်ပါ့မလဲလေ ကျနော့အတွက် ဒီအလုပ် က မဖြစ်မနေလို အပ်နေသည်ပဲ။ စောင့်ရန်သာရှိတော့သည်။ နာရီကို ကြည့်တော့ ၄ နာရီကျော်ကျော်ရှိပါပြီ။ မနက်တည်းက ဘာမျှလည်းမစားရသေး။

.

အမျိုးသမီး.... ကို.........

.

ကျနော့နာမည်ခေါ်သံကိုကြားလိုက်ရသည်။ ကျနော်တော်တော်လေးပျော်သွားပါသည်။ အလုပ်ရတော့မည်။ ကျနော်မန်နေဂျာ ရှိရာကို ၀မ်းသာအားရ လျှောက်သွားမိသည်။

.

မန်နေဂျာ....မင်းနာမည်ဘယ်လိုခေါ်လည်း

.

..........ပါ။

.

မန်နေဂျာ.....ဟုတ်ကဲ့ ကို.....နေကောင်းလား။

.

ကောင်းပါတယ်ခင်ဗျာ။

.

မန်နေဂျာ.........ခနလေးနော် ကျနော်ရှာလိုက်ဦးမယ်။

.

အ၀တ်အစားသပ်သပ်ရပ်ရပ်နှင့် မန်နေဂျာကို ကျနော် ကြည့်မိသည်။ အရင်က ကျနော့်အတွက် မန်နေဂျာဆိုသည်မှာ ရယ်စရာတခုဖြစ်ခဲ့ဖူးသည်။ အခုတော့ ကျနော် သူ့ ကိုမော့ကြည့်ရသည်။ အပြောင်းအလဲတွေက ကြောက်စရာကောင်းလွန်းလှပါသည်။

.

မန်နေဂျာ....ခင်ဗျားနာမည် ကွန်ပြူတာထဲမှာ မတွေ့ ဘူး။ပထမဆုံးအကြိမ်လာတာလား

.

ခင်ဗျာ

.

မန်နေဂျာ....ဒီထဲမှာစရင်းမရှိဘူးလို့ ပြောတာ

.

ကျနော့်ကို ဒီနေ့ အင်တာဗျူးအတွက် ချိန်းလိုက် လို့ လာတာပါ။

.

မန်နေဂျာ....နာမည်စရင်းတောင်မရှိတာ ဘယ်လိုချိန်းမှာလဲဗျ

.

ကျနော့်တကယ်ပြောတာပါ...။ကျနော့ကို ဒီနေ့  ၁နာ ရီမှာချိန်းထားတာပါ။

.

မန်နေဂျာ....ရော့...ခင်ဗျားဒီ လျှောက်လွှာကို ဖြည့်ပြီး ကျနော့် စီပို့ လိုက်ပါ။

.

သူထိုးပေးသော လျှော်ကလွှာစာရွက် ကို ကျနော် မယုံနိုင်စွာကြည့်မိသည်။ လျှောက်လွှာတင်ခြင်းဆိုသည်မှာ မျှော်လင့်ချက်မရှိပါ....။ အလွန်ကံကောင်းလို့ အလုပ်ရမည်ဆိုရင်တောင် အနည်းဆုံး ၁ လလောက်စောင့်ရသည်ပဲ...။

.

ကျနော့ကို ကူညီပါ။ ကျနော့ တကယ့်ကို အခက်အခဲဖြစ်နေလို့ ပါ။ ပြီးတော့ တကယ်လည်း ဒီနေ့ ချိန်းထားတာပါ သေချာပြန်ကြည့်ပေးပါနော်။ ခင်ဗျားကျနော့နာမည် ပေါင်းတာမှားနေလားမသိဘူး။

.

မန်နေဂျာ.....ခင်ဗျားကြည့်လည်းပြောပါဦး ။ ကျုပ် က မန်နေဂျာတယောက်ပါ ခင်ဗျားနာမည်တော့ ပေါင်းတက်ပါတယ်။

.

