Aug 17, 2008

ရူးသွပ်မှူ

ငါယုံကြည်လိုက်တဲ့မိုးရေတွေထဲမှာ
ချစ်သူသက်ပျင်းချသံဟာ
တိတိကျကျကို ရူးသွပ်စေခဲ့တယ်
နေ့ ရက်တွေကတိုတောင်းတယ်ဆိုပေမဲ့
အလွမ်းတွေကရှည်နေတုန်းပါပဲ
တံခါးတွေလုံအောင်ပိတ်ထားပါရက်နဲ့ 
ဘာလို့ များ ငါ့စိတ်တွေ မလုံရတာလဲ
ရနံ့တွေ ပျယ်သွားကတည်းက
နှလုံးသားတစ်ခုလုံး မြေလှန်ဖြစ်ဖို့ ကောင်းတယ်