Jul 26, 2009

တကယ်ဆို

မရည်ရွယ်ခဲ့ပါဘူး..
ရင်ခွင်ရိုင်းလေးတစ်ပွင့်
မရှက်မကြောက်ဝန်ခံမိတယ်..
လောကရဲ့ ပေးသမျှ...
အတိုးရော.....
အရင်းရော...
တဂွမ်းဂွမ်းနဲ့ ကိုက်စားရဲပေမဲ့
မင်းမျက်နှာညိုးမှာကို
ကြောက်နေမိပြန်တယ်..........။

ဘာပေးလို့ ဘာရမှာလဲမသိတာထက်စာရင်
ကျမလိုချင်တာတွေ ကို
ကျမဆီကနေပြန်ပေးနေခဲ့တယ်...

ခုန်လိုက်တိုင်းလို
မင်းနာမည်ခေါ်နေတဲ့
ကျမနှလုံးသားကို
တခါတရံ...
ပြန်မုန်းမိပြန်တယ်......။

8 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

WWKM said...

ညီမလေးရဲ့ကဗျာလေးကို မမခံစားသွားပါတယ်နော်.
ကဗျာလေးကောင်းတယ်..
ချစ်တဲ့သူတိုင်းကိုပေါင်းဆုံကြစေချင်ပါတယ်...

မမကစီဘုံးမှာ မေ့ပစ်လိုက်ပါ ညီမလေးရေလို့ ရေးထားလိုက်ပြီးမှ ကိုယ်ချင်းမစာရာ ကျသွားမလားလို့
ကွန်မန့်လေးမှာထပ်ရေးမယ်နော်..

ချစ်မိသွားပြီဆိုရင် မေ့ပစ်လို့လည်းမရဘူး၊အချစ်ကိုသတ်
ပစ်လို့လည်းမရဘူး...ဘယ်လိုမှ မဖြစ်နိုင်မှန်းသိရင်တော့
မေ့ချင်ယောင်ဆောင်ထားလို့ပဲရတယ်...တဲ့...
ခိုင်ဝတ္တုလေးထဲမှာဖတ်ဖူးတယ်... ဟုတ်တယ်ညီမလေး.
မဖြစ်နိုင်ဘူးထင်ရင် ခံစားရတာတွေသက်သာအောင်
မေ့ချင်ယောင်ဆောင်ထားလိုက်ပါ ညီမလေး...အရမ်းမခံ
စားနဲ့နော်.. သနားပါတယ်.နာ့ညီမလေး...း)))
စိတ်တွေပူလောင်နေရင် သီချင်းတွေအော်ဆိုပစ်လိုက်
ညီမလေး ပေါ့သွားမယ်. အဟတ်..မမအားပေးတတ်တာ
အဲ့လောက်ပဲ... :P

ညီမလေးကျန်းမာပျော်ရွှင်ပါစေ.
ချစ်တဲ့သူနဲ့ပေါင်းဆုံနိုင်ပါစေ.

ချစ်တဲ့
မမ၀ါ

မင်းနေ said...

ကဗျာလေးလာဖတ်သွားတယ်ဗျာ ....
ကဗျာကို ချစ်တတ်ပါတယ် ....
များများရေးနိုင်ပါစေဗျာ ....

ဒီတစ်ခါ ဘက်ဂရောင်းပြောင်းထားသလားပဲနော် ...

Anonymous said...

သိပ်လှတဲ့ ကဗျာလေးပါပဲဗျာ ~~~

မီးတောက် said...

ခုန်လိုက်တိုင်းလို
မင်းနာမည်ခေါ်နေတဲ့
ကျမနှလုံးသားကို
တခါတရံ...
ပြန်မုန်းမိပြန်တယ်......။

အဲဒီအပိုဒ်လေးကိုတော့ ပိုကြိုက်သွားပါတယ် ခင်ဗျာ
အရေးအသားကတော့ လန်းတယ်ဗျာ

Anonymous said...

ခုန်လိုက်တိုင်းလို
မင်းနာမည်ခေါ်နေတဲ့... ဆိုတော့ဘာခုန်တာလဲ ဟင်... ကြည့်ရတာ ဂျွမ်းဘားကစားတာတွေ၊ ပြေးခုန်ပစ်တို့၊ ဘာတို့် ဝါသနာပါတယ်ထင်တယ်
ဟီးဟီးဟီး... စတာပါနော်.... ။
ကဗျာလေးကောင်းတယ် သိလား... ကျမလိုချင်တာတွေကို ကျမဆီကနေ ပြန်ပေးနေခဲ့တယ် ဆိုတဲ့ စာသားတော့ ရေလည်ခိုက်တယ်ဗျာ အဲဒါ အမှန်ပဲဗျ လူတိုင်းပဲ အဲလိုဖြစ်နေတာ။

ဇီးကုန်းသာယာ said...

ငှက်ငယ်လေး... အရေးသားတွေက တစ်ခေါက်လာဖတ်တိုင်း တစ်ခါတိုးတတ်နေတယ်
အကြီးကြီး ခံစားသွားပါတယ်...း)
your Bro
သာယာ

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာ ခံစားချက်လေးလဲ အရမ်းကောင်းတယ်ဗျာ

ငှက်ငယ်လေး said...

စိတ်တွေပူလောင်နေရင် သီချင်းတွေအော်ဆိုပစ်လိုက်
ညီမလေး ပေါ့သွားမယ်.


မမ၀ါ..တီတီဝါ...တိတော့ဘူး တခါခေါ်တမျိုး ဘယ်တစ်ထုပိုကြိုက်လည်းပြောဟီးး...


စိတ်တွေညစ်တိုင်း သီချင်းတွေအော်ဆိုလွန်းလို့  ကွန်ပြူတာလေးပျက်တွားပီး(

...

ကိုကိုမမတွေရဲ့ အားပေးမှုတွေအတွက်ကျေးကျေးပါနော်