Aug 20, 2009

ညဏ်စမ်း

ကဲကဲအပျင်းပြေ မေးခွန်းလေးတထုမေးမယ် ဖြေကြည့်နော် ညလေးမေးတာကို..

(၁)

တခါကပေါ့နော် ရွာသား ၂ယောက်က ပင်လယ်ပြင်မှာငါးဖမ်းထွက်ကြတယ်...

တနေ့ သာကုန်သွားပါတယ် ငါးတကောင်မှမရရှာဘူးပေါ့ကွယ်...

အဲဒါနဲ့ လက်မှိုင်ချပြီးပြန်လာကြတော့တယ်...

လှေကိုတော့ အရှေ့ ကတစ်ယောက်ထိုင် အနောက်ကတစ်ယောက်ထိုင်ပြီး လှော်လာကြတယ်..

လမ်းခရီးတ၀က်ကိုရောက်တော့ ပင်လယ်ထဲမှာ ရတနာအပြည်နဲ့  အိုးတလုံးက နစ်လိုက်မြုပ်လိုက် နဲ့ နေတယ်တဲ့

သိချင်တာလေးကတော့ အဲဒီရတနာအိုးကို ရှေ့ က သူ ကအရင်တွေ့ မလား နောက်ကသူကအရင်တွေ့ မလားဆိုတာပါပဲ..


(၂)

နောက်တထုက
အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅ ဆိုရင်
၅= ? ကဘာဖြစ်မယဲ


(၃)
ကတော့

သူငယ်ချင်း ၃ ယောက် က ဟိုတယ်တစ်ခုမှာသွားတည်းကြတယ်...တစ်ယောက်ကို ၁၀ စီပေးလိုက်တယ်တဲ့ အားလုံးပေါင်း ၃၀ ကျပ်ပေါ့ ။ တကယ်တန်းကျတော့ ဟိုတယ်ခက ၂၅ ကျပ်ပဲကျတယ်...၀န်ထမ်းကလည်း ဘယ်လိုခွဲရမှန်းမသိတာနဲ့ တယောက်ကို ၁ ကျပ်စီနဲ့  ၃ ကျပ်ပြန်ပေးလိုက်တယ်...။ ပိုတဲ့ ၂၇ ကျပ်ထဲက. ၂ ကျပ်ကိုသူက ယူလိုက်တယ်..။.ပိုတဲ့၂၇ ကျပ်ရယ် သူယူတဲ့ ၂ ကျပ်ရယ်ပေါင်းတော့ ၂၉ ကျပ်ပဲရှိတယ်...။ တစ်ကျပ်က ဘယ်ရောက်သွားသလဲ။ (တစ်ခုထပ်ထည့်ထားရယ် ဂျာ ချိတ်အဆိုးနဲ့ နော်)

လွယ်လွယ်ယေးနော် အဖြေက စာထဲမှာပါပီးတား...အရင်ဆုံးဖြေနိုင်တဲ့တူကို ဘာပေးရင်ကောင်းမယဲတိဘူး (စဉ်းစားတုန်း) အဟီး

အိမ်လာပီး မဖြေတွားတဲ့သူ တွေ ...အပျိုကြီး လူပျိုကြီးတွေဖြစ်ပါစေ... (ဆုတောင်း)


ညဏ်စမ်းကို tag ထားပါတယ်...တယောက်ကို ညဏ်စမ်း ၃ ခုစီမေးကြေးပေါ့နော် ...
မဲပေါက်သွားတဲ့ တူတွေကတော့......


တီတီဝါ
မဆုမွန်
လိပ်ပြာလေး (ရေးပြီးပါပြီချင့်)
မမမေ
မမသဉ္ဇာ (ရေးပြီးပါပြီချင့်)
အမတငယ် (ရေးပြီးပါပြီချင့်)
လမင်းငယ်
မထင်းထင်း
မမယ်ကိုး
ဝက်ဝံလေး (ရေးပြီးပါပြီချင့်)
ကိုအိမ် (ရေးပြီးပါပြီချင့်)
ကိုကြီး အလှတရား
ကိုတောင်ပေါ်သား
ကိုရန်ကုန်သား (ရေးပြီးပါပြီချင့်)
ကိုယုယ (ရေးပြီးပါပြီချင့်)
ကို ရဲရင့်နီ
ကိုနွေဆူးလင်္ကာ (ရေးပြီးပါပြီချင့်)
ကိုလဂွန်းအိမ်
littlebrook
(ကို)ခပ်ပိန်းပိန်းကောင်လေး (jeljel)
ကို Republic နဲ့ 
ကို idulize တို့ ပဲဖြစ်ပါတယ်ချင့်.
.နာမည်စာရင်းမှာပါတဲ့သူတွေက ညဏ်စမ်း ၃ ပုဒ်စီ မေးပေးရမှာဖြစ်ပါတယ်ရှင် (ညလေးကြိုမရေးမိတာခွင့်လွှတ်ပါအမတရယ် တေသင့်ပါတယ် ).လက်ခုပ်တီးပြီးအားပေးကြပါ...(ဖလောက်ဖလောက်) မရေးရင်ထိုင်ငိုမှာနော်..၀ါးးးးးး ..မရေးတဲ့သူတွေ အပိုကြီး လူပိုကြီးတွေ ဖြစ်ပါချေ...ရေးတဲ့သူတွေ ဆန်းပွင့်ပါချေ...မန့် များများရပါချေ...

