Oct 30, 2008

Halloween

Halloween မှာ အောက်တိုဘာ၃၁ရက်နေ့ ညနေခင်းမှာ ဆင်နွှဲသော အပြည်ပြည်ဆိုင်ရာ အားလပ်ရက်ဖြစ်ပါတယ်။ ဒီခတ်မှာတော့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းမှာရော ဆင်နွှဲကြပါတယ်။ Halloween activities တွေကတော့ trick or treating လို့ခေါ်တဲ့ မုန့်(သို့)လက်ဆောင် တခုခု ပေးလျင်ပေး၊ မပေးလျင် ဒုတ္ခပေး ခံရမယ် ဆိုတဲ့လုပ်ရပ်မျိုး၊ မီးပုံပွဲလုပ်ခြင်းမျိုး၊ သရဲရထား(သို့)သရဲအိမ် သို့သွားရောက်လည်ပတ်ခြင်းမျိုး၊ ဝတ်စုံဆန်းများဝတ်ရသော ပါတီပွဲများသွားရောက်ခြင်းမျိုး ၊ သရဲခြောက်သည်ဟု နာမည်ကြီးသည့်နေရာများကို သွားရောတ်ခြင်းမျိုး၊ jack-o-lantern လို့ခေါ်တဲ ဖရုံသီးမီးအိမ် ထွင်းလုပ်ခြင်းမျိုး၊ ကြောက်စရာကောင်းသောပုံပြင် များ ဖတ်ပြခြင်းမျိုး၊ နှင့် သရဲကားများထိုင်ကြည့်ခြင်းမျိုး တွေ ဖြစ်ပါတယ်။ ၁၉ရာစု မှာ မြောက်အမေရိကသို့ လာရောက်နေထိုင်ကြသော အိုင်းရစ် နှင့် စကော့တစ် လူမျိုးများမှ ယင်းဓလေ့ထုံးတမ်း ကိုသယ်ဆောင်လာခြင်း ဖြစ်ပါတယ်။ အခြား အနောက်နိုင်ငံများကတော့ ၂၀ရာစုနှောင်းပိုင်းလောက်မှ လက်ခံကျင့်သုံးလာကြပါတယ်။ Halloween ကို အနောက်ကမ္ဘာမှာတော့ နိုင်ငံတော်တော်များများမှာ ဆင်နွှဲကြပါတယ်။ အသိများဆုံးနိုင်ငံများကတော့၊ ယူနိုက်တတ်စတိတ်၊ ကနေဒါ၊ အိုင်ယာလန်၊ ပေါ်တိုရီကို၊ ဂျပန်၊ အော်စတေးရီးရား၊ ယူနိုက်တက်ကင်းဒမ်း၊ နှင့် နယူးဇီလန် နိုင်ငံ၏ အချို့နေရာများ တွင်ဆင်နွှဲကြသည်။
Halloweenပွဲတော်ဟာ samhain လို့ခေါ်တဲ့ ရှေးဟောင်း celtic လူမျိုးတွေရဲ့ ပွဲတော် မှဆင်းသက်လာတာပါ။ samhain ပွဲတော်မှာ Gealic ဓလေ့အရ၊ ကောက်သိမ်းရာသီအဆုံးအတွက် ဆင်ယင်ကျင်းပခြင်းဖြစ်သလို ၊ Celtic လူမျိုးနှစ်သစ်ကူးပွဲ အနေနှင့်လဲ သတ်မှတ်ကြပါတယ်။ ရိုးရာအရတော့ ဒီပွဲတော်ဟာ ရှေးဟောင်း celtic pagan လူမျိုးများ ဟာ ဆောင်းတွင်းကာလအတွက် မွေးမြူထားသောတိရိတ္ဆန် များကို သတ်ဖြတ်ကြချိန် တွင်ဆင်နွှဲကြခြင်း ဟုလဲသိရပါတယ်။ ရှေးဟောင်း Gale လူမျိုး များ အယူအရ samhain ပွဲတော်(ယခု Halloween) ပွဲတော် ရက် အောက်တိုဘာ၃၁ရက်မှာ လူ့လောက နှင့် တမလွန် ခြားထားသော စည်းမှာ ရောပြွန်းသွားပြီး၊ တမလွန်မှ နာနာဘာဝများ မှာ လူသားများ ကို အဖျားအနာ၊ ကောက်ပဲသီးနှံများပျက်ခြင်း စသည့် မကောင်းသောရလတ် များကို ပေးတတ်သည်ဟုယုံကြည်ကြသည်။ Halloween ပွဲတော်တွင် မီးပုံပွဲ ဆင်နွှဲခြင်းမှာ ယခင်က တိရိတ္ဆန် များကိုသတ်ပြီး အရိုးများကို မီးပုံရှို့ ခဲ့သည့်မီးပုံကြီးအား ဆောင်ယူခြင်းဖြစ်ပြီး၊ ထူးဆန်းဝတ်စုံများ နှင့် မျက်နှာဖုံးများ ဝတ်ဆင်ကြခြင်းမှာ မကောင်းဆိုးဝါးများအား ဖျော်ဖြေခြင်း (သို့) သူတို့နှင့် ငြိမ်းချမ်းရေးရယူတဲ့သဘောပါ။
....................................................
ကဲအခု Hollowen day အကြောင်းကို အကျဉ်းချုပ်ပြောပြီင်္းပီ ဆိုတော့ ငြိမ်းရဲ့ မနှစ်က Hollowen day မှာ အပျော် ရိုက်ထားတဲ့ ဓါတ်ပုံလေး တင်ပေးလိုက်တယ်နော် ပြီးတော့ ဒီနှစ် ခင်တဲ့အကို ကြီးတယောက် က အမှတ်တရ လုပ်ပေးထားတဲ့ ဓါတ်ပုံလေးကို တင်ပေးထားပါတယ် ။တူများတွေ ကြောက်မကြောက်တော့တိဘူး အဲဓါတ်ပုံလေးစရ ကာစနေ့ တုန်းက ကြောက်ပီး အိမ်မက်ပါ မက်တယ် အဲလောက် လှတာ ဟီးးး ကြောက်တက်ရင်တော့ ကြည့်နဲ့ နော် ပြီးတော့မူရင်းပုံလေး တစ်ပုံပါတင်ပေးထားပါတယ်ရှင် ။ ပြီးရင်တော့ သကြားလုံး ကြွေးသွားပေါ့နော် :P ။