အထင်သေးစွာပြောလိုက်သော သူ့ စကားတွေက ကျနော့်နားသို့ သံရည်ပူလို စီးဝင်သွားသည်။ အ၀တ်အစားကို အလျှင်စလို ကောက်ထည့်ထားသော ခပ်စုတ်စုတ် အိတ်ကို ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်မည်။ ထားပါတော့လေ ကျနော့အတွက် အခုအချိန်မှာ အလုပ်တခုထက် ဘာမှ အရေးမကြီးပါ။

.

မန်နေဂျာ....ကျုပ်မှာ အချိန်မရှိဘူး ...ခင်ဗျားကို လုပ်လို့ ရတာ ၂ ခုရှိတယ

။ ဒီလျှောက်လွှာကို ဖြည့်ပြီး ကျနော့ လိပ်စာနဲ့ ပို့ လိုက်ပါ။ အလုပ်ရရင် ခေါ်လိုက်မယ်

၂။ အခြားအလုပ်တခုကို သွားလျှောက်ပါ။ ဒီနော်တို့ ရုံးပိတ်ပြီ...။ ကျေးဇူးတင်ပါတယ်။

.

ပြောရင်းထသွားသော မာန်နေဂျာ ကြောင့် ကျနော် စိတ်အားငယ်သွားသည်။မျှောင်လင့်ချက် တခုဆုံးရှုံး လိုက်ရပြီဆိုသော အသိနှင့် သူပေးသော လျှောက်လွှာ စာရွက် ကို ယူပြီး ကျနော့ ရုံးခန်းကို ကျောခိုင်းလိုက်သည်။ ကျနော့မှာ ရွေးစရာလမ်းတခုသာရှိသည်ပဲ။

.

(ဇတ်သိမ်းပိုင်း)
.
ပင်ပန်းနွမ်းနယ်စိတ်နဲ့ ကျနော်ထလာခဲ့သည်...မိုးကလည်းချုပ်ပြီ...ဘာဆိုဘာမှလည်းမစားရသေးပါ...ညအိမ်စရာနေရာ ကလည်းမရှိ....ဒီညတော့ ဘယ်လို စခန်းသွားရမလဲမသိတော့ပါ...။ ဒီဇင် ဘာမို့ နှင်းတွေကျနေတာတော့မဆန်း...ဒါပေမဲ့ ဆောင်မပါ အနွေးထည်မရှိကျနော်က တော့

နှင်းတွေရယ်ခဏလေးလောက်ဖြစ်ဖြစ် တိတ်ပေးပါ ... ဟု စိတ်မှရေရွတ်မိသည်...။

တချိန်က ကျွန်တော်ပိုင် ဆိုင်တဲ့ သူဌေးတန်းက အိမ်လေးမှာ ဘီယာချမ်းလေး သောက်ပြီး နေခဲ့ရသော နှင်းညတညကို ကျနော် ပြန်လည် မက်မောတက်လာပါပြီ....။ အတွေးတစတစ နှင့်လမ်းလျှောက်လာလိုက်တာ ဘယ်ရောက်လို့ ရောက်မှန်းမသိ တော့...။ ကျနော့် ဘေးနားမှ ဟလို ဆိုပြီး နှုတ်ဆက် လာတဲ့ သူတောင်းစား တယောက်အသံကြားမှ အာရုံပြန်ဝင်လာခဲ့သည်...။ ဟုတ်ပါသည် Homeless ကြီးတယောက် လှည်းတခု ကို တွန်းပြီး ကျနော့ဘေးမှ ယှဉ်လျှောက်လျှက်...။ ကျနော်လည်း အတန်ကြာသည် အထိ ပြန်နှုတ်ဆက်ရန်မေ့ နေခဲ့သည်..

