Jul 17, 2009

ငှက်ငယ်လေး ခရီသွားခဲ့သည် ။

........အခုတလောလေ...ညလေးအရမ်းစိတ်တွေရှုပ်နေလို့ ဘလော့ကို မရောက်ဖြစ်တော့ဘူး...အင်တာနက်လည်း သိပ်မတက်တော့ဘူး...စာတွေလည်း မရေးဖြစ်တော့ဘူး....အကိုအမတွေ အိမ်တွေလည်းမရောက်ဖြစ်တော့ဘူး...ဘလော့ကိုလေ အရမ်းဝင်ချင်တယ်...စာတွေလည်း အများကြီးရေးချင်တယ်...ရင်ထဲရှိတာတွေအားလုံးကို ရေးချကြေးဆို တစီတတန်းကြီးနဲ့ ရေးလို့ တောင်ပြီးမှာမဟုတ်ဖူး...။ ညလေးက မလာဖြစ်တာကြာတော့ ညလေးကို မေ့သွားကြပီလားမသိဘူးနော်..း( ... ဘာပဲပြောပြော စာရေးတွေရေး ၊tag လေးတွေရေးပြီး နေရတာလေးကလည်း စိတ်ကို တမျိုးပျော်ရွှင်စေတာပဲလေ...။ ညလေးမလာနိုင်ပေမဲ့ ညလေးဆီကို လာလာလည်ကျတဲ့ အကိုအမတွေကိုလည်း ကျေးဇူးပါပဲနော်...ညလေးလည်း အတိုးချပြီးပြန်လည်ဦးမယ်...ဒီနေရာလေးတွေပဲသွားစရာရှိတာနော့....။

ဒီလိုပဲ နေနေတာ...ရက်တွေကြာလာတော့လည်း ငြီးငွေ့ ဖို့ ကောင်းတယ်...စိတ်ညစ်စရာလေးတွေရှိတော့လည်း သူငယ်ချင်းတွေကို ရင်ဖွင့်ချင်ပါတယ်...ဒါပေမဲ့ ကိုယ့်အပူကို သူ့ အပူဖြစ်မှာလည်း စိုးတယ်လေ...။ အဲလိုလည်း မညှင်းရက်ပါဘူး..အဲဒါကြောင့် စိတ်ထဲမှာ ရှိသမျှ စုပုံပြီး သော့ခတ်သိမ်းထားလိုက်တယ်...အခွင့်ရတဲ့ တနေ့ ကျမထုတ်ရှင်းတော့မယ်...(ပျင်းပြီ) ..."Everything happened have a reason " ဖြစ်သမျှ အကြောင်းအရာတွေအားလုံးမှာ အကြောင်းပြချက်တစ်ခုဆီရှိတယ် ဆိုသလိုပဲပေါ့..."Not everything that faced can be changed, But nothing can be changed untill it is faced" ရင်ဆိုင်ခဲ့ ရတဲ့ အခက်အခဲအားလုံး မပြောင်းလဲနိုင် ပါဘူး...ဒါပေမဲ့ မရင်ဆိုင်သရွေ့ တော့ ဘာမှပြောင်းလဲသွားမှာမဟုတ်ဖူး တဲ့ စကားပုံလေးတောင်ရှိသေးတယ်လေ..အဲတော့လည်း ပြသနာတွေအားလုံးကို ရင်ဆိုင်လိုက်တယ်...အဲလိုပြသနာတွေကြုံလာတော့ ဆရာတော် ဦးဇောတိက ဟောဖူးတဲ့ စကားတခွန်း ကိုသွားသတိရတယ်.... "We cannot expect to go through life without being confronted with pain " ဒုက္ခ မကြုံရဘဲ ကိုယ်ဆင်းရဲမှုမကြုံရဘဲနဲ့  ဘ၀ခရီးကို ဖြတ်သန်းလို့ မရဘူးလို့ ဟောထားတယ်...။ သိပ်မှန်တာပဲနော်....ဘာအခက်အခဲမှ မရှိပြန်တော့ ဘ၀ဆိုတာက ပေါ့ပျက်ပျက်ကြီးဖြစ်သွားမှာပေါ့နော်...အခက်အခဲလေးတွေ ဖြတ်သန်းရတော့ အဲဒီအခက်အခဲတွေထဲကနေ သင်ခန်းစာလည်းရတာပေါ့...(ပြောရင်းဆိုရင်းတရားစခန်းတောင်ဝင်ချင်လာပီ) ... တော့ပစ်ပြောင်းတော့မယ်....မဟုတ်ရင် လာလည်တဲ့ အကို အမတွေပါ စိတ်ညစ်သွားမှာဆိုးရတယ်း)

