Sep 8, 2009

ကျွန်မကို အမြင်ကတ်ကြသော အကြောင်းရင်းများ


ကဲဝက်ရယ်ဘီလိုလုပ်ရပါ့မလဲဟ...နာ့ကိုမြင်ကတ်လိုက်တာလို့ ယောက်မပြောဖူးတေးဘူးဟယ်...ဟီးးး.။ ဒီလောက်ချစ်ချာကောင်းတာကို ခွိခွိ...။ ရေးဆိုတော့လည်း မရှိမဲ့ရှိမဲ့ မြင်ကတ်စရားလေးတွေရေးတော့မှာပေါ့ကွယ်...။ အခုလောလောဆယ် စာလာဖတ်တဲ့သူတွေထဲမှာ ညလေးကို မြင်ကတ်တဲ့သူရှိရင်လည်းအော်သွားကြဦးနော်...။ အဲဒါမှသိရမှာလေ ဟီးး...။ ကဲကြားတယ်ဟုတ်...ချိပါဘူးတဲ့..။ အမြင်ကတ်တဲ့အကြောင်းလေးပြောတော့ တစ်ခုသွားသတိရတယ်...။ အမြင်ကတ်ခံရတယ်ဆိုတာလည်းနည်းတဲ့ ကုသိုလ်တော့မဟုတ်ဖူးနော်...မနာလိုစရာကောင်းလောက်တဲ့ အရည်အချင်း တစ်ခုခုရှိထားမှမမြင်ကတ်ခံရမှာလေဟုတ်ဖူးလား..။ အဲဒါဖြေဆေးလို့ ခေါ်တယ် ဟီးးး...။
ခက်တော့ခက်ကုန်ပါပြီ...။ဘာရေးရမှန်းတိတော့ဘူးဂျကယ်ပါဦး....။



ညလေးအထင်ဖြစ်နိုင်ခြေရှိတာလေးတွေတော့ပြောပြမယ်နော်...ညလေးခုနေနေတဲ့မြို့ မှာ ညလေးက ငယ်ပြီးသွက်တယ်.. (မြှောက်ပြောတာ ပို့ စ်နဲ့ လိုက်အောင် မယုံနဲ့ သိလား)...ပြီးတော့ရှိသေးတယ်..ညလေးက.စကားအောင်တယ်လေ...။ ညလေးထက်အသက်ကြီးတဲ့သူတွေတောင် ညလေးက ကအကြံပေးရင်လက်ခံရတယ်လေ...။ ညလေး အသက် ၁၈နှစ် ကျော်ကျော် ကတည်းက ကံကောင်းထောက်မစွာ မန်နေဂျာအလုပ်ကိုရခဲ့ပါတယ်..။ အိမ်မှာဆိုလည်း အမေနဲ့ အဖေက ညလေးကိုအရေးပေးတယ်...ညလေးကလည်း အဖေနဲ့ အမေကို တက်နိုင်တဲ့ဘက် က အလုပ်ကြွေးပြှုတာကိုး...ဒီတော့မေမေတို့ ကအားလည်းကိုးအရေးလည်းပေးပေါ့။ အလုပ်ခွင်မှာဆိုလည်း ညလေးကအငယ်ဆုံးဆိုပေမဲ့ နေရာရတယ်လေ...။ ။ဒီကလူတော်တော်များများက ညလေးကို ဆရာမ ဆရာမနဲ့ ခေါ်ကြတယ်..။ တချို့ ကဆရာမလေး...။ တချို့ တွေကတော့ နာမည်ပဲခေါ်တာပေါ့နော်။ တခြား သူတွေရဲ့ မိဘတွေကဆိုလည်း တခုခုဆို ညလေးကဘယ်လို...ဆိုပြီးပြောတက်တော့...တချို့ သက်တူရွယ်တူကောင်မလေးတွေက မြင်ကတ်ကြတယ်ပေါ့...။



