Oct 19, 2009

လောကသစ္စာ


အသိခေါက်ခက်အ၀င်နက်ဆိုသလို..လောကမှာလူတွေဟာ သိပေမဲ့ မစောင့်စည်းနိုင်လို့ မှားတဲ့အမှားတွေအများကြီးရှိနေပါတယ်...။ အဲအမှားတွေထဲက ရွံရှာမုန်းတီးဖွယ်အကောင်းဆုံးအမှားကတော့ သူတပါးမိသားစုရဲ့ အေးချမ်းသာယာမှုကိုဖျတ်စီးခြင်းပါပဲ...။ လူတွေဟာ မကောင်းဘူးဆိုတာသိပေမဲ့ အမှားအများဆုံးကျူးလွန်မှုကြီးတခုလိုလည်းတွေ့ နေရပါတယ်...။လူရယ်လို့ ဖြစ်လာရင် လူ့ ကျင့်ဝတ်ဆိုတာကို စောင့်စည်းရမယ်လေ...။ အဲဒါတွေကို မစောင့်စည်းရင်...အဲဒီသူဟာ လူမဆန်တဲ့ လူပဲဖြစ်မှာပါ..။ ''...ငယ်'' ဆိုတဲ့ဘ၀ဟာ ဆိုးရွားလွန်းသလို နာမည်လည်းမလှပါဘူး...။ ဘယ်လောက်ပစ္စည်း၊ ဥစ္စာတွေကြွယ်ဝချမ်းသာနေပါစေ နာမည်မလှသလို ပါတ်ဝန်းကျင်ကလည်း အထင်မကြီးပါဘူး ။ ဒါတင်မက ကိုယ့်မိဘ ဆွေမျိုးသားခြင်းမောင်နှမ တွေကိုပါ သိက္ခာ
ကျအရှက်ရစေမှာပါ...။ သူတပါးခင်ပွန်းသည် (သို့ ) ဇနီးမယား ကိုယူခြင်းဟာ လောကသစ္စာ
တရားအတွက် အကြီးမားဆုံးနဲ့ ရွံရှာဖွယ်အကောင်းဆုံးအပြစ်တခုပါပဲ...။ အဲလိုလုပ်ခြင်းဟာ အပြစ်မရှိတဲ့ ကလေးတွေရဲ့ ဘ၀ကိုလည်း အညွန့် တုံးအောင်လုပ်လိုက်ခြင်းနဲ့ လည်းတူတယ်....။ မိန်းမကောင်း..ယောက်င်္ကျားကောင်းတွေဟာတော့ အဲလိုအလုပ်မျိုးကို လုပ်မှာမဟုတ်ဘူးလေ...။ လူချမ်းသာတယောက်လုပ်ပြီး နာမည်ပျက်နဲ့ နေမလား...ဆင်းရဲပေမဲ့ အေးချမ်းတဲ့ဘ၀တခုကိုရွေးခြယ်မလား.

