Jan 27, 2010

မပိုင်ဆိုင်ခြင်းများ

လောကမှာ...ကျမအကြောက်ခဲ့ရဆုံး...မဖြစ်ချင်ခဲ့ဆုံးအရာတွေကို...ကျမရင်ဆိုင်နေရပြီ...။ ယုံကြည်မှုနဲ့ ပေးဆပ်ခဲ့တဲ့ သစ္စာတရားတိုင်းမှာ..အရှုံးတွေချည်းရှိနေတက်မှန်းကျမ..မသိခဲ့ရဘူး...။ အနိုင်လိုချင်သူတွေကျေနပ်ပါစေ.....ဆိုပြီး အရာရာကိုနှုတ်ပိတ်ပြီး တိတ်တဆိတ်ပဲ ကျမတယောက်တည်းနေတက်ချင်ပါတယ်...။ ဆုံးရှုံးမှုတွေ တခါကြုံရတိုင်း...လူတွေနဲ့ အဝေးဆုံးတနေရာကို ပြေးထွက်သွားချင်ခဲ့ဖူးတယ်...။ ဒီလိုနဲ့ ပဲ ဘ၀ကိုအရှုံးပေးရတော့မှာလား...။ ဖြစ် ချင်တာတွေနဲ့ ဖြစ်သင့်တာတွေ ဒွန်တွဲလာတဲ့အခါတိုင်း ကျမဘာမှမဆုံးဖြတ်တက်ဖူးဖြစ်ခဲ့ရတယ်...။ အဲအချိန်တွေဆိုလေ...မေ့မေ့ရင်ခွင်ထဲဝင်ပြီး အားရပါးရငိုပြစ်လိုက်ချင်တာ..ဒါပေမဲ့ ကျမ၀မ်းနည်းမှုတွေကြောင့် မေမေရသွားမဲ့ ဂရုဏာသောကတွေကို ကျမ..မလိုချင်ဘူး...။ ကျမစိတ်...ကျမခံစားချက်တွေကိုနားလည်ပေးနိုင်တာ...ကျမနေနေကျ အခန်းကျည်းလေးထဲက နံရံတွေရယ်...ကျမရေးနေကျစာအုပ်လေးရယ်..ပဲရှိခဲ့ဖူးတယ်...

ငါမပိုင်တဲ့ငါ့ခံစားချက်...
ငါမပိုင်တဲ့ ငါ့စိတ်
ငါမပိုင်တဲ့ ငါ့အတိတ်
ငါမပိုင်တဲ့ ငါ့အနာဂါတ်အတွက်
ဒီနေ့ ငါ...
ကံကြမာကြိုးဆွဲရာ ကနေရပြန်တယ်...။

2 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

နွေဆူးလင်္ကာ said...

လူတိုင်းဟာ ကံကြမ္မာရဲ့ သားကောင်တွေပါ။ သိပ်လည်း ခံစားမနေပါနဲ့။ အရှုံးဆိုတာ ယူတတ်ရင် အကောင်းဆုံး အတွေ့အကြုံပါပဲလေ။

Anonymous said...

လူရယ်လို့ ဖြစ်လာရင် ကြုံတွေ့ရမှာပါပဲလေ.. ကိုယ့်ဦးတည်ထားတဲ့ ရည်မှန်းချက်ပျက်လောက်အောင် စိတ်ဓာတ်ကျစရာ မလိုပါဘူး။ တခုပဲတွေးကြည့် ဒီလိုအဖြစ်မျိုး ငါတယောက်ထဲ ဖြစ်နေတာလား၊ ပြဿာနာ တခုဖြစ်လာရင် အခုလို ခံစားနေတာထက်၊ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ သေချာစဉ်းစား၊ ဘဝဆိုတာ ဒီလိုပဲ နိမ့်လိုက်မြင့်လိုက်နဲ့ ... မြင့်နေတုန်းက ခံစားစံစား ခဲ့ပြီးပြီ အခုနိမ့်တော့မှ ခေါင်းရှောင်လို့ မရဘူးလေ... ဒီတော့ ဖြစ်လာသမျှကို ရင်ဆိုင်လိုက်စမ်းပါ။