Mar 22, 2009

ဗုဒ္ဓဘာသာ နဲ့ ယုံကြည်မှု

ဗုဒ္ဓဘာသာ က ဘယ်တော့မှ သူတို့ ပြောတာ မှားနေတယ် ''မယုံနဲ့ '' လို့ မပြောဘူး။ယုံပါ ယုံရမယ် လို့ ပြောရင် ဘုန်းကြီးက ဘာပြန်ပြီနောက်ဆရာ တစ်ယောက် ယုံခိုင်းနေပြန် ပြီ လို့ တွေးပြီး လက်ခံမှာမဟုတ်ဘူး..။ စိတ်ဝင်စားမှာမဟုတ်ဘူး ။ လက်တွေ့ စမ်းကြည့်ပါလို့ ပြောလို့ ဘုန်းကြီး က လက်တွေ့ စမ်းကြည့်တာ..။ စာတွေ့ လောက်နဲ့ မှန်တယ် မှားတယ် ဆုံးဖြတ်လို့ မရဘူး...။လက်တွေ့ မှရမှာ..။ မှန်ကန်တိကျတဲ့ ကြောင်းအကျိုး အထောက်အထားမရှိပဲ မှန်တယ်လို့  ပြောတာကို လက်မခံနိုင်ပါဘူး..။အဲလိုသာလက် ခံနေရင် ခေါင်းက အမှိုက်ပုံးဖြစ်သွားမှာပေါ့...။ တစ်ချို့ ကပြောတယ် အထောက်အထားမရှိပဲ ယုံတာမှ တကယ်ယုံတာ..။ အထောက်အထားခိုင်လုံမှ ယုံတာ က တကယ့်ယုံတာမဟုတ်ဘူးတဲ့...။တကယ်ေ တာ့ ယုံတာ က အဓိက အဟုတ်ဘူး...သိတာက အဓိက...။မယုံကြည်ရင် အပြစ်ရှိတယ်လို့ ပြောတာလည်း အများကြီး ...။ယုံရင်အပြစ်ရှိတယ်လို့ ပြောတာလဲအများကြီး ။အဲတော့ကြောက်ကြောက်နဲ့ ယုံလိုက်တာပဲ...။အကြောင်းအကျိုးကို ကိုက်အောင် စဉ်စားနိုင်တဲ့ လူ့ အရည်အချင်းကို ပိတ်ပင်တာ ..ဖျက်စီးတာ ဟာ ..ဒါဟာအကြီးလေးဆုံး အပြစ်တစ်ခုပဲ ။ အမှန်တရားကို မသိအောင် ပိတ်ပင်တာ အမှားဆုံးလုပ်ရပ်ပဲ..။


ယုံကြည်မှုကို နောက်တစ်မျိုးပြောပါဆိုရင် .... သံသယကင်းခြင်းလို့ ပြောလို့ရတယ်.....ဒါပေမဲ့.
ဗုဒ္ဓဘာသာ ကတော့..အကန်းယုံကို အားမပေးဘူးလေ.... ဒီအကြောင်းကို ဗုဒ္ဓကိုယ်တော်တိုင်...
ကာလာမ ပုဏ္ဏားတို့ကို....

(၁) တစ်ဆင့်စကားပြောသံကြားကာမျှကို ဟုတ်ပြီမှန်ပြီဟု ချက်ချင်းအတည်မယူလေနှင့် ၊ လက်မခံကြလေနှင့် ( မာအနုဿဝေန)

(၂) ရိုးရာ အစဉ်အလာကိုက်ညီသော စကားဖြစ်၍လည်း ဟုတ်မှန်ပြီဟု ချက်ချင်းအတည် မယူကြလေနှင့် ( မာပရမ္မာရာယ)

(၃) ရှေးကဒီလိုဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ (ထုံးရှိ၍လည်း) ဟုတ်မှန်ပြီဟု ချက်ချင်းအတည်မယူနှင့်(မာဣတိကိရာယ)

(၄) ပိဋက (စာပေ) နှင့် (ကျမ်းဂန်နှင့်) ကိုက်ညီတယ်ဆိုပြီးတော့လည်း ဟုတ်မှန်ပြီဆိုပြီး ချက်ချင်းအတည်မယူနှင့် (မာပိဋက သမ္ပဒါနေန)

(၅) မိမိကိုယ်တိုင်တွေးကြံနိုင်ရုံ မျှနှင့်လည်း (ဆင်ခြင်တုံတရားနှင့်ညီသည် ၊ ယုတ္တရှိသည်ဆိုပြီး ) ဟုတ်ပြီ မှန်ပြီဟု ချက်ချင်းအတည် မယူလေနှင့် ( မာတက္က ဟေတု)

(၆)နည်းမှီ ရယူရုံဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု ချက်ချင်းအတည်မယူလေနှင့် ( မာနယ ဟေတု)

(၇) အခြင်းအရာကိုကြံစည်စိတ်ကူး ပြီး (သဘောကြရုံဖြင့် ) လည်း ဟုတ်မှန်ပြီဟု ချက်ချင်းအတည်မယူလေနှင့် ( မာအာကာရ ပရိဝိတက္ကေန)

(၈) ငါတို့သဘောကျ လက်ခံထားတဲ့ အယူဝါဒနှင့် ကိုက်ညီတယ်ဆိုပြီးတော့ လည်း ဟုတ်မှန်ပြီဟု ချက်ချင်းအတည်မယူလေနှင့် (မာဒိဋ္ဌိနိဇ္ဈာန ခန္တိယာ)

(၉) မှတ်ထိုက် ယူထိုက် လက်ခံထိုက်တဲ့ သဘောဆိုပြီးတော့လည်း ချင်ချင်းအတည်မယူလေနှင့် (မာဘဗ္ဗရူပ ပတာယ)

(၁၀) ငါတို့ လေးစားတဲ့ ရဟန်းရဲ့စကား ဆိုပြီးတော့လည်း ဟုတ်မှန်ပြီဟု ချက်ချင်းအတည်မယူလေနှင့်
(မာသမဏော နော ဂရုတိ)


လူ့ဘ၀ မှာ တကယ်တမ်း အကျိုးရှိရှိ အသုံးချခြင်တဲ့သူ ၊ မှန်သောလမ်းကိုရောက်ချင်သူ တွေ ဟာ အယူစွဲနဲ့ ၊
သံသယကို အရင် နှိမ်းနင်းရပါတယ် ။ သူတို့ကို နှိမ်နင်းဖို့ကတော့ ...ပညာ အရာ ပဲ ဖြစ်ပါတယ်...

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: