May 17, 2010

ကဗျာဝိဥာဉ်

တကယ်တော့ … ရေလောင်းပေါင်းသင်ပြီး
ရင်ဘက်ထဲမှာ ပျိုးထားမိတဲ့ ဓါးထက်ထက်တစ်လက်ပါပဲ …
ရှင်းသန့်စွတ်ပျံ့တဲ့မွှေးရနံ့လေးတွေနဲ့မို့ … ကျနော် … နေပျော်ပါတယ် …
နားလည်ပါတယ် … ကောင်မလေးရယ် …
ပိတောက်တွေရဲ့ဂုဏ်ဒြပ်အတွက် … ဒီလောက်တော့ ရင်နင့်ပေးနိုင်ပါတယ် …

ထိုင်နေကျဘုံဆိုင်လေးထဲမှာ ကျနော့်စိတ်တွေစိမ်းမြအုံ့မှိုင်းနေတယ် …
ဘယ်သူမှ … နားလည်ပေးကြလိမ့်မယ်မဟုတ်ဘူး …
ဒါပေမယ့် … ကျနော့်ဂစ်တာအနက်ကလေး သိတယ် …
ပန်းနုရောင်စာရွက်ကလေး သိတယ် …
အပြာရောင်နှလုံးသားလေး သိတယ် …
အဖြူရောင်ကောင်မလေးလဲသိလိမ့်မယ် လို့ မျှော်လင့်ပါတယ် …
အလွမ်းဆိုတာ … ကျနော်တစ်ယောက်ထဲရှိတဲ့အချိန်တိုင်း …
…….. ခပ်တိုးတိုးရေရွတ်မိတဲ့ ကဗျာလေးတွေရဲ့မျက်ရည်စတွေပဲပေါ့ …

ကျနော်သိပါတယ် …
သူ့လက်ဖ၀ါးထဲမှာ ပိတောက်ကလေးတစ်ခက်ရှိနေဦး မယ် …
ကျနော့်မှာလဲ …
သူ့ကိုမဆိုပြဖြစ်သေးတဲ့ … သီချင်းတစ်ပုဒ်ရှိတယ်
အဲ့ဒီသီချင်းထက်ဖွဲ့တဲ့ … ကဗျာတစ်ပုဒ်
အဲ့ဒီကဗျာထက်လှတဲ့ … ပန်းတစ်ပွင့်
အဲ့ဒီပန်းထက်မွှေးတဲ့ … မြတ်နိုးခြင်းတွေရှိသေးတယ် လေ …

မိုးစဲတဲ့တစ်ရက် မိုးခိုသူလေး ... လှမ်းထွက်သွားနိုင်ရဲ့ …
ဆောင်းကုန်တဲ့တစ်ရက် ဆောင်းခိုငှက်လေး ... ပျံသန်းသွားနိုင်ရဲ့နဲ့ …
ဒီနေရာမှာ ... ကွက်လပ်လေးတစ်ခုကိုချန်
သန်းခေါင်ယံတွေကိုပဲ အမှန်ပြန်ခြစ်ပေးခဲ့လိုက်တ ယ် … ။ ။
(သုည)

May 11, 2010

စိတ္တဇလမ်းမများ

သတိတရနဲ့ ပြန်လည်တူးဖော်ကြည့်တိုင်း
နှလုံသားလေး စူးနင့်နာကျင်နေရတယ်

ခြေတစ်လှမ်း လှမ်းတိုင်း

မင်းနာမည်ကိုမှ တဖွဖွ

ရေရွတ်မိနေတုန်း ...


မပြောရက်ခဲ့ပါဘူး

မှော်မတတ်တဲ့ငါ့ကိုမှ

ဘာကြောင့်ရွေးပြီး ပစ်ခတ်ခဲ့သလဲ လို့ ..

မေးလဲမမေးရက်ခဲ့ဘူး

အချစ်ဆိုတာက

ကြားနေကျအတုအယောင်တွေထဲကတစ်ခုပဲ လား လို့ ..