အဲနောက်တခုက ညလေးလည်း နဲနဲမာနတော့ ရှိတယ်ဂျ...ညလေးကိုယ်တိုင်က သူများကို နှိမ်ပြီးမဆက်ဆံတက်သလို...ဘယ်သူ့ ကိုမှလည်း အထင်မသေးဘူး...ကိုယ့်ကိုအဲလိုဆက်ဆံပြီဆိုရင်လည်း မကြိုက်ဖူး...။ညလေးကိုယ်တိုင်ကလည်းဘ၀ကို အောက်ခြေကနေလာတာခဲ့တာလေ...။ သိမ်ငယ်မှုတွေ အများကြီနဲ့ နေလာတာများတော့ မခံချင်စိတ်နဲ့ မာနဆိုတာကိုထားတက်လာတယ် ဆင်းရဲတဲ့သူတွေနဲ့  ပေါင်းဖို့ ဝန်မလေးပေမဲ့ ချမ်းသာတဲ့သူတွေကို မျက်နှာချိုသွေးရတဲ့အလုပ်ဆို သိပ်မုန်း...ကဲကြည့် တော်တော်လေးအမြင်ကတ်စရားကောင်းတယ်နော်...။စိတ်ဆိုးခဲတယ်...စိတ်နာသွားပြီဆိုရင်တော့ မရဘူး လုံးဝကိုလှည့်မကြည့်တက်တာအကျင့် ။အဲဒါလေးတွေကလည်း တချို့ တွေအတွက် မြင်ကတ်ချင်စရာလေးတွေဖြစ်ချင်ဖြစ်နေမှာပေါ့နော့်...ညလေးအတွက်ကတော့မူလေ...။ တိတော့ပါဘူး...။ မှန်တယ်ထင်ရင် သိပ်ဂရုမစိုက်တက်တဲ့အကျင့်စိုးလေးလည်းရှိတယ်...မှန်တိုင်းလည်း မကောင်းဘူးတဲ့နော်...ဟုတ်မှာပါ...။



အဟင့် ပြောရင်းနဲ့ ကိုယ့်ကိုကိုယ် မြင်တောင်ကတ်လာပြီ...စာဖတ်တဲ့သူတွေလည်း ညလေးကိုတော်တော်လေးမြင်ကတ်နေလောက်ပြီ နော်။ မြင်ကတ်ကြပါနဲ့ ဂျာ။ ဒါကလည်းအနည်းနဲ့ အများပဲကွာတာလေ အမြင်ကတ်စရာ မရှိဖူး ဆိုတာတော့ မရှိလောက်ပါဘူး...ညလေးတို့ မသိသေးလို့ ဖြစ်မှာပါ...။ အမြင်ကတ်တဲ့သူက အမြင်ကတ်တယ်လို့ တော့ဘယ်ပြောမှာလည်းနော့်...။ စိတ်ထဲမှာပဲထားမှာပေါ့ ညလေးတို့ ကိုယ်တိုင်တောင် တခါတလေ မကျေနပ်ချက်လေးတွေဖြစ်တက်သေးတာပဲလေ လောကီလူသားရယ်လို့ ဖြစ်လာမှတော့ ဒါတွေကိုဘယ်ရှောင်နိုင်ပါ့မလဲ...။ ညလေးကို အမြင်ကတ်တဲ့သူတွေရှိမယ်ဆိုရင်လည်း နားလည်ပါတယ်...မြင်ကတ်စေလောက်တဲ့ အကြောင်းအရာတခုခုရှိနေလို့ ဖြစ်မှာပေါ့နော်။ တိဝူးလေဂျာ ကြောမှမကြောပဲ ဟွန်း ။ပြီးပြည့်စုံတဲ့ သူရယ်တော့ဘယ်ရှိမလဲနော်...။ ကိုယ့်ကိုကိုယ် ပြည့်စုံတယ်လို့ မထင်ပါဘူး..လိုအပ်ချက်တွေကိုတော့ ပြန်ဆင်နိုင်အောင် ကြိုးစားနေတုန်းပဲ။ လူတွေရဲ အားနည်းချက်တွေကိုလည်း အတက်နိုင်ဆုံး နားလည်နိုင်အောင်ကြိုးစားနေတုန်းပါပဲ



ကဲ ၀က်လေးရေကြေနပ်တော့ဟာ...နာလည်း ရေးတက်တော့ဘူး စိတ်ထဲရှိရှိသမျှရေးချလိုက်ပြီ ဒန်တန်တန်..။

14 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

စိမ်း... said...

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တော်လိုက်တာ... အားကျတယ်ကွယ်

sait phay yar said...

ဟုတ်တယ် မုန်းတယ် အမြင်ကတ်တယ် ကြည့်ချင်ဘူး
ဒါဘဲ... ဘာလို့လည်း ဆိုတာ အကိုတော်ကိုမေးကြည့်တော့

ငှက်ငယ်လေး said...
This comment has been removed by the author.
Unknown said...