ပုံပြင်လေးကိုကြည့်ပြီးသုံးသပ်ကြရအောင်

တခါတုန်းက မိသားစုလေးတစ်စုရှိတယ်...သူတို့ ရဲ့ အိမ်ထောင်သက်တန်းက ၂၅ နှစ်ကျော်ခဲ့ပါပြီ...။ ငွေရေးကြေးရေးအခက်အခဲတွေ ရှိလာတော့ မိသားစုက ကမောက်ကမဖြစ်တယ်...။ မိသားစုထဲမှာ အဆင်မပြေတော့ ယောင်္ကျားဖြစ်သူက အပြင်မှာပျော်စရာရှာလာတယ်...။ အချိန်တွေကြာလာတာနဲ့ အမျှ သူ့ ဆက်စံရေးတွေက မိသားစုနဲ့ ဝေးသထက်ဝေးလာတယ်...။ နောက်ဆုံးကျ အပျော်ကြူးတော့ ဘာကိုမှမသိတော့ဘူး..သားသမီးဆိုတာလည်းမသိဘူး၊ မယားဆိုတာလည်းမသိဘူး...သူဟာ ဘယ်သူ့ မျက်နှာမှမကြည့်တော့ ပဲ...သူနဲ့ ၅လလောက် သာရင်းနှီးခဲ့ဖူးတဲ့ တခြားအမျိုးသမီးဘက်ပါသွားခဲ့တယ်...။ အဲယောင်္ကျားကတော့ သာယာမှုတခုတည်းအတွက်နဲ့  မိသားစုအဆင်မပြေမှုတွေကြားက ကိုယ်လွတ်ရုန်းထွက်ခဲ့တယ်။ အဲအချိန်မှာ သူ့ ခင်ပွန်းသည်က သိပ်ကိုပျော်နေမှာပါ...ထိုအမျိုးသမီးကလည်း အရမ်းပျော်နေတယ်...မိသားစုကြီးတစုလုံးကိုတောင် ပြစ်ထားပြီး သူ့ ဘက်ပါလာတယ် သူ့ ကိုသိပ်ချစ်တယ်ဆိုတဲ့အတွေးနဲ့ ပေါ့...။ ဒါပေမဲ့ တဖက်က ကျန်ခဲ့တဲ့မိသားစုကတော့ သောကမီးတွေတောက်လောင်နေတယ်...၃ နှစ်သုံးမိုးချစ်သူဖြစ်ပြီးမှာ ဘ၀လက်တွဲခဲ့တဲ့ အိမ်ထောင်ရေးတခုဟာ ၂၅ နှစ်ကြာမှ ဘာမဟုတ်တဲ့ မိန်းမတယောက်အတွက် အရှက်တကွဲတွေဖြစ်ပြီးဝေးခဲ့ရတယ်...။ သားသမီးတွေဟာလည်း လူပုံအလည်မှာမျက်နှာမပြရဲအောင် အရှက်ရခဲ့ရတယ်...။ ဒါပေမဲ့ သိပ်မကြာခဲ့ပါဘူး ၁ နှစ်ကျော်ကျော်ကြာတော့ အဲယောင်္ကျားနဲ့ မိန်းမလည်း အဆင်မပြေဘူး...ယောင်္ကျားကလည်း ဒီအမိန်းမက ငါအိမ်ထောင်ရှိတာတောင် သူမြူစွယ်ခဲ့တာ...ငါ့ကွယ်ရာမှာရော???? ဆိုတဲ့သံသယတွေဝင်လာသလို ...မိန်းမကလည်း ဒီယောင်္ကျားက သူ့ ဘာကိုမှမစဉ်းစာမဆင်ခြင်ပဲ သူ့ မိန်းမနဲ့ သားသမီးတွေကို တောင်ပြစ်ထားခဲ့တာ...တချိန်ကျရင် ငါ့အပေါ်ရော?? ဆိုတဲ့သံသယတွေက မပြောပေမဲ့ ၀င်နေတော့ သူတို့ အိမ်ထောင်ရေးက မသာယာတော့ပြန်ဘူးပေါ့...။ အားလုံးပြီးသွားတော့ ဘယ်သူ့ ဘယ်သူမှာမှ အကျိုးဖြစ်ထွန်းစရာမကျန်ခဲ့ဘူး...။

တဆက်တည်းမှာ သူတို့ ရနိုင်တဲအဆိုးကျိုးတွေကတော့ ...........

