Aug 4, 2009

ငှက်ငယ်လေး ကောင်းရာသုကတိလားပါစေ

........
ငှက်ငယ်လေး ဆိုတဲ့ နာမည်ကို ဘာလို့ ပေးဖြစ်ခဲလည်းဆိုရင်...ငြိမ်းကငှက်လေးတွေကိုသိပ်ချစ်ပါတယ်...သူတို့ ရဲ့ သဘာဝကိုလည်းသိပ်သဘောကျတာ...လွန်ခဲ့တဲ့ ၂ လလောက်က စပြီး ငြိမ်း ငှက်လေး ၂ ကောင်ကိုမွေးဖြစ်ခဲ့တယ်...တစ်ကောင်က အပြာလေး..တစ်ကောင်က အစိမ်းနဲ့ အ၀ါဆက်ထားတာ...အပြာလေးက အေးပြီးစွာတယ်...အစိမ်းလေးက အရမ်းသွက်တာ ပြီးတော့ ချစ်ဖို့ ကောင်းတယ်...။ ငြိမ်းရဲ့ အချစ်တော်ပေါ့...တခါတလေ စိတ်ညစ်ပြီးတယောက်တည်း အထီးကျန်ဆန်တဲ့ အချိန်တွေမှာဆို သူတို့ ကိုကြည့်ဖြစ်တယ်...ငှက်လေးတွေနဲ့ စကားပြောတယ်...ဟိုတွယ်ဒီတွယ်နဲ့ ...အချင်းချင်းရန်ဖြစ်လိုက်...ပြေးလိုက်နဲ့ စော့နေတဲ့ သူတို့  ၂ယောက်ကို ကြည့်မိတိုင်း ငြိမ်း အမြဲတမ်းစိတ်သက်သာရာရနေကျ....။ တခါတလေ သူတို့ ကိုချစ်လွန်းလို့ လိုက်ဖမ်းရင် အပြာလေးကအရမ်းကိုက်ပေမဲ့...အစိမ်းလေးက ငြိမ်းကို လှန့် ယုံလောက်လေးရယ် ကိုက်တက်လို့ ငြိမ်းပိုချစ်မိပါတယ်...။ တခါတလေ သူတို့ အရမ်းစော့လို့  ငြိမ်းဓါတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့ရင်...ဆက်မဆော့တော့ပဲ ၂ ကောင်သား ပူးပြီး ငြိမ်လို့ အိုက်တင်ပေးတက်တဲ့ ငှက်လေးတွေရယ်ပါ...။ အပေါင်းအသင်းမရှိတဲ့ ငြိမ်းအတွက် သူတို့ ကပဲအပေါင်းအသင်းတွေလို့ ပြောလို့ ရပါတယ်...။

မနေ့ ကငြိမ်းစိတ်ထဲမှာ ဘာနဲ့ မှမတူတဲ့ စိတ်ဝေဒနာတွေခံစားခဲ့ရတယ်...တချိန်တည်းမှာပဲ ငြိမ်းရဲ့ ငှက် အစိမ်းရောင်လေးက မှိုင်နေပါတယ်...။ အရင်နဲ့ မတူတဲ့ သူ့ ကို ငြိမ်း သတိထားမိလာပါတယ်...။ သိပ်မစော့တော့ဘူး...ငြိမ်းသူ့ ကိုချီရင် ငြိမ်းကို မကိုက်တော့ပဲ ငြိမ်လို့ ရယ်...။ ဒီနေ့ ငြိမ်းအလုပ်ကပြန်ပြန်ချင်း သူ့ ကိုရေတွေတိုက်ခဲ့ပါတယ်...ငြိမ်းအတွက် ငှက်လေးတွေ စမွေးဖြစ်တာ ဒါပထမဆုံးအကြိမ်ဆိုတော့ ထွေထွေထူးထူးဘာမှ မလုပ်ပေးဖြစ်ခဲ့ဖူး...။ ငြိမ်းသူ့ ကိုသနားလွန်းလို့ ကြည့်နေတုန်းလေးပါပဲ...အပြာရောင်လေးက နေမကောင်းဖြစ်နေတဲ့ ငှက်လေးကို ပွတ်သီးပွတ်သပ်နဲ့ ...အရင်ထက် ဂရုတစိုက်ဖြစ်နေတာတွေ့ ရတယ်...ခဏလေးမှာပဲ အစိမ်းရောက်ငှက်လေးက တန်းလေးပေါ်ကပြုတ်ကျသွားပါတယ်...ငြိမ်းက ချက်ချင်းသူ့ ကိုပြန်ကောက်တင်ပေးဖို့ လုပ်ပေမဲ့ အသက်မရှိတော့ရှာပါဘူး...အချိန်တိုတိုလေးအတွင်းမှာပဲ ဖြစ်သွားတော့ ငြိမ်းလည်း အရမ်းကိုအံ့သြပြီး...၀မ်းလည်းနည်းမိတယ်...သူမရှိတော့ ငြိမ်းပိုပြီးအထီးကျန်ဆန်းသလို ခံစားရတယ်...ပြီးတော့ အဲလိုဖြစ်သွားရတာ ငြိမ်းရဲ့ ပေါ့ရော့မှုတွေလားဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်နေမိတုန်းပါပဲ....။ ငှက်လေးသာ အခုချိန်ရှိခဲ့မယ်ဆိုရင် ငြိမ်းသူ့ ကို အရင်ကထက်ပိုပြီး ဂရုစိုက်မိမှာ အမှန်ပါပဲ...။သူမရှိတော့ သူ့ ရဲ့ အဖော်ငှက်လေးလည်း ဘယ်လောက်တောင် ၀မ်းနည်းနေမလည်းဆိုတာ မေးနေဖို့ တောင်မလိုတော့ပါဘူး...။ (တိုက်တိုက်ဆိုင်ဆိုင်ပါ ငှက်ငယ်လေးဆို တဲ့ နာမည်ကို ငှက်လေးမသေခင် တစ်ရက်အလိုမှာပဲ ဘာကြောင့်ရယ်တော့ မသိပြောင်းပြစ်ခဲ့မိပါတယ်)