23 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

မေလေး said...

အီးးးးးးးးးးးးး

ဝါးးးးးးးးးးးးးးးးးးး

ဗြဲးးးးးးးးးးးးးးးးး

နာ့ကပိန်းပါတယ် ဆို

ဘာတွေလာတက်ပလက်တာတုန်း

အဟင့်

ချစ်လို့တက်တော့လဲ ရေးရမှာပေါ့အေ့

WWKM said...

နံပါတ် ၂ အဖြေက ၃၁၂၅ ပါကွယ်.
မှန်ရင်မုန့်လာကျွေးနော်.
ပြီးရင်အကြွေးမှတ်ထား.း))

WWKM said...

နံပါတ်၁ အဖြေက ညလေး အစ်ကိုကြီးကိုဖြေခိုင်းလိုက်
နော်.အခွင့်အရေးပေးသွားတယ်.သူကအဲလိုပုစ္ဆာတွေဆို
ဖြေတတ်တယ်. :P

ဖိုးဂျယ် said...

နစ်လိုက် မြုပ်လိုက်ဆိုတော့ နှစ်ယောက်လုံး မြင်လောက်တယ်လေ။
ဘယ်သူ ဆယ်လဲဆိုရင်တော့ တမျိုးပေါ့နော်
နစ်တာနဲပ မြုပ်တာက တူနေလို့လေ။
အောက်က အဖြေတော့ မသိး)

တဂ်ဆိုတော့လဲ ရေးရမှာပေါ့လေ။း)
စဉ်းစားလိုက်ဦးမယ် လာမယ် ကြာမယ်နော်း)

မယ်ကိုး said...

သိပ်မစဉ်းစားချင်လို့ အဖြေပြောလိုက်မယ်နော်။
မမဝါနဲ့ ကိုဖိုးဂျယ်အတိုင်းပါပဲလို့ :P
ညီမလေးရေ အခုတလော စာမရေးချင်သလို ဥာဏ်စမ်းလည်း မမေးချင်သေးတာမို့ နောက်ကျရင် စိတ်မရှိနဲ့နော်။

Ngu Wah Win said...

(၁) နစ်လိုက်မြုပ်လိုဆိုတော့ ဘယ်သူမှမမြင်
(၂) ၅=၁
(၃) ၃၀ ထဲ က ဟိုတယ်ခက ၂၅ကျပ် သုံးယောက်
၃ကျပ် ၀န်ထမ်းက ၂ ကျပ်

ဝက်ဝံလေး said...

ဟယ် ငုဝါဝင်း ကမှန်အောင် ဖြေသွားတာ များက ဘယ်လိုဖြေရမှာတုံးးး အီးးးးဝါးးးးး မကျေနပ်ဘူး ဟွန်းးးး အဲဒီ ငုဝါဝင်းကို တရားစွဲမယ် ဟွန်းးးးးး

အမငီးးးး ငှက်ရေ ငှက်ရဲ့ ငါ့ကို တဂ်ထားတာလား အီးးးးဟီးးးးးးးး ဘာအငြိုးနဲ့ ဂလိုလုပ်တုံးးး ပြောပါဦးးးး လေရဲ့ ဟဟဟ ကျေးဂျူးးး ငှက်ရေ ရေးစရာမရှိတာနဲ့ အတော်ပဲ ရေးပေးမယ် အခုပဲ ရေးမယ်နော်

linmgmg said...

ငှက်....ပုံစံပြောင်းသွားပါလား...ဟာဟ

Dr Phyo Wai Kyaw said...

၁) က ရှေ့ကလူကွ။ နောက်ကလူကလှေကုန်းလှော်နေတော့ မမြင်ရဘူး။
၂)က ၃၁၂၅
၃)က တော့ ဥာဏ်စမ်းမဟုတ်ဘူး။ ညလေး ညစ်ပတ်တာကွ။ ၂၅

thinzar said...

ရက်စက်ပါပေ့ ငှက်ရယ်
တဂ်စရာ ရှားလို့
နာပိန်းတာကို လူသိအောင် တဂ်ရလား..
လူဇိုး.......