တွေဝေခြင်း
ရန်သူနဲ့ တွေ့ ခြင်း
လူအများမုန်းတီးခြင်း
စား ၀တ်နေရေးခက်ခဲခြင်း
အမျက်ဒေါသကြီးခြင်း
သူတပါးယုံကြည်မှုကင်းမဲ့ခြင်း
စည်းစိမ်ဥစ္စာပျက်စီးခြင်း
ဆင်းရဲကြီးစွာတွေ့ ခြင်း
ချစ်သူနဲ့ ကွေကွင်းရခြင်း
ယုံမှားသံသယ များခြင်း
ဘေးအန္တရယ်များခြင်း
အသက်တိုခြင်း
လောကုတ္တရာတရား မရရှိနိုင်ခြင်း.....အပါယ်လေးဘုံမှာဖြစ်ရတာပါပဲ...။ (ခိုးယူသူဟာ ယောင်္ကျားလေးဖြစ်ခဲ့မယ်ဆို နောက်ဘ၀မှာလည်း ယောင်္ကျားဖြစ်သော်လည်း ယောင်္ကျားစင်စစ်ဘ၀ကို မရရှိနိုင်ပါဘူး..)

ဘေးပါတ်ဝန်းကျင်ကတောင်ကြားယုံနဲ့ စိတ်ညစ်ရပါတယ်...လူပီသတဲလူတွေဟာ ဒီလိုလုပ်ရက်မျိုးတွေကိုလည်း မတက်သာလို့ သာငြိမ်နေရတယ် နှစ်မျိုမှာမဟုတ်ပါဘူး...။တကယ်တော့ လူတွေဟာ ခဏတာ ကျရောက်တဲ့အခက်အခဲတွေပေါ်မှာ ခံနိုင်မရှိခဲ့...မဆင်ခြင်နိုင်ခဲ့လို့ အခုလိုအမှားတွေဖြစ်ရတာပါ...။ တဒင်္ဂ သာယာမှုတွေကိုမက်မောပြီး....အခက်အခဲတွေနောက် က ခိုင်ခိုင်မာမာရှိနေတဲ့ မိသားစုသံယောဇဉ်ကို မမြင်နိုင်ကြတော့ဘူး...။သူတစ်ပါးမိသားစုဘ၀ ထိခိုက်နစ်နာပြီးမှရလာတဲ တဒင်္ဂအပျော်ကိုဘာလို့များမက်မောနေကြမှာလည်း...သူတဖက်သားစိတ်ဆင်းရဲပြီးမှ ရတဲ့အပျော်ဟာ ဘယ်တော့မှကြာရှည်မတည်မြဲနိုင်ပါဘူး..။ မိန်းခလေးပဲဖြစ်ဖြစ်ယောင်္ကျားလေးပဲဖြစ်ဖြစ် ငါသာသူ့ နေရာမှာဆိုတဲ့ ကိုယ်ချင်းစာစိတ်ခလေးထားတက်ရင်တောင် ဒီလိုအပြစ်စိုးတွေ ဖြစ်လာမှာမဟုတ်ပါဘူး..
လက်ခုတ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာမဟုတ်လား..
ယောင်္ကျားလေးတွေချည်းပဲမလုပ်သလိုမိန်းခလေးတွေကပိုပြီးအဓိကကျပါတယ်ယောင်္ကျားလေးတွေဟာလည်း
ကိုယ်ကျင့်တရားစောင့်ထိမ်းပြီးမိန်းခလေးတွေဟာမိမိကိုကိုယ်တန်ဖိုးထားပြီးဆင်ခြင်နိုင်မယ်ဆိုရင်တော
့ဒီလိုအဖြစ်ဆိုးတွေမဖြစ်နိုင်ပါဘူး။
"မိန်းမကောင်းတယောက်ဖြစ်ဖို့ဆိုတာယောက်င်္ကျားကောင်းတယောက်ဖြစ်ဖို့ထက်တောင်
ပိုပြီးခဲယဉ်းပါတယ်".
။ ဆင်ခြင်နုံတရားနဲ့ ကိုယ်ချင်းစာစိတ် ထားတက်တဲ့ လူသားဆန်တဲ့ လူတွေဖြစ်နိုင်ကြပါစေ...။
.........................
ညလေးလည်းဘလော့မရောက်တာတော်တော်လေးကိုကြာသွားပြီ...အခုတလောကြားရတာတွေကလည်း စိတ်ညစ်စရာတွေချည်းပဲ...အဲဒါတွေကို ကြည့်ပြီးတော်တော်လေးလည်း သံဝေဂရပါတယ်...အသက်တစ်ရာသာမနေရတာ ကြားရ/ကြုံရတာတွေက ၁၀၀ မကဘူးလေ...အဲအထဲမှာ စိတ်ညစ်စရာ အကောင်းဆုံး စိတ်ပျက်စရာအကောင်းဆုံးကတော့ နိုင်ငံခြားရောက် မိသားစုတွေ ဘယ်လိုတွေ ကွဲရတယ်...ကွာရတယ်တွေပေါ့...။ လောကကြီးက သိပ်ဆန်းကျယ်သလိုကြောက်ဖို့ လည်းကောင်းပါတယ်...သာယာတဲ့ မိသားစုဘ၀လေးတွေမပျက်စီးပါစေနဲ့ လို့ ဆုတောင်းနေမိပါတယ် ..။အဲဒါတွေကို ဆင်ခြင်ပြီး ဒီပို့ စ်လေးကို တင်ဖို့ စိတ်ကူးရသွားတာပါ... ဒီပို့ လေးမှာပါတဲ့ ပုံပြင်ကတော့ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ အဖြစ်တက်ဆုံအမှားတွေကို သုံးသပ်ပြီးရေးထားပါ... ညလေးပို့ စ်ကို ပျော်သဘောနဲ့ ဖတ်ပြီး ရင်ထဲမှာ တခုခုအမှတ်တရလေး ပါသွားတယ်ဆိုရင်ပဲ ဒီစာရေးရကျိုးနပ်ပါပြီ...။ ချစ်တဲ့မိသားစုတွေနဲ့ ကွေကွင်းရတဲ့ သောကမီးအပူတွေကနေကင်းဝေးနိုင်ပါစေနော်...

