Aug 17, 2009

နားလည်မှုတွေရပြီနော် (၀က်ဝံလေးသို့ )

........
နာမည်တူရှိမှန်းသိသွားလို့ ပြန်ပြောင်းပေးတဲ့ ၀က်ဝံလေးကိုကျေးဇူးတင်ပါတယ်...နာမည်တူမရှားလူတူ မရှားဆိုပေမဲ့...ဘလော့ဂါရပ်ဝန်းမှာ နာမည်လာတူတော့ စိတ်ထဲတမျိုးဖြစ်မိတာတော့အမှန်ပါ...ဒါပေမဲ့ဒါတွေက ဖြစ်တက်ပါတယ်နော်...မသိလို့ ဖြစ်တာပဲ အခြင်းခြင်းညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းရင်ပြေလည်သွားမှာပါ...ဒါပေမဲ့ အပြောသာလွယ်တာပါ...တကယ်တန်းကြုံရတော့ လွယ်ဘူးဂျ...ခုလုခုလုကြီး :P...ငြိမ်းလည်း ဘလော့ကို မရောက်ဖြစ်တာနည်းနည်းကြာပါပြီ...စိတ်ရောလူပါနေမကောင်းလို့ ပါ...။ ဘလော့ကို ပြန်ဝင်ဖြစ်တော့ ငှက်ကလေး ဆိုတဲ့ နာမည်နဲ့ စာရေးနေတဲ့ကောင်မလေးကို သတိထားမိလာပါတယ်...အစက ငြိမ်းထင်တာ ငြိမ်းက သူ့ နာမည်များယူမိသလားလို့ ပြန်ရှာသေးတယ်...နောက်တော့မှ ငြိမ်းကအရင်ဖြစ်နေမှန်းသိရတယ်...စိတ်ထဲမှာတော့မတင်မကျပေါ့...post တင်လိုက်ရင်လည်း သူ့ ဘက်ကနစ်နာမယ်လေ...ကိုယ့်အတွက်လည်း အဆင်ပြေမသွားနိုင်ဘူးထင်တာနဲ့ ...ကွန်ပြူတာရှေ့ မှာငုတ်တုတ်ထိုင် မှိုင်လာတာကြာပေါ့...အဟုတ်ကြီးပဲ ဂယ်ပြောတာ...ငိုချင်တာလည်းတအားပဲ......တယောက်တည်းကြိတ်ပြီးကြံနေတာလေ...(နာမည်ပြောင်းဖို့ ပြောတာပါ)...အကိုတွေအမတွေကလည်း ညီမလေးကို ပြစ်ထားတယ် တကယ်ကိုရက်ရက်စက်စက်ပြစ်ထားကြတာ...။ ဟိုတနေ့ က "ရင်ငြိမ်းပန်း" ဆိုပြီး နာမည်ပြောင်းသေးတယ်...၂ ရက်တောင်မကြာပါဘူး "ငှက်ငယ်လေး" ပြန်ဖြစ်သွားရော...ဟီးးဟီးး...ကြိုက်တာကိုး အဲနာမည်လေးကို...ငှက်ရူးကတော့ ဘာရူးသလဲမမေးနဲ့ ...အိမ်ကငှက်လေးသေတဲ့နေတုန်းကဆိုလည်း ငိုလိုက်တာပြောမနေနဲ့ ...အဖေက မနည်းပြန်ချော့ယူရတယ်...။
အခုတော့ ပျော်သွားပါပြီ.....၀က်ဝံလေးကိုလည်းကျေးဇူးတင်ပါတယ် ။မနက်က သူနဲ့ ဒီလိုလေးပြောဖြစ်ခဲ့တယ်...

