Mar 9, 2010

အမည်မသိ


ထစ်ထစ်ချုန်းချုန်းနဲ့ ရွာလိုက်တဲ့မိုး
ဘယ်လောက်တောင် အငြိုးကြီးသွားမှန်းမသိအော င်
ရက်စက်လွန်းတဲ့ အဲ့ဒီညကိုအမှတ်ရလိုက်တာ... .။

ရာသီနက်တွေက ဆိုးသထက်ဆိုးလာလိုက်ပုံများ
တခါက ရှူရှိုက်ခဲ့ဖူးတဲ့ ညမွှေးပန်းရနံ့ တွေတောင်
ဘယ်ရောက်သွားလည်း မသိနိုင်ကြတော့....။

ဒူးထောက်ခြင်းနဲ့ အရှုံးပေးခြင်းကို မုန်းတီးလွန်းလို့ 
ဒိုင်ယာရီထဲမှာတောင် ထည့်မရေးဖူးတဲ့ ကျမ
စာနာမှု မြူတမှုံမျှတောင်မရှိတဲ့ မျက်ဝန်းတစုံကိုစူးစူးစိုက်စိုက်ကြည့်ရင်း....
အရောင်ပြယ်စမာနတွေကို ပိုပိုပြီးချစ်တက်လာခဲ့ပြန်တယ်. ....။



ကဗျာခေါင်းစဉ်ဘယ်လိုပေးရမှန်းတောင်မသိတော့ပါဘူး..

4 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

MTZO said...

အမည်မသိ.... :P

Angel Shaper said...

အမည်မသိ ကြေကွဲနေတယ်ပေါ့။
အမည်သိတဲ့ သီချင်းကောင်းကောင်းတစ်ပုဒ်ဟဲလိုက်ဖို့ အကြံပေးပါတယ်။ အဟဲ

လင်းကြယ်ဖြူ said...

ကဗျာလေး လာဖတ်သွားတယ်...
ိအမည် မသိ ကဗျာ လေး ပေါ့နော...း )
ပျော်ပါစေခင်ဗျာ

ရေသန့်  said...

အမည်မသိ တဲ့ ခံစာချက်တွေ ရလိုက်ပါတယ်..