Mar 9, 2009

ခြောက်လှန့် မှု

အလွမ်းနဲ့ ငွေ့ ရည်ဖွဲ့ 
မျက်ရည်တွေ မိုးအဖြစ်နဲ့ ရွာချတဲ့အခါ
ငါ့ ကမ္ဘာမှာ မုန်တိုင်းထန်သွားတယ်
အဆင်မပြေခြင်းဆိုတဲ့ လေးဆိုး
အတင်းအပြင်းထိုးနှက်လိုက်တဲ့အခါ
ဘယ်ညာယိုင်ထိုးလို့ 
ကံကြမ္မာဆိုးကိုပဲအငိုနဲ့ ချော့သိပ်ရမတဲ့လား
တောခြောက်သံမှာ မျက်ရည်ဝဲတာ
ပျော့ညံ့သူတွေရဲ့ အလုပ်ပါဆိုပေမဲ့
သစ်ရွက်ကြွေသံမှာငါ့
နှလုံးသားတုန်ရီသွားတာပါ.. ။
(ရေးထားတာကြာပါပြီ..အခုမှပြန်တင်လိုက်တာပါ..)

5 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

အရမ်းကောင်းတယ် ညလေးရယ်

"ကံကြမ္မာဆိုးကိုပဲအငိုနဲ့ ချော့သိပ်ရမတဲ့လား"

အရုပ်ကလေး said...

ကဗျာလေး ထိမိတယ် ..။

Anonymous said...

လာလည်သွားပြီး ကဗျာလေးတွေ ခံစားသွားပါတယ်။

ရွှေပြည်သူ (ShwePyiThu) said...

“တောခြောက်သံမှာ မျက်ရည်ဝဲတာ
ပျော့ညံ့သူတွေရဲ့ အလုပ်ပါဆိုပေမဲ့”... တကယ့်ကို ကဗျာကောင်းလေး တစ်ပုဒ်ပါ...

Welcome said...

ကဗျာအရေးကောင်းမှန်း
ခုမှ ဖတ်မိတယ်။
စကားလုံးတွေကဆန်းသစ်တယ်

အားပေးနေမယ် ..