ဒီဘဝ
သူ့ အဓိပ္ပါယ်နဲ့ သူ
ချစ်ခြင်းမေတ္ကာဟာ ချစ်ခြင်းမေတ္တာလို ရှိစေ။
အမျက်ဒေါသဟာ အမျက်ဒေါသလို ရှိပါစေ။
စိတ်ဆင်းရဲ ခြင်းကို
ဘုရားမှာ ပန်းလိုကပ်လှူပြီး
ဆုတောင်းမိပါရဲ့ ။
ရင်ကွဲသံ
ဒါမှမဟုတ်
ငါ့ဘ၀တစ်ခုလုံး အသားနုပြန်မတက်အောင်
တဆစ်ဆစ် ကိုက်ခဲနေမယ့်ဝေဒနာ
ဘ၀အစဉ်အဆက်
ငါ့ကိုယ်ငါ သဲလွန်စရှာမရအောင်
အတိတ်မေ့သူ ဖြစ်စေကာမူ။
ချစ်ခြင်း
မုန်းခြင်း
လွမ်းဆွတ်ခြင်း
ခံစားမှုမှန်သမျှ သုညဖြစ်ပါရစေ။
အရှင်လတ်လတ်
ငရဲကျသလို ပူပွက်နေတဲ့စိတ်
အသည်းကွဲခြင်းကို ကမ္ဘာပျက်အောင် အောင်ဟစ်လို့ 
ဒီ နာကျင်မှုကဗျာ
အငါ့ဝေဒနာနဲ့  သစ္စာဆိုလိုက်တယ် ချစ်သူ။
3 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:
အသည်းကွဲခြင်းကို ကမ္ဘာပျက်အောင်အော်မဲ့ ညီမလေး
ကဗျာလေးက ကောင်းသလို ရေးသားသူညီမလေးလည်း
အချစ်နဲ့ ပတ်သက်ရင် ဆန္ဒနဲ့ဘ၀တစ်ထပ်တည်း
ကျပါစေလို့ ဆုတောင်းပေးပါတယ်
အသဲတွေကွဲနေလားဟင်။ :P
ကမ္ဘာပျက်အောင်
အော်ပါနဲ့နော်
အသံကျယ်မှန်းသိပါတယ်
(စတာနော် ၊မစာနာလို့ဟုတ်ဘူး)
Post a Comment