ခွဲခွာခြင်းတွေ လိမ့်ဆင်းလာတဲ့

မင်းရင်ခွင်ကမ်းပါးမှာ

တစ်စုံတစ်ရာမစွန်းထင်းခဲ့ေ ပမယ့်

အမည်မဖော်နိုင်တဲ့ဝမ်းနဲကြေကွဲဖွယ်ရာ
တစ်စုံတစ်ရာတွေဟာ
ငါ့မျက်ဝန်းမှာ တွဲလွဲခိုနေခဲ့တယ်…

(သုည)

Mar 16, 2010

လေဆန်ငှက်

ဘဝလမ်းက..
ကွေ့ ကောက်လိုက်တာ.....

ကျမကမ္ဘာမှာ..
ပိတောက်ပန်းတွေမဝေသေးဘူး.. .
နားခိုစရာ သစ္စာအကိုင်းအခတ်တွေမရှိသေး ဘူး.. .

ရေတံခွန်တခု..
ဒေါင်လိုက်စင်းစင်းသေလို့ 
ဘယ်သူတွေကများ "တည်ငြိမ်ခြင်း" ကို
ခါးဖြတ်ရိုက်ချိုးချင်ကြတာ လဲ?

မေမေသိတဲ့ကျမက...
ခေါင်းမငုံ့ တက်သလို
မော့လည်း မကြည့်တက်ဘူး...
သည်းခံခြင်းကို ပျော့ညံ့ခြင်းလို့  တချို့ ကယူမှတ်မှားနေရင်လည်း...
ဒါတွေက...အရေးမကြီးပါဘူး.. .

မနက်မိုးလင်းရင်
မြက်ခင်းပေါ်က နှင်းစက်လေးတွေမကြွေပါစေနဲ့ ဦး
မျှော်လင့်ချက်တွေလည်း...မ ပျက်ေ စနဲ့ ဦး

မေမေဖန်ဆင်းခဲ့တဲ့ ကျမက...
ငွေရောင်လိပ်ပြာလေးမဟုတ်သလို
ရွှေရောင်ငှက်တကောင်လည်း မဟုတ်ခဲ့ဖူး...
ဒူးမထောက်ဖြစ်အောင် မေမေလက်ဆောင်ပေးတဲ့ အတောင်ပံတစ်စုံတော့ရှိပါတယ်...

တကြိမ်ခါမက
လနဲ့ မိတ်ဖွဲ့ ဖူးတယ်...
ညနဲ့ ရင်းနှီးဖူးတယ်...
ခက်ထန်လွန်းတဲ့ နေ့ တွေနဲ့ စိတ်ဆိုးဖူးတယ်..
ဆန့် ကျင်ဖက် ဆန်လွန်းတဲ့လေနဲ့ ကွဲလွဲဖူးတယ်...

ဒါပေမဲ့
ပျံသန်းခြင်းမှာ
ခက်ထန်ပြီးရင်း ခက်ထန်နေတဲ့ မုန်တိုင်းတွေနဲ့ 
ရပ်တန့် မသွားဘူး...
လမ်းမမှားဘူး...
နောက်လှည့် ပျံသန်းမသွားပါဘူး....။

Mar 9, 2010

အမည်မသိ


ထစ်ထစ်ချုန်းချုန်းနဲ့ ရွာလိုက်တဲ့မိုး
ဘယ်လောက်တောင် အငြိုးကြီးသွားမှန်းမသိအော င်
ရက်စက်လွန်းတဲ့ အဲ့ဒီညကိုအမှတ်ရလိုက်တာ... .။

ရာသီနက်တွေက ဆိုးသထက်ဆိုးလာလိုက်ပုံများ
တခါက ရှူရှိုက်ခဲ့ဖူးတဲ့ ညမွှေးပန်းရနံ့ တွေတောင်
ဘယ်ရောက်သွားလည်း မသိနိုင်ကြတော့....။

ဒူးထောက်ခြင်းနဲ့ အရှုံးပေးခြင်းကို မုန်းတီးလွန်းလို့ 
ဒိုင်ယာရီထဲမှာတောင် ထည့်မရေးဖူးတဲ့ ကျမ
စာနာမှု မြူတမှုံမျှတောင်မရှိတဲ့ မျက်ဝန်းတစုံကိုစူးစူးစိုက်စိုက်ကြည့်ရင်း....
အရောင်ပြယ်စမာနတွေကို ပိုပိုပြီးချစ်တက်လာခဲ့ပြန်တယ်. ....။



ကဗျာခေါင်းစဉ်ဘယ်လိုပေးရမှန်းတောင်မသိတော့ပါဘူး..