......................
ပို့ စ်တင်တာ ၁ ရက်စောသွားတဲ့အတွက်ကြောင့် သရဲများနေ့ လေးကလည်း တရက်စောသွားပါတယ် ။ ဟီးး ဒါကတော့ လာလည်ကြတဲ့သူငယ်ချင်းတွေကို ရထားတဲ့ သီကြားလုံးလေးတွေပြန်ဝေပေးလိုက်တာပါ။
ကိတ်မုန့် လေးတွေပါ ပါတယ်နော် ။ စားကြပါဦး ရှင့်။ :D
cupcake Pictures, Images and PhotosPhotobucket Photobucket

11 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Zigon Thar Yar said...

ခုတော့နဲနဲ သိတွားပီ.. ကျေးဇူး....း)

Anonymous said...

အောင်မငေး လန့်လိုက်တာ ငြိမ်းလေးရယ်....:) :P

Dr Phyo Wai Kyaw said...

အမယ်လေး
ကြောက်ချာကြီး..ပေါက်ပေါက်ရှာရှာ လုပ်ပြန်ပြီ။
အလကားပြောတာ.
ဗန္ဓုလသွေးပါတယ်.ကြောက်ဖူးကွ။
ရော့ သကြားလုံး ငြိမ်ငြိမ်လေးထိုင်စားနေ
သူများတွေလိုက်မခြောက်နဲ့..အရိုက်ခံရမယ်။
:P

Anonymous said...

ဟဟ
လုပ်ထားပြီ ..
ကိုယ့်ပုံကိုယ် အဲ့လို လုပ်စရာလေး ငှက်ကလေးရယ် ..
ကောင်းပါ့ ဗဟုသုတ လည်း ရတယ် ..
ဖတ်ရတာ ပျော်စရာလည်း ကောင်းတယ် ..
ကဲ သကြားလုံးပေးပါ :P

Dream said...

Halloween story လေးကိုရှင်းပြပေးတာ ဖတ်သွားတယ်...

ဒါနဲ့ တီငှက်လေးကို ပြောရဦးမယ်...

သီကြားလုံး နဲ့ ခရစ်ရှန် ဆိုတဲ့စာလုံးကိုရေးထားတာ မှားနေသလားလို့... (သကြားလုံး၊ ခရစ်ယာန် ) မဟုတ်ဘူးလားဟင်...
အစအဆုံးသေချာဖတ်သွားလို့တွေ့လိုက်တာပါ။

ခင်လို့ပြောတာနော်.. စိတ်မဆိုးရဘူး..

တယဲမရေးကယဲ ကျောက်ချရာမကောင်းဘူး.. ရှစ်ရှရာလေး..
တယဲံမရေး ကို ဖတ်ဖီ အာဝါးးးးးး အမြှောက်တသိန်းပေးလိုက်ဒယ်။။။
တကျားယုံးယဲ အများဂျီး ကျွေးလိုက်ဒယ်နော်.. ဟီးဟီး..
တိတ်ယဲမချားနဲ့ တွားပိုးချားမှာ ချိုးလို့...

တယဲမေရေး.. ချစ်ချရာလေး.. ဟဲဟဲ.. အာဝါးးးးးး

ငှက်ငယ်လေး said...

Trick-or-Trade ပြီး တံခါးခေါက်မှ တကြားလုံးကြွေးမှာ ပေါ့ :P

sait phay yar said...

အခုမှသိတော့တယ် ညီမရေ ကျေးဇူးနော်

Dr Phyo Wai Kyaw said...

သွားပိုးစားရင် ထပ်အရိုက်ခံရဦးမယ်
သကြားလုံးတွေအများကြီးစားပြန်ပြီ
မမှတ်သေးဘူးလား ဟင်းဟင်း
ငယ်ငယ်ရွယ်ရွယ်နဲ့ ..အံကပ်တပ်နေရမယ်။
အံကပ်လေးနဲ့
ဒေါက်မြင့်ဖိနပ်လေးနဲ့ ဆို မလိုက်ဘူးနော် ဟက်ဟက်။

ငှက်ငယ်လေး said...

အရယ်အရယ် ဒူ့  ဒီမှာတော့ တူများတွေတိမှာ စိုး လို့ မေးလ်က နေ တကြားရုံးလာ လုလု ချားနေ တာ အော် ပြောလိုက် မှာ နော် :P

WWKM said...

ညီမလေးရေ..
ဟီိးဟီး ကြောက်ချရာကြီး ကြည့်သွားတယ်။
သကြားလုံးလဲယူသွားပြီ ညီမလေး ရေ..း)

မလေး(မြန်မာ) said...

I asked to anyboy about Halloween but nobody can answer to me. Now u only can answer. So thank u sis yayy...

Malay