10 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Anonymous said...

"မိန်းမကောင်းတယောက်ဖြစ်ဖို့ဆိုတာယောက်င်္ကျားကောင်းတယောက်ဖြစ်ဖို့ထက်တောင်ပိုပြီးခဲယဉ်းပါတယ်"....။ ဆင်ခြင်နုံတရားနဲ့ ကိုယ်ချင်းစာစိတ် ထားတက်တဲ့ လူသားဆန်တဲ့ လူတွေဖြစ်နိုင်ကြပါစေ...။

i absolutely support that words.

cute

သိင်္ဂါကျော် said...

ဒီလို ဇာတ်လမ်းတွေ အများကြီးပဲ ကြားဖူးနေတယ်...။
များသောအားဖြင့်တော့ ပြိုကွဲရတဲ့ အိမ်ထောင်တွေ၊ ကွဲကွာရတဲ့ ချစ်သူစုံတွဲတွေ ကို ကြည့်လိုက်ရင် ယောင်္ကျားလေး ဘက်က စပြီး ဖောက်ပြန်လို့ ကွဲရတာတွေ များတယ်။
သစ္စာရှိတဲ့ ယောင်္ကျား ဆိုတာ ခုခေတ်မှာ အတော်ကို ရှားနေပြီ။

Waing said...

တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ခဲ့ကြပြီးမှ အိမ်ထောင်တွေကျ သားသမီးတွေ ရလာပြီးခါမှ တဒင်္ဂ အပျော်လေးတစ်ခုကြောင့် နစ်နာသွားလိုက်ရတဲ့ သူ့ဘက်၊ ကိုယ့်ဘက်၊ တခြားဘက်စတဲ့ ဘ၀ပေါင်းများစွာကို ဆုံးရှုံးသွားလိုက်ရတာတွေပါပဲ။ ဒါမျိုးတွေ လောကကြီးမှာ အများကြီးပါ။ အားလုံးပဲ အချိန်မနှောင်းခင် အမြန်ဆုံး သတိတရားတွေနဲ့ ဆင်ဆင်ခြင်ခြင်နေနိုင်ဖို့သာ အရေးကြီးဆုံးပဲနော်..........

