Aug 17, 2008

မယုံဘူး

တည်ငြိမ်မှူမရှိတဲ့ ဒီကံကြမ္မာတွေကြားမှာ
ငါဘာကိုများ ယုံကြည်ရမှာလဲ
မာယာများတဲ့ ရာသီဥတုတွေကိုလည်းငါမယုံဘူး
ရေငွေ့ ပျံရာမိုးရွာတက်တဲ့ တိမ်လွှာတွေကိုလည်းငါမယုံဘူး
မြေနိမ့်ရာ လှံစိုက်တက်တဲ့ လေးညို့ ရှင်တွေကိုလည်းငါမယုံဘူး
စာနာမှူကင်းမဲ့တဲ့ လူယဉ်ကျေးတွေကိုလည်း ငါမယုံဘူး
ဟုတ်တယ် ငါဘယ်သူ့ ကိုမှမယုံဘူး

3 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

ကောင်လေး !!! said...

"အဖြူရောင်"

မရလို့ ပေးဆပ်ပါတယ်ဆိုတဲ့
"အဖြူရောင်"
မပေးလို့ စွန့်လွှတ်ပါတယ်ဆိုတဲ့
"အဖြူရောင်"
မပိုင်ဆိုင်ရလို့ သဲပက်တဲ့
"အဖြူရောင်"
ဥစ္စာဓနတွေက ပြောတဲ့
"အဖြူရောင်"
ပညာတတ်ကြီးတွေက ပြောတဲ့
"အဖြူရောင်"
တဏှာအတ္တယိုဖိတ်တဲ့
"အဖြူရောင်"

အိုး ..........
ငါ ပြောတဲ့
အဖြူရောင် ဆိုတာ
"ငါ ကိုယ်တိုင် သေပေးနိုင်တဲ့"
"အဖြူရောင်" လေ .....

Created By Kaung lay

အရုပ်ကလေး said...

ဘယ်သူ့ကိုမှ မယုံဘူးဆိုတော့
အစ်ကိုလည်း ပါသွားပြီပေါ့ ...

ညီမလေး..
အနေဝေးပေမဲ့
အခြေမဝေးသူကကွယ်
မြဲပဆုတောင်း..

ဘ၀မှာတိုးတက်ခြင်းတွေနဲ့ ထာဝရပျော်ရွှင်ပါစေ..

ဝေလေး said...

ဝိုးး ကဗျာလေးကမိုက်တယ်.. ဘယ်သူ့ကိုမှမယုံဘူးး
ကိုယ့်ကိုကိုယ်တောင်မယုံဘူးဗျာ.. :P
ဘာတွေပေါက်ကွဲနေလဲတော့မသိ..
အဆင်ပြေပါစေနော်