ငှက်ကလေး: ငှက်ငယ်လေးရေ တို့ကို မင်းနဲ့မှားနေတယ် သိလား မင်းတို့ကို ခွင့်လွှတ်ရဲ့လားဟင် တို့က မင်းထက်နောက်ကျမှ ဘလော့ဂ် စရေးတာပါ ဂူဂယ်မှာ နံမည်တူရှိမရှိ လိုက်မရှာကြည့်မိဘူး

ငှက်ကလေး: အဲဒါ မကျေနပ်ရင် ပြောပါကွယ် တို့နံမည်ပြောင်းပေးပါ့မယ် ဒီနေ့ မမေလေးက ထင်းထင်းလို့ပြောင်းလိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး တို့လဲ စိတ်မကောင်းလို့ပါ

ငှက်ကလေး: တို့လေ ဘာမှမသိပဲ ရမ်းရမ်းပြီး စွတ်ပေးလိုက်မိတာပါ ငှက်ငယ်လေးရေ

ငှက်ငယ်လေး: အမှန်အတိုင်းပြောရရင် ငြိမ်းလည်းစိတ်မကောင်းဘူး...ငြိမ်းငှက်ငယ်လေး နာမည်ကို သုံးလာတာ ၁ နှစ်ခွဲလောက်ရှိပြီ...ငြိမ်းဘလော့မ၀င်ဖြစ်တာ ၁လလောက်ရှိမယ်...ငြိမ်းပြန်လာတော့ ငှက်ကလေးကိုတွေ့ ရတယ်...

ငှက်ကလေး: ငှက်ငယ်လေး

ငှက်ကလေး: ဆော်တီးနော်

ငှက်ငယ်လေး: ငြိမ်းလည်းဘာလုပ်းရမလဲမသိဘူး...အမှန်တိုင်းပြောရရင် အမကိုတော့ပွင့်ပွင့်လင်းလင်းပြောချင်ပေမဲ့...ငြိမ်းကြောင့်တစုံတစ်ဦးထိခိုက်သွားမှာကိုလည်း မလိုလားဘူး...

ငှက်ကလေး: အိုကေ တို့နံမည်ပြောင်းပေးပါ့မယ် ဒီနေ့ပြောင်းလိုက်မယ်နော် အခုလို ပွင့်ပွင့်လင်းလင်းပြောပေးတာ ကျေး၊ဇူးပါ ငှက်ငယ်လေးရေ တို့အပြစ်ပါကွယ်

ငှက်ငယ်လေး: ဟုတ်ကဲ့ရပါတယ်အမ..ညီမလည်း ကျေးဇူးတင်စာပြန်ရေးပေးပါ့မယ်...။

အဲလိုနဲ့ ပဲအဆင်ပြေသွားတာပါ...။ သူကိုယ်တိုင်ကလည်း ကိုယ်ချင်းစာစိတ်ရှိလို့ အခုလိုပြေလည်ခဲ့တာပါ...။ အမလို့ သာပြောတာ သူနဲ့ ငြိမ်းလည်းအသက်တူတူပဲနော်... သူလည်းစာရေးကောင်းပါ့နော်...မန့် တွေများကြီး...(လုမှာနော်) :P...မန့် တွေအများကြီးဆိုတော့ ကွန်မန့် များများရနည်းလေးတစ်ခု အကိုအိမ်ဆီက ရလိုက်တယ်...ဘယ်လိုလည်းသိလား ...သိချင်ပြောပြမယ်ထနစောင့်...ဒီလို

ဟိုတနေ့ ကအကိုအိမ်ဆီသွားလည်တာလေ...လာလည်ပါတယ်ရှင့် ဆိုပြီး cb0x မှာရေးခဲ့တာကို တူကကြေနပ်ဘူးတဲ့လေ...အိမ်ထိလိုက်ပြီးကွန့် ပြန်လာပေးတဲ့ လေ အဲလိုကြီးအော်တောင်းတာ..ဟီးး...ငြိမ်းလည်း သြော်ဂလိုလားဆိုပြီး သွားပြန်ကွန့် ရတယ်...ဘယ်ရမလဲ ညလေးလည်း ပြန်အော်တောင်းခဲ့တာပေါ့...အဲဒါနဲ့ ကွန့် တစ်ခုပြန်ရတယ်...ဟဲဟဲ...ကွန့် လိုချင်ရင် အဲလိုလိုက်တာတောင်း မပေးလို့ ကတော့အော်ငိုခဲ့ပေါ့...;kwekwe; စတာပါနော် တကယ်လုပ်ချင်လဲလုပ်ပေါ့...း)...အခုမှနေရာမှန်ပြန်ရလို့ အူမြူးနေတာ...အဟီးး..။ again ၀က်ဝံလေးရေ ကျေးကျေးပါပဲ.. .ဘာသာစကား ၅ မျိုးတော့ တက်ဘူးဟယ်..ညံမကောင်းလို့ ဟီးးဟီးး...နောက်မှလိုက်သင်ဦးမယ်...။