အဖြေကတော့ငုဝါဖြေသလိုပဲ.. ငှဲငှဲ
မဖြေသွားရင် အပိုကြီးဖြစ်မှာစိုးလို့
:P :P

အရုပ်ကလေး said...

၁ ...က နစ်လိုက်မြုတ်လိုက်ဆိုတော့ ဘယ်သူမှ မမြင်ဖူးလို့ ဖြေလို့ရသလို ..
မေးထားပုံက ရှေ့ကလူကအရင်တွေ့မလား နောက်ကလူက အရင်တွေ့မလား မေးထားတော့ ..
ဖြေပေးသွားတယ် ..
နောက်ကလူက အရင်တွေ့ပါမယ် ..။
ဘာလို့လဲဆိုတော့ လှေဦးက ထောင်နေတာမို့
နောက်ကပဲ့မှာ ထိုင်နေတဲ့ သူကရေပြင်နဲ့ တစ်ပြေးညီထဲ
မြင်နေရလို့ ဖြစ်ပါသည် .။
မေးတာ နည်းနည်း လွဲနေသလားလို့ .. ဟီး ..။

၂ .... အဖြေကတော့ ..၅=၁ ဖြစ်ပါတယ် ..။
၃... အဖြေပေးဖို့ အမေးကိုဖတ်နေတာ တစ်မျိုးပါလား ..မေးတာပဲ ဖြေမည် .. ဟီး
၁ကျပ်ကလား .. တစ်ယောက်ယောက်ဆီ ရောက်နေမှာပေါ့ .. နော့ ..။

အစ်ကို အခုရက်ပိုင်း အလုပ်လေး နည်းနည်း ပြန်များနေလို့ပါ အားတာနဲ့ ရေးပေးမယ်.. ဥာဏ်စမ်းနဲ့ ဆင်တူမဲ့ မေးခွန်းမျိုးပဲ မေးဖြစ်မယ်ထင်တယ် ..။

ခင်မင်စွာ
idulize (အရုပ်ကလေး)

littlebrook said...

အမလေးဗျာ ဒါများ မငုဝါ၀င်းဖြေတဲ့အတိုင်းပဲ ..ဟိဟိ
အဲဗျာ ညဏ်စမ်းတဲ့ ဒုက္ခပဲ ညဏ်ကနဲပါတယ်ဆို...

yangonthar said...

အဲ အဖြေတွေက ပေါ်နေပြီ မငုဝါဖြေတဲ့ အတိုင်းပဲ ပဟေဠိ ကတော့ အဖြေညှိဖို့ တောင် ခက်တာ ဘယ်လို မေးပေးရမှာဘာလိမ့်
Brain storm တော့မိပါပြီ သင်္ချာတို့ အတွေး အခေါ်တို့ ဆို တည့်တည့်ကို တိုးတာပဲ :D
လာပါ့မယ် အကြွေးနော် ..... မှတ် မှတ် မှတ်ထား ပါ ..... စကားတွေတောင် ထစ်ကုန်ပြီ ...... :P
ရန်ကုန်သား

Unknown said...

၁)နစ်လိုက်မြုပ်လိုက် ဆိုတော့ ဘယ်သူမှမတွေ့ပါ..
၂)၃၁၂၅
၃)တစ်ကျပ်က သူငယ်ချင်း ၃ ယောက်ဆီမှာပါ...
ညလေးရေ.. မုန့်ကျွေးတော့..ဒါဘဲ..

Yu Ya said...

ဟောဗျာ.. အဖြေတွေကတော့ တစ်ယောက်တစ်မျိုးစီဆိုတော့ ဖြေဖို့ မလိုတော့ဘူးထင်တယ်..အဟိ..။

တဂ်ထားတယ်ဆိုတော့ ရေးရတော့မှာပေါ့ ညလေးရေ..

yu ya

Anonymous said...

မေးသူကိုယ်တိုင်ဖြေပေးပါ ဘာမှမသိဘူး... ခေါင်းကိုက်နေတယ်(ငါးခေါင်း)

ငှက်ငယ်လေး said...

အဟီးးဟီးးး
မငုဝါက အမှန်းတွေချည်းပဲ
ကြောတွားတယ်ဂျာ


၁။ နစ်လိုက် မြုပ်လိုက်ပါချို ပေါ်မှမပေါ်တာ ဒူမှမြင်ဝူး
၂။ ၁=၅ ဆိုတော့ ၅=၁ ပေါ့နော့်
၃၁၂၅ ကလည်းမှားပါဘူး (အဲလိုမပြောရင်ဝိုင်းရိုက်ခံရမဲ့ပုံ ဟီးးး)

