Sep 7, 2009

ဒဏ်ရာ

ပျားသကာလိုချိုပြီး
ကောင်းကင်ထက်မာယာများတယ်
ရင်ထဲနင့်အောင်နာကျင်စေတဲ့ ဝေဒနာ
အဲဒီဘူတာက စတာပေါ့
ကျိန်စာတွေမီးစလုပ်လို့ 
ရင်ခွင်ထဲမီးလောင်မှုဒဏ်ရာ
ဘယ်သူမြင်နိုင်မှာမို့ လဲ
အသက်မရှိတော့တဲ့နံရံကြား
ဘယ်သူ ဓါးနဲ့ ထိုးဦးမှာလဲ
ကြေကွဲဖွယ်တွေနဲ့ စီးဆင်းခဲ့ရသူမို
နံရံတွေလှုပ်နိုးပြီး
ရင်ဖွင့်ရမှာလဲ အားနာတယ်။
(ရေးထားတာကြာပါပြီ..အခုမှပြန်တင်လိုက်တာပါ..)

13 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

ဂျေဂျူဝိုင် said...

ကဗျာကို ခံစားသွားပါတယ်

Anonymous said...

nice one

Unknown said...

that will be so said

မင်းနေဝေး said...

ကဗျာလာဖတ်တယ်နော် ....
ခံစားချက်လေးတွေ ကောင်းနေတယ် :D

ဝက်ဝံလေး said...

ဟုတ် ကဗျာလေး လာဖတ်သွားတယ် သိလား နော် တို့က ငှက်လေး လို ကဗျာမရေးတတ်ဘူးနော် အားကျတယ် ခိခိ ဘိုင် တာ့တာ

yangonthar said...

အချစ်ကြောင့်ရသော ဒဏ်ရာ သည် နာကျင်စရာ အားလုံးတွင် အခံရ အခက်ဆုံး
ပူလောင်စရာ အားလုံးတွင် အပြင်းပြဆုံး ဆိုတော့ ဒဏ်ရာတွေကျက်အောင်သာ အမြန် ကျိုးစားရတော့မှာပဲပေါ့
ရန်ကုန်သား
ခင်မင်လျှက် :D

ဝသန်မိုး said...

ကဗျာဆရာမလေး နဲ့ 
ထပ်တူ
ကြေကြေကွဲကွဲ
လွမ်းလွမ်းဆွေးဆွေး
ဝမ်းနည်းတသ
ခံစားသွားပါတယ်
ညီမရေ

ခင်တဲ့
ကိုဝသန်မိုး

ဇီးကုန်းသာယာ said...

ညလေး ကဗျာဖတ်ပြီး ခံစားတွေးတော သွားပါတယ်...း)

Anonymous said...

ရင်ဖွင့်ချင် ဖွင့်ပါ အားမနာနဲ့ ဖွင့်တာလဲ ကြည့်ဖွင့်နော်..ဟိ..။ သြော်... ဒီလိုပါ... သိပ်လဲ ရင်မဖွင့်နဲ့လို့ လူရယ်လို့ ဖြစ်လာရင် ဒါတွေကတော့ ခံစားနေရမှာပဲလေ...နော်... ဟုတ်ဘူးလား.. ဒါနဲပ အောက်ဆုံးစာသားလေး အကြိုက်ဆုံးပဲ သိလား ......
(ရေးထားတာကြာပါပြီ..အခုမှပြန်တင်လိုက်တာပါ..)
ခံစားချက်တွေ ထင်ပါ့...။ ဒီကလဲ ရင်နဲ့ခံစားပေးသွားပါတယ်နော်....။

တောင်ပေါ်သား said...

ကဗျာလေး လာခံစားပါတယ် ခံစားချက်တော်တော် ပြင်းထန်နေတယ်း)


လေးစားလျက်
တောင်ပေါ်သား

မေလေး said...

ထပ်တူထပ်မျှ လာရောက်ခံစားသွားတယ် ညီမလေးရေ

ပုံ့မေ said...

ကဗျာခံစားသွားပါတယ်ရှင်။ သူများလဲ မပြောချင် ရင်ထဲ တနုံနုံဖြစ်နေတဲ့ခံစားချက်ကို ကိုယ်ချင်းစာပါတယ်။

ရေးထားတာကြာပြီဆိုတော့ ဟောင်းသွားပြီထင်တယ်နော် :P ;)

Angel Shaper said...

နံရံလေးတွေ အားနာလာရင် ဒီစာမျက်နှာတွေပေါ်မှာ အားမနာတမ်း ရင်ဖွင့်လိုက်ပါလေ။ ကဗျာလေး သိပ်ကောင်းတယ်ဟ။