Aug 17, 2009

မိတ်ဆွေစစ်ဆိုသည်မှာ

(က) ကျေးဇူးပြုသော မိတ်ဆွေစစ်
၁။ မေ့လျှော့သူကို စောင့်ရှောက်တတ်ခြင်း၊
၂။ မေ့လျှော့သူ၏ စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်ခြင်း၊
၃။ ကြောက်ရွံ့နေသူ၏ အားကိုးအားထားရာဖြစ်ခြင်း၊
၎။ ပြုဖွယ်ကိစ္စရှိလာလျှင် လိုအပ်သည်ထက်နှစ်ဆကူညီခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ကျေးဇူးပြုသောမိတ်ဆွေစစ် ဟုခေါ်သည်။

(ခ) ဆင်းရဲအတူ ချမ်းသာအမျှ မိတ်ဆွေစစ်
၁။ သူ၏ လျှို့ဝှက်ထားသော အကြောင်းကိစ္စကို မိမိအားသာ ပြောခြင်း၊
၂။ မိမိ၏ လျှို့ဝှက်ထားသော အကြောင်းကိစ္စကို သူတစ်ပါးအား မပြောကြားဘဲနှုတ်လုံခြင်း၊
၃။ အခက်အခဲ ဘေးအန္တရာယ်နှင့် တွေ့ကြုံလာလျှင် မိမိကိုစွန့်ပစ်မသွားခြင်း၊
၎။ မိမိအကျိုးအတွက် အသက်ကိုပင် စွန့်နိုင်သူဖြစ်ခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ဆင်းရဲအတူချမ်းသာအမျှ မိတ်ဆွေစစ် ဟုခေါ်သည်။

(ဂ) အကျိုးစီးပွား ပြောကြားသော မိတ်ဆွေစစ်
၁။ မကောင်းမှု မပြုရန် တားမြစ်သူ၊
၂။ကောင်းမှုပြုရန် တိုက်တွန်းသူ၊
၃။ မကြားဘူးသေးသော သိမ်မွေ့နက်နဲသည့် အကြောင်းအရာကို ပြောကြားသူ၊
၎။ နတ်ရွာနိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်းလမ်းမှန် ညွှန်ပြပြောဆိုသူ၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အကျိုးစီးပွား ပြောကြားသော မိတ်ဆွေစစ် ဟုခေါ်သည်။

(ဃ) စောင့်ရှောက်သောမိတ်ဆွေစစ်
၁။ မိမိ၏ ဆုတ်ယုတ်ပျက်စီးမှုကို မနှစ်သက်သူ၊
၂။ မိမိ၏ တိုးတက်ကြီးပွားမှုကိုသာ နှစ်သက်သူ၊
၃။ မိမိအကြောင်း မကောင်းပြောသူကို တားမြစ်သူ၊
၎။ မိမိ၏ ဂုဏ်ကျေးဇူးပြောဆိုသူကို ချီးမွမ်းသူ၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို စောင့်ရှောက်သောမိတ်ဆွေစစ် ဟုခေါ်သည်။


မိတ်ဆွေစစ်တို့ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားတတ်ကြပါစေနော်

5 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

yangonthar said...

ကျေးဇူးတင်ပါတယ် ငှက်ငယ်လေး ရေ “ဆင်းရဲအတူချမ်းသာအမျှ မိတ်ဆွေ” တစ်ယောက် ကျနော့်မှာ ရှိလို့  သူနဲ့ တွေ့ တဲ့  အခါ သူဟာ ဘယ်လို မိတ်ဆွေ တစ်ယောက် ဖြစ်တယ် ဆိုတာကို ပြောပြရဦးမယ် မိတ်ဆွေ အပြားရဲ့ အင်္ဂါရပ်တွေကို တင်ပြပေး တဲ့ အ တွက်ငှက်ငယ်လေး ကို ကျေးဇူးတင်ပါတယ် ငှက်ငယ်လေး လည်း ဤ လေးပါးသော မိတ်ဆွေအများနဲ့  ဘဝမှာ ပျော်ရွှင် မှုတွေကိုသာ ပိုင်ဆိုင်နိုင်ပါစေ ဗျာ ....

ခင်မင်းလျှက်
ရန်ကုန်သား :D
link သွားမယ် နောင်အမြဲ လာလည် လို့ ရ အောင် ........ :D

ATN said...

သိသင့်သိထိုက်တာလေးတွေ ရေးပြီးတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ငှက်ငယ်လေး...

Anonymous said...

မှတ်သားစရာ ပါပဲဗျာ တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ။

Unknown said...

ကျေးကျေးပါနော် ညီမလေးရေ.....
လိမ်မာလိုက်တာ.. အကို့လိုဘဲ..

thawzin said...

မိတ်ဆွေအင်္ဂါရပ်လေးတွေ ဖော်ပြပေးတာကျေးဇူးပါ.. သင်လဲ မိတ်ကောင်းဆွေဖော်တွေနဲ့ ကြုံတွေ့ ဆုံဆည်းနိုင်ပါစေ