မြင်ကတ်တယ် အားကြီးပဲ..
နယ်နယ်တုန်းက နာ့ကို မထော်ပဲမုန် တယောက်တည်း မုန့် ကြိတ်စားတယ်
ပြန်တွေးလိုက်တိုင်းစိတ်နာတယ် ဒါဗြဲ

Unknown said...

တိဝူးလေဂျာ ကြောမှမကြောပဲ ဟွန်း

ဆိုလို့ တိအောင် ပြောတာ ;kwekwe;

Unknown said...

ဟုတ်တယ်ဗျာ... အမြင်ကပ်တယ်... :) :) :)
တောင်းပန်ပါတယ်ဆိုမှ မရဘူးတဲ့...

ငယ်ငယ်လေးနဲ့ ဆရာမတဲ့ ခေါ်ပါဘူး....
ဆရာလေးပဲခေါ်မယ်... :) :) :)

အစက အမြင်ကပ်ဝူး အခု ကပ်သွားပြီ ခွာမရတော့ဘူး

ဟဲဟဲ....
ဆရာလေး....

တောင်ပေါ်သား said...

အာ ဒီကလေးနဲ့ ညလေး ညလေးနဲ့ ပြောနေတာ အမြင်ကို ကတ်တယ်း) အဟီးးးးး

ဖတ်သွားပါတယ် ချီးကျူးတယ်ဗျို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မူတွေ ယူနိုင်တာ လေးစားပါတယ်


လေးစားလျက်
တောင်ပေါ်သား

yangonthar said...

ငှက်ငယ်လေး
အမြင်ကတ်တာ သူ့ အလုပ်ကြီးကို
ကတ်ပါစေနော် ... ဟဲဟဲ မြှောက်ပေးတာ
အားနည်းချက်မရှိတဲ့သူ ဘယ်သူရှိလဲ နော
ခင်တဲ့ ရန်ကုန်သား

ငှက်ငယ်လေး said...

ဟာဂျာ ရင်ကမကတ်တဲ့တူတွေကတ်ကုန်ကြပြီ (အမြင်ပြောတာပါ ;kwekwe;)

အယ် အကိုတော်နဲ့ အမတော်က ဘာတွေများအမြတ်တော်ရှ..မီးကြောက်...လိုက်မရိုက်ခင် အရင်ပြေးထားမှ...

ခါးခါးကို မုန့် မကြွေးရဲဘူးတော် ကြာ နာ့အတွက်မကျန်မှာစိုးလို့ ခွိခွိ

အကိုတောင်ပေါ်သားကဂယ်ကြီးပဲလားဂျ..
ညလေးလို့ ပြောတာ အကျင့်ပါသွားပြီကျ စောစောက ပြော ပြီးရောဂျာ...ထုပြင်လို့ ရတော့ဘူး...ဟီးးးး

ီဟုတ်တယ်ဟုတ်တယ် အကိုရန်ကုန်သားကမှတိသေး

ဆရာလေးတော့ မလုပ်ပါနဲ့ အကို ပြည့်စုံရယ်....မချိမဲ့ချိမဲ့ နာမည်လေးတွေတော့ ပျက်ပါပီဂျ

ဂျေဂျူဝိုင် said...

အမြင်ကပ်ထိုက်ပါပေတယ်

ဇီးကုန်းသာယာ said...

အင်း...... ရေးပုံရေးနည်း ကိုက အမြင်ကတ်စရာ... :D

ဝက်ဝံလေး said...

ဂယ်လေးစားသွားပြီနော် အသက် ၁၈နှစ်နဲ့ မန်နေဂျာ ရာထူးရထားတာ ဒါပဲနော် အမေရိကားကို နာလာရင် နာ့ကိုမုန့်ဝယ်ကျွေး ဒါဗြဲဟွင်းးးး

ကျေးဇူးးးနော် ရေးပေးလို့ အာဘွားးးးးးး ရှလူးးးးးးးးးးးးးး ဟူးးးးးးးးးးဟူးးးးးးးး ဘိုင်တာ့တာ

Anonymous said...

အမြင်ကိုကပ်တယ်.. သွား.. ကြည့်လို့ကိုမရဘူး

Angel Shaper said...

ဟဟဟဟားးးးးးးးးးး
အမြင်ကတ်စရာကောင်းလိုက်တာ။
ပိုခင်သွားတယ်နော်။