ရှေ့ မှာလည်း ဥပမာတွေ အများကြီးရှိခဲ့ပြီဆိုတော့ နောက်နောင် ဒီလိုအဖြစ်မျိုးတွေထပ်မဖြစ်ပါစေနဲ့ လို့ ဆုတောင်းပါတယ်...ဘာပဲပြောပြောပေါ့နော်...ဘလော့ဂါတွေအားလုံးက ၀ါသနာတူ (သို့ ) ရည်ရွယ်ချက်တူ ညီအကိုမောင်နှမတွေပဲ တစ်ဦးနဲ့ တစ်ဦး ထိခိုက်နစ်နာစေတဲ့ အလုပ်မျိုးတွေ မလုပ်တာအကောင်းဆုံးဖြစ်မှာပါ...ရည်ရွယ်ပြီးဖြစ်သွားတာမဟုတ်ပေမဲ့ နောက်မှ သိလိုက်လို့ နာမည်ပြန်ပြောင်းလို က်ရတဲ့ ၀က်ဝံလေးလည်း ငြိမ်းကိုနားလည်ပေးပါလို့ ဒီနေရာကနေပဲပြောလိုက်ပါတယ်နော်...။




14 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

မေဇင် said...

ကဲပါ...ပြေလည် သွားပြီ ဆိုတော့ ပျော်စရာပေါ့...တကယ်တော့ နောင့် ဆိုရင် ငှက်ငယ်လေး ရှိတယ် မသိပါဘူး.... ငှက်ကလေး ပိုစ့်ကို ဒီနေ့ သွားဖတ်တော့မှ သိတာပါ...။ အဲ့ဒီ လင့်ကနေ လိုက်လာတာလေ....။ ခုတော့ သိပီနော်.... နောက် လာမန့်ပေးပါမယ်..အားရင်ပေါ့..။း)

ကာရံဆူး said...

ပြေလည်သွားတာ ၀မ်းသာစရာပါ...တစ်ယောက်နဲ့ တစ်ယောက် မုန်းသူမှ မဟုတ်ကြတာလေ...ဒါဟာ မြန်မာတို့ ရဲ့ ချစ်စရာကောင်းတဲ့ အပြုမူလေးပါ.ငှက်ကလေးဆီသွားရင်း တွေ့ လို့ လာလည်တာ..ကဲ နောက်လည်း လာလည်ပါ့မယ်နော်..

ထင်းထင်း said...

ငှက်ငယ်လေးရေ
ငှက်ငယ်လေးရှိတာမသိဘူးတော့။ ဒီနေ့မှ ငှက်ကလေး ခေါ် ဝက်ဝံလေးဆီကနေ လိုက်လာတာ။
ကိုယ်ချင်းစာမိတယ် ငှက်ငယ်လေးရယ်။
မေလေးလဲ တော်တော်ကို မခံနိုင်လို့
အခုလိုရေးရတာလေ။ ပြီးတော့ မေလေးနာမည်အရင်းကိုက မေလေးဘဲလေ။
နောက်ပြီး ဘလော့ကာတော်တော်များများက ခဏခဏ လာလာမေးနေတော့ စိတ်ရှုပ်လာတယ်။
ဒါကြောင့် ပြောင်းလိုက်ရတာလေ.
ငှက်ငယ်လေးပျော်ရွှင်ပါစေနော်.

မယ့်ကိုး said...

ညီမလေးရေ...

ငှက်ကလေး(ဝက်ဝံပိစိလေး :) ) post မှာ ဖတ်ရတည်းက ညီမလေးတို့ နှစ်ယောက်ကလုံးရဲ့  စိတ်ကလေးကို လေးစားချစ်ခင်မိပါတယ်။
နောက်လည်း လာလည်မယ်နော်။

သက်တန့် said...