မဆုမွန် said...

စိတ်ဆိုတဲ့စိတ်က ပြောင်းလဲသွားရင် သိပ်ကြောက်ဖို့ကောင်းတယ်နော် တဒင်္ဂသာယာမူအတွက် ခိုင်မာအောင် တည်ဆောက်ပြီးသား ဘ၀တွေ ပျက်ခဲ့ရတဲ့ အဖြစ်တွေအတွက် စိတ်မကောင်းဘူး
ပို့စ်လေးအတွက် ကျေးဇူး ညလေး..ညလေးရေးတဲ့ပို့စ်ကိုဖတ်ပြီး တွေးစရာလေးတွေ အများကြီး ပါသွားတယ် တကယ်အကျိုးရှိတဲ့ ပို့စ်လေးပါ..

စိမ်း... said...

လူသားတိုင်းလိုက်နာစောင့်စည်းသင့်တဲ့ ကိစ္စပါပဲ... သူများအသိုက်အမြုံကို ကိုယ့်ရဲ့တိုက်ရိုက်ပရောဂကြောင့်ဖြစ်စေ သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ ပျက်စီးစေတာ ဒီဘ၀ သံသရာ နှစ်ဖြာလုံးအတွက် မကောင်းတာတော့ အမှန်ပဲ:)

မေလေး said...

ဟုတ်တယ် ညီမငယ်လေးရေ
ဒီလိုဇာတ်လမ်းမျိုးတွေ နိုင်ငံရပ်ခြားမှာ အလုပ်လာလုပ်နေတဲ့ ယောင်္ကျားတွေမှာ ကြားနေရတယ်။
တွေးစရာတွေ စဉ်းစားစရာတွေ ရသွားတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါနော်။

yangonthar said...

သားသမီးတွေကို အဖေ လုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာက သူ့ တို့ လေးတွေရဲ့ အမေ ကို ချစ်ဖို့ ပဲတဲ့ .... ကျနော်ကတော့ တစ်ခုပဲ ဘာလုပ်လုပ် တာဝန်မမဲ့နဲ့  မယုတ်မာ နဲ့  လူပီသ ..... မှတ်သားလိုက်နာစရာကောင်းတဲ့ ပိုစ့်လေးပါ

ခင်မင်လျှက်
ရန်ကုန်သား :)

Anonymous said...

လူတိုင်းသား စည်းစောင့်နိုင်ကြရင်တော့ ဒီလို အဖြစ်မျိုးတွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ လူဆိုတာလဲ ခက်သားဗျ တားမြစ်ထားတာကိုမှ လုပ်ချင်ကြတာကိုး...။ ဘာမှမကြည့်နဲ့ သိုးဆောင်းတို့ရဲ့ အယူအဆအရ ဧဝ ဟာတားမြစ်ထားတဲ့အသီးကို မစားခဲ့ရင်.... ...... ............................................ .................................. ။ အဲဒါပဲဗျ.......။
ဒီတော့ ဖြစ်ခဲ့တာပဲ ဖြစ်နေဦးမှာပဲ၊ ဖြစ်လာဦးမှာပဲဗျ...။ တခုပဲရှိတယ် အဲဒီအထဲ ကိုယ်မပါဖို့ ကြိုးစား ရမှာပါ။

Angel Shaper said...

ငှက်ငယ်လေးရေ....
တော်တော် တန်ဖိုးရှိတာပဲနော်။
လူပီသဖို့ လူဆိုတာ လူပီသဖို့လိုကို လိုအပ်တယ်။
မှတ်သားသွားတယ် ငှက်ငယ်ရေ...
ပိုစ့်ကောင်းလေးအတွက် ကျေးကျေးစ်။။။

Unknown said...

good eassay,more you can writting.i want read more