Mar 16, 2010

လေဆန်ငှက်

ဘဝလမ်းက..
ကွေ့ ကောက်လိုက်တာ.....

ကျမကမ္ဘာမှာ..
ပိတောက်ပန်းတွေမဝေသေးဘူး.. .
နားခိုစရာ သစ္စာအကိုင်းအခတ်တွေမရှိသေး ဘူး.. .

ရေတံခွန်တခု..
ဒေါင်လိုက်စင်းစင်းသေလို့ 
ဘယ်သူတွေကများ "တည်ငြိမ်ခြင်း" ကို
ခါးဖြတ်ရိုက်ချိုးချင်ကြတာ လဲ?

မေမေသိတဲ့ကျမက...
ခေါင်းမငုံ့ တက်သလို
မော့လည်း မကြည့်တက်ဘူး...
သည်းခံခြင်းကို ပျော့ညံ့ခြင်းလို့  တချို့ ကယူမှတ်မှားနေရင်လည်း...
ဒါတွေက...အရေးမကြီးပါဘူး.. .

မနက်မိုးလင်းရင်
မြက်ခင်းပေါ်က နှင်းစက်လေးတွေမကြွေပါစေနဲ့ ဦး
မျှော်လင့်ချက်တွေလည်း...မ ပျက်ေ စနဲ့ ဦး

မေမေဖန်ဆင်းခဲ့တဲ့ ကျမက...
ငွေရောင်လိပ်ပြာလေးမဟုတ်သလို
ရွှေရောင်ငှက်တကောင်လည်း မဟုတ်ခဲ့ဖူး...
ဒူးမထောက်ဖြစ်အောင် မေမေလက်ဆောင်ပေးတဲ့ အတောင်ပံတစ်စုံတော့ရှိပါတယ်...

တကြိမ်ခါမက
လနဲ့ မိတ်ဖွဲ့ ဖူးတယ်...
ညနဲ့ ရင်းနှီးဖူးတယ်...
ခက်ထန်လွန်းတဲ့ နေ့ တွေနဲ့ စိတ်ဆိုးဖူးတယ်..
ဆန့် ကျင်ဖက် ဆန်လွန်းတဲ့လေနဲ့ ကွဲလွဲဖူးတယ်...

ဒါပေမဲ့
ပျံသန်းခြင်းမှာ
ခက်ထန်ပြီးရင်း ခက်ထန်နေတဲ့ မုန်တိုင်းတွေနဲ့ 
ရပ်တန့် မသွားဘူး...
လမ်းမမှားဘူး...
နောက်လှည့် ပျံသန်းမသွားပါဘူး....။

7 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

လင်းကြယ်ဖြူ said...

ပျံသန်းခြင်းမှာ
ခက်ထန်ပြီးရင်း ခက်ထန်နေတဲ့ မုန်တိုင်းတွေနဲ့ 
ရပ်တန့် မသွားဘူး...
လမ်းမမှားဘူး...
နောက်လှည့် ပျံသန်းမသွားပါဘူး......
စာသားလေးက အားမာန်တွေပါတယ်..
ဆက်လက်ပျံသန်းနေရင်း
ပျော်ပါစေ
*.*.*

Anonymous said...

မတွေ့တာကြာပြီ ငှက်ငယ်လေးရေ ..
သတိတရ လာလည်ပါတယ်နော် ..။

တစ်ချိန်က
တက်လူ

sait phay yar said...

မိုက်လိုက်တာ bird မ ရယ် အသီးတွေကွဲနေနဲ့ အချိန်မ၇ှိဘူး

Anonymous said...

မေမေဖန်ဆင်းခဲ့တဲ့ ကျမက...
ငွေရောင်လိပ်ပြာလေးမဟုတ်သလို
ရွှေရောင်ငှက်တကောင်လည်း မဟုတ်ခဲ့ဖူး...
ဒူးမထောက်ဖြစ်အောင် မေမေလက်ဆောင်ပေးတဲ့ အတောင်ပံတစ်စုံတော့ရှိပါတယ်..

ကဗျာလေးက မာနတွေ မာန်တွေပါတယ်နော်...လေးစားပါတယ်...

နေခ said...

ဒီကဗျာလေးကအရမ်းကောင်းတယ်...လာရောက်အားပေးသွားပါတယ်ဗျာ

Unknown said...

မမေဖန်ဆင်းခဲ့တဲ့ ကျမက...
ငွေရောင်လိပ်ပြာလေးမဟုတ်သလို
ရွှေရောင်ငှက်တကောင်လည်း မဟုတ်ခဲ့ဖူး...
ဒူးမထောက်ဖြစ်အောင် မေမေလက်ဆောင်ပေးတဲ့ အတောင်ပံတစ်စုံတော့ရှိပါတယ်...

Great Idea.

Anonymous said...

ငှက်ငယ်လေးရေ ကဗျာလေးက ကောင်းလိုက်တာ။
ငှက်ငယ်လေး ကဗျာရေးလည်းအရမ်းတော်လာသလို ပိုပြီးလည်း ရင့်ကျပ်လာသလိုပဲနော် လေးစားပါတယ်။
ခင်လျှက်
ဆု.........