သေချင်းတရားဆိုတာ လူတွေရယ်မဟုတ်ပါဘူး သတ္တ၀ါတွေပါ တနေ့ မလွဲမသွေရင်ဆိုင်ကြုံတွေ့ ရမဲ့ အရာဆိုတာ သိထားပေမဲ့...တကယ်တမ်း ကြုံလာတဲ့အခါ ရင်ဆိုင်နိုင်ဖို့ ဆိုတာခက်ခဲလွန်းပါတယ်...။ သေသွားမှ တမ်းတနေလို့ တော့ မရနိုင်တော့ပါဘူး...။ ငြိမ်းအခု ခံစားနေရာတာတွေဟာ ငှက်ခလေးတစ်ကောင်အတွက်ရယ်ပါ...မသေခင်က ဂရုမစိုက်ခဲ့မိပါလားဆိုတဲ့ နောင်တတွေမရဖို့ ... လူတိုင်းလူတိုင်းဆင်ခြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။ သေဆုံးသွားတဲ့ ငြိမ်းရဲ့ ငှက်ငယ်လေးလည်း ကောင်းရာသုကတိလားပါစေလို့ ဆုတောင်းပေးကြပါနော်....။

7 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Anonymous said...

ကြည့်လဲလုပ်ဦး တော်ကြာ ငှက်ဖလူးဖြစ်နေဦးမယ်နော်...။ ကိုယ်ပါရောပြီး ဂိမ်သွားမယ်... ဟီး... သတိပေးတာပါနော်.. ။
ကောင်းရာသုကတိဆိုလို့ လန့်သွားတာပဲ ဘလော့ဂါငှက်ငယ်လေးများ လားလို့.. ဖတ်ရင်းနဲ့မှ သက်ပြင်းချနိုင်တော့တယ်ဗျာ... စိတ်ပူတတ်တယ်လေ..။ တကယ့်ငှက်ကလေးအတွက်လဲ စိတ်မကောင်းပါဘူးဗျာ... အချိန်တန်ရင် ခွဲရမှာပါပဲ ဒီတော့ တစ်ရာနဲပသာဖြေပါ... တရား..ပြောတာပါမှားလို့...။

littlebrook said...

နောက်တစ်ကောင်မွေးပေါ့ အဖော်မရှိဘဲ ဟိုငှက်လေးတစ်ကောင်တည်း ဖြစ်နေမှာ .. စိတ်မကောင်းဘူးဗျာ

Dr Phyo Wai Kyaw said...

.....ကောင်းရာသုဂတိလားပါစေ..စိတ်မကောင်းလည်းသိပ်မဖြစ်ပါနဲ့။

Unknown said...

ပျော်
ငို
ချစ်
မုန်း
အကုန်လုံး...
လုပ်သင့်ရာကို လုပ်လိုက်ပါ....။

အကယ်၍သာ လိုအပ်လျှင်...
ကိုယ့် ကိုယ် ကို ပါ မေ့လိုက်ပါ။

ညီမလေးရဲ့ 
ငှက်ငယ်လေး
ကောင်းရာသုဂတိလားပါစေ ကွယ်..

ဇီးကုန်းသာယာ said...

ဆုတောင်ပေးလိုက်ပါတယ်... ငှက်ကလေး ကောင်းမွန်ရာ ရောက်ပါစေ.. :pray

zue said...

ငြိမ်းရေ.... ငြိမ်းရဲ့ ဌက်ငယ်လေးအတွက် ဆုတောင်းပေးလိုက်တယ်နော်....

Libratun said...

I also pray for another pity one.