၃။ မေးခွန်းက လှည်းမေးထားတာ

ဝန်ထမ်းယူတဲ့ ၂ ကျပ်က ပိုတဲ့ ၂၇ ကျပ်ထဲကလေ
၃၀ ထဲ က ဟိုတယ်ခက ၂၅ကျပ် သုံးယောက်
၃ကျပ် ၀န်ထမ်းက ၂ ကျပ်

ဒါပါပဲဂျာ

မမငုဝါက အားလုံးမှန်ရယ်
တီတီဝါက တစ်ထုမှန်ရယ်
အကိုကြီး အလှတရားက တစ်ထုမှန်ရယ်
ူlittle brook ရယ် ကိုရန်ကုန်သားရယ် ၀က်ဝံလေးနဲ့  မမ thinzar က မမငုဝါလိုပဲ မှန်ရယ် ဟီးး
အရုပ်လေးက တစ်ထုနဲ့ တ၀က်မှန်ရယ်
ကိုကြီးရဲ ရင့်နီက ၂ ထုနဲ့  တစ်ဝက်မှန်ရယ်

ညလေးလည်းချိတ်ညစ်နေ လို့ ဆားချက်ကြည့်တာ..အခုလို မပျော်ရတာကြာပီရော်....ဒီနေ့ မှ ပျော်ရတော့တယ်...အားလုံးကို ကျေးကျေးပါချင့် ;happy;

WWKM said...

ဟင့် ဆိုးထှာ ဒီကလေးမ.း))
အဖြေတွေလာကြည့်သွားတယ်..
မမက အဲလိုတွေ မမေးတတ်ဖူးတော့..ခက်ပြီ တကယ်.
း))

Anonymous said...

Sar lar read tar par

s said...

ငြိမ်းရေ တဂ်လို့ ကျေးဇူးတင်ပါတယ်ရှင်၊ ကျောင်းတွေ ပြန်ဖွင့်တာနဲ့ကိုယ့်ဘလောဂ်တောင်မရောက်တာကြာပြီလေ ၊ခု စနေနေ့မနက်မှ ရောက်ဖြစ်တော့ ငြိမ်းလာအော်သွားတာကိုတွေ့တယ်၊ ကွန့်မက်တွေကိုမကြည့်ပဲ အဖြေတွေကို ဖြေကြည့်တာ တစ်ခု နဲ့ တစ်ဝက်မှန်တယ်လို့ပြောရမလား နံပါတ် ၃တော့မှန်တယ် ၊ ၂က တော့ ၃၁၂၅ လို့ပဲတွက်လိုက်တာ ပီားး။ ဒီမှာအဖြေတွေသိနေပြီးဆိုတော့ မေးခွန်းသုံးခု ပဲ ပြန်မေးမယ်နော်း)

နွေဆူးလင်္ကာ said...

ဟဲဟဲ ကံများကောင်းချင်တော့ မနေ့က တက်လာဖို့ကို ကွန်က လုံးဝမရ။ အဲဒါနဲ့ပဲ အဖြေတွေ ပြောပီးမှ ရောက်လာတော့ မစဉ်းစားရတော့ဘူး။ အဲဒါ လူပျိုကြီးမဖြစ်ဘူးနော်။ တက်ဂ်ထားတော့လည်း ရေးပေးရမှာပေါ့။ လူပိုကြီး မဖြစ်ချင်ပါဘူး။

Anonymous said...

ငြိမ်းရေ...
တက်ဂ်ထားတာကို ပြန်မရေးပေးနိုင်တာ sorry ပါနော်။ ငြိမ်းတက်ဂ်ထားမှပဲ ကံတရားရဲ့ အလိုအတိုင်း ကျွန်တော်ဘလော့
ကနေအပြီးအနားယူလိုက်တဲ့နေ့ ဖြစ်နေလို့ပါ။
ဒီဘလော့လေးက ကျွန်တော်နဲ့  ............. တူတူရေးတာပါ။ လမင်းငယ်ဆိုတဲ့ ဘလော့လှေလေးပာာ တက်တခု ကျိုးသွားခဲ့ ပါပြီ။
ခဏတာတွေဆုံချိန်အတောအတွင်းမှာ
ကျွန်တော်ချစ်တဲ့ ဘလော့ပတ်ဝန်းကျင်ကို
ကျွန်တော်ထာဝရမေ့နိုင်မှာမပာုတ်ပါဘူး။ ခင်ခင်မင်မင်ပျော်ပျော်ရွှင်ရွှင်နဲ့နေခဲ့တဲ့အချိန်တွေကိုသတိရနေမှာပါ။

RePublic said...

အဖြေကိုပဲ လာဖတ်သွားတော့တယ်။ မင်္ဂလာပါ ငှက်ငယ်လေး .. ခင်မင်သတိတရရှိလို့
ဝမ်းသာသွားပါတယ်။ တာဝန် မကျေတာ ခွင့်လွတ်ပါ ။