ဟိုတလောကတော့ နယူးယောက် Utica ကို ရောက်ဖြစ်တယ်...အပျော်သက်သက်တော့ဟုတ်ပါဘူး...ဖေဖေနဲ့ လိုက်သွားတာ...အပြန်ကျတော့ Buafflo ကိုဝင်တယ် ပြီးတော့ အမေရိကန် နဲ့  ကနေဒါနယ်ဆပ်က Niagara Fall ကိုဝင်တယ်. အရမ်းကိုလှတဲ့ နေရာတခုပါပဲ...ဒီဘက်က အမေရိကန်ဆို...ဟိုဘက်ကမ်းက ကနေဒါ လှမ်းကြည့်ရင်မြင်နေရတယ်...ကနေဒါ ကသူတွေကလည်း လာလည်...ဒီဘက်ကလူတွေကလည်း လာလည်ဆိုတော့ လူတွေက စည်စည်ကားကားနဲ့  ...ခက်တာက ကင်မရာမေ့ကျန်ခဲ့တား(...ဓါတ်ပုံမရိုက်ရလို့ ဆိုပြီး အဖေ့ကို စိတ်တွေထိုင်ကောက်လို့ ...အဖေက မနည်းပြန်ချော့ခဲ့ရသေးတယ် :P...ဒါပေမဲ့ ညလေးက ကံကောင်းတယ်သိလား..မင်းသမီးဆိုတော့ (ကြုံတုန်းကြွားပြီ (မင်းသမီးဆိုတာက သူများသမီးမဟုတ်ဖူးလို့ ပြောတာ ဟီးး :P) ဖေဖေ့မိတ်ဆွေတွေထဲက ဟိုလူကဓါတ်ပုံရိုက် ဒီလူကဓါတ်ပုံရိုက်ဆို တော့ အဲပုံတွေကို မေးလ်ကနေ ပြန်ပို့ ပေးကြတယ်လေ :P (သြော်ကြည့်မနာလိုဖြစ်နေကျပြီ ခက်တော့တာပဲ) .စတာနော်...အဲလို မနောက်ရတာကြာပြီဆိုတော့..ပြီးတော့ Indiana Fortwayne ကို ခဏလေးဝင်ပြီးတော့ ပြန်လာခဲ့ပါတယ်...။ ညလေးတို့ က ကားမောင်းပြီးသွားကျတာဆိုတော့ လမ်းမှာ တော့ ဟိုဝင်ဒီထွက်နဲ့ ပေါ့...ဒါကတော့ စိတ်မပြေ လက်မပျောက် ခရီးလေးပေါ့နော် (ကားမောင်းရလို့ :P ) ... နောက်မှဓါတ်ပုံလေးတွေတင်ပေးမယ်နော်...အခုတော့ ဘလော့လျှောက်လည်လိုက်ဦးမယ်း)

7 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Nge Naing said...

မင်္ဂလာပါ။ စာလာဖတ်သွားပါတယ်။ ကနေဒါနဲ့ အမေရိကကို ခြားထားတာ ဘာမြစ်လဲ မသိဘူး။ အဲဒီမြစ်နဲ့ပတ်သက်ပြီး ကျွန်စနစ် အကြောင်း ရေးထားတဲ့ စာအုပ်တအုပ်ဖတ်ဖူးလို့ သတိရတေယ်။ မကြာသေးခင်ကမှ ဖွင့်ထားတဲ့ ကျွန်မ ဘလော့ဂ်ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

ငှက်ငယ်လေး said...

Niagara မြစ်ပါမမ

အရုပ်ကလေး said...

ညီမလေး .. အလည်လာတယ် .. မတွေ့တာ
တော်တော်ကို ကြာနေပြီ .. အွန်လိုင်းလည်း တက်တာ မတွေ့ဘူး .. အရင်အကောင့် မဟုတ်တော့ဘူးလား ..
အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ ..

ခင်ခင်မင်မင်
idulize

Ree Noe Mann said...

ညလေး ရေ

စာလာဖတ်သွားတယ်နော်။
အားပေးနေတယ်။

ကိုရီနို

မင်းနေဝေး said...

လာဖတ်သွားတယ် ....
ပုံတွေ မျှော်နေမယ် .. :P
ရေတံခွန်ကို လှလှလေးရိုက်ခဲ့လား ..
တစ်အားသဘောကျတာ .. ရေတံခွန်တွေကို ...

s said...

ပိာတ် မေ့ပါဘူး သတိရပါတယ် သူငယ်ချင်းကို အားရင် စာတွေပြန်ရေးနော်............အားပေးနေမယ်..

သယာပွလေး said...

ငှက်ငယ်လေး အကို သာယာပါ.. လာအားပေးသွားတယ်..
း) ဂျီတော့လေး ဘာလေးလဲ ၀င်ပါအုံး မတွေ့တာတောင် ကြာဘီ.. ဒါဗြဲ..