ညီမငှက်ငယ်လေးရေ...

ဒီလိုပါပဲ...
အဆင်မပြေခင် အခိုက်အတန့်ကတော့...
ခုတော့ ပိုးတွေ အားလုံးလျော ဖြစ်သွားပြီပေါ့လေ...

ငှက်ငယ်လေးတစ်ကောင် ဘလော့ဂ်ရပ်ဝန်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက် ပျံသန်းနိုင်ပါစေလို့... :)

eimon said...

ဟုတ်ကဲ့ အခုလိုဆိုတော့ လည်း အမအသစ်တွေရတာပေါ့နော်

Libratun said...

graceful moment :)

yangonthar said...

ဝမ်းသာပါတယ် ဗျာ ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားပါပြီ
အေးမြသာယာပါစေ :D

Yu Ya said...

ဝမ်းသာပါတယ် ငှက်ငယ်လေးရေ.. နောင်ကို အမြဲတမ်းလာလည်မယ်နော်။

yu ya

Dr Phyo Wai Kyaw said...

ဘယ်သူတုန်းကွ
ငါ့ညီမကိုပစ်ထားတာ...

ကွန်ပြူတာချည်း ကိုင်မနေနဲ့
လမ်းလျှောက် ...
လိမ်လိမ်မာမာနေ။

ဝက်ဝံလေး said...

သူငယ်ချင်းရေ စိတ်မဆိုးပါဘူးကွယ် တို့က တောင် ပြန်တောင်းပန်ပါတယ် တို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ငိုရတယ်ဆိုတော့ တို့ တာဝန်မကင်းဘူးပေါ့ကွယ် ဆော်တရီးကွယ် ကဲ တို့အိမ်မှာလင့်ခ် ထားလိုက်ပြီသိလား အဲဒါလာပြောတာ ကျေးဇူးတင်စာ ရေးပေးတာလဲ ကျေးဇူးနော် အဲ ကျေးဇူးးးတွေလဲ ထပ်နေပြီ ဟိဟိ ဘိုင် လိမ့်ပြီဗျိုးးးး ဒုန်းးး ဒုန်းးးးး
ဟိဟိ အရင်တုံးဆိုရင် ပျံပြီ ဖလပ်ဖလပ် ပြောတာ အခုပြောင်းသွားပြီလေ ဟားးးးးးးးးဟားးးးးးးးးးးးး

ငှက်ငယ်လေး said...

ဟဟဟ မှတ်သားလောက်ပါပေတယ်....ငှက်တုန်းက ဖလပ်ဖလပ်ပျံတယ်...၀က်ဝံဆိုတော့ ဒုန်းဒုန်းနဲ့ လိမ့်တယ်ပေါ့
ကျေးဇူးတွေများနေပြီ...ဆပ်လို့ မကုန်ပဲနေဦးမယ်...း)

Anonymous said...

အဆင်ပြေသွားပြီဆိုတော့ ဝမ်းသာပါတယ်ဗျား။ ခုလိုညိုလိုက်တော့ ပိုကောင်းတာပေါ့ဗျာ နို့မို့ဆို လူမှာပြီး ရည်းစားစကား ပြောမိရင် အခက်ဘဲလေ.. တော်ကြာ ကိုယ်ပြောချင်တာ တယောက် ပြောမိတာက တယောက်၊ ကိုယ်အဖြေလိုချင်တာ တယောက်၊ အဖြေပေးတာ တယောက် ဟိဟိ တိုင်ပါတ်မှာမြင်မိသေးသဗျာ...။

ဝသန်မိုး said...

အဆင်ပြေသွားပြီဆိုလို့ ဝမ်းသာပါတယ်
ငှက်ငယ်လေးရေ
နောက်လည်း မကြာမကြာလာမန့် ပေးမယ်သိလား
ဂယ်ပြောတာ
ဟားဟား
ပျော်ရွှင်ပါစေ ညီမရေ

ဝသန်မိုး