homeless... ခင်ဗျားကြည့်ရတာ အစာမရှိသလို ပဲ...အေးကလည်းအေးနဲ့  အနွေးထည်လည်း မပါ ဘာလည်းမပါနဲ့ ..။

ကျနော်... အင်း

homeless... ရော့ ဒါလေးသောက်လိုက်

သူတောင်းစားကြီး လှမ်းပေးလာသော ပုလင်းကို ကျနော်ကြည့်လိုက်မိသည်...အထည်းက ဘာလဲတော့မသိ...ကျနော်လည်း မထူးဘူးဗျာ ဆိုပြီးမော့ချလိုက်သည်...အရက်ပြင်းပြင်း ဖြစ်နေသည်...။ ကျနော့ဘ၀မှာ ပထမဆုံးအကြိမ် အရက်ပြင်း သောက်ဖူးခဲ့ခြင်းပါ..။

homeless...ခင်ဗျားကြည့်ရတာ မပြေဘူးနဲ့ တူတယ်..

ကျနော်...ဟုတ်တယ်ဗျာ အလုပ်အင်တာဗျူးသွားတာ အဆင်မပြေပါဘူးဗျာ...ကျနော့ နာမည်တောင် ရှာမတွေ့ ဘူးတဲ့ဗျာ

homeless... ဟားဟားးး

ခေါင်းကို တညှိတ်ညှိတ်နှင့် သဘောကျစွာရယ်နေသော ထိုသူကို ကျနော် နားမလည်စွာ ကြည့်မိသည်...ကျနော်တို့ ဖြတ်လျှောက်လာ သော ပန်းခြံလေးအနား ခုံးတန်းလေးကို ရောက်တော့ ကျနော် ထိုသူအားနှုတ်ဆက်စကား ဆို လိုက်သည်..။

Homeless...ဘာလဗျ မင်း ဒီမှာ ပဲ နေခဲ့တော့မလို့ လား

ကျနော်... ဟုတ်တယ်ဗျာ ကျနော် ဒီညတော့ ဒီမှာ ပဲ နားတော့မယ်

homeless...အေးအေး ဒါကတော့ မင်းသဘောပဲပေါ့ ... ဒါပေမဲ့ ကြည့်ကျက်တော့ နေပေါ့ သူတောင်းစားလုပ်တယ်ဆို ကလည်း မလွယ်ဘူးဗျ...အဟတ်

ပြောပြောနှင့် ထွက်သွားသော သူတောင်းစားကြီးကို ကြည့်ပြီး ကျနော် ကျန်ခဲ့သည်...နှင်းဆဲ သွားတော့ မှ ကျနော်လည်း စိတ်သက်သာရရ သည်..။ မဟုတ်ရင်တော့မလွယ်...။

ရဲသား...ဟိတ်လူ...ဟိတ်လူ ထထ

မှေးခနဲ ပျော်သွားခါမှ လှန့် နိုးလိုက်သောအသံကြောင့် ကျနော် အလန့် တကြား ထမိသည်...။

ကျနော်...ဘာလဲဗျ ခင်ဗျားကလည်း အလန့် တကြား

ရဲသား...ခင်ဗျား ဒီနေရာမှာ အိပ်လို့ မရဘူး..

အခုမှထိုသူအား ကျနော် သေချာကြည့်မိသည်...ရဲ တယောက်ပဲ..

ကျနော်...ဒီတညပါပဲဗျာ

ရဲသား....တညပဲ အိပ်စရာမရှိတဲ့ သူတောင်းစားရယ်ရှိလို့ လား ?မရဘူး...မရဘူး...ခင်ဗျားအိပ်ချင်ရင် ဟိုးဘက် ၈ ဘလော့လောက်မှာ သူတောင်းစားတွေအိပ်တဲ့နေရာရှိတယ် သွားအိပ်ခြေ..။

ဘယ်လို မှပြောလို့ မရ မှန်းကျနော်သိလိုက် ပါပြီ...အစာမရှိလို့ အားပြတ်ရတဲ့ကြားထဲဗျာ...သူတောင်းစားလုပ်တာတောင် မလွယ်ဘူး...ဟု ကျနော့်စိတ်မှ ရွတ်ရင်းထွက်လာခဲ့ပါသည်...။ ဘ၀ဆိုတာ ဒါကြီးပဲဖြစ်မှာပါ...ချမ်းသာတဲ့ အချိန်တုန်းကတော့ ဘ၀ဆိုတာကို ကောင်းကောင်းနားမလည်ခဲ့တဲ့ ကျနော်..အခုတော့ ဘ၀ကို ရဲရဲကြီးရင် ဆိုင်ရပေဦးတော့မည်...။ ဒီရက်ခလေးသည် ကျနော့် ဘ၀တစ် ခုလုံး ဧ။်တနေ့ တာ သာ ဖြစ်သည်ဟု ဆိုခဲ့လျှင်........

(ကျေးဇူးတင်လျှက်)

ဒီဝတ္ထု လေးကတော့ ညလေး လွန်ခဲ့တဲ့ ၁ နှစ်လောက် က ဖတ်ဖူးတဲ့ နာမည်ကြီး အင်္ဂလိပ် ၀တ္ထု လေးတပုဒ် ကို အမှတ်ရပြီး ပြန်လည် မှီဝဲ ရေးထားတာလေးပါ...အခုတော့ ဒီ၀၀တ္ထု ကို Stuck ဆိုတဲ့ ရုပ်ရှင် ဇတ်ကားအဖြစ် ပြန်လည် ရိုက်ကူးထားတာကို တွေ့ ရပါတယ်...။ဇတ်လမ်းရဲ့  နောက်ပိုင်းမှာ သွေးသံရဲ ရဲ နဲ့ ကြောက်မက်ဖွယ် ကောင်းပြီး သနားစရာကောင်းတဲ့ ထိုသူ့ အကြောင်းကို တော့ အချိန်ရတဲ့တနေ့ ရေးပါဦးမယ်...။

7 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Welcome said...

ဖတ်ပြီးသားလေး ဖြစ်ပေမယ့်
ပြန်ဖတ်သွားပါတယ်။
သံဝေဂရစရာလေးပါပဲ
ပြန်လည်ဖော်ပြပေးလို့ ကျေးဇူးပါ ..

အဆင်ပြေပျော်ရွှင်ပါစေ
ခင်မင်လျက်နဲ့

Anonymous said...

ဟင်း........ ခုမှပဲ ဇတ်သိမ်းလေးကို ဖတ်ရတော့ တယ်။ ကျေးဇူးပါ ငှက်ငယ်လေးရေ။ :)

Dr Phyo Wai Kyaw said...

တရားကျဖို့ကောင်းတယ်ညလေးရယ်
ဘရာဘိုဘုန်းကြီးဝတ်တော့မယ်။
ဘာပြောရမှန်းတောင်မသိတော့ဘူး..။
အဟောင်းလေးတွေပါ ပြန်တင်ပေးပါလား

ဖိုးဂျယ် said...

ဖတ်ဖူးပေမဲ့ မေ့နေညို့ ပြန်ဖတ်သွားပါတယ်။

JulyDream said...

ဘ၀ဆိုတာ ဒီလိုမျိုးတွေလည်း ရှိတတ်တယ်ဆိုတာကို သိပေမယ့် ဇာတ်လမ်းကို အစကနေ အဆုံးထိရောက်အောင် ဆက်ဖတ်ဖြစ်သွားခဲ့တယ်။

မသက်ဇင် said...

လာလည်ရင်း--စိတ်ဝင်တစားဖတ်သွားပါတယ်--
ပျော်ရွှင်ပါစေ--

ဖြိုးဝေတိုး said...

လူငယ်တယောက်ရဲ့ခါးသီတဲ့ ဘဝတနေ့တာ အကြောင်းကိုဖတ်သွားပါတယ်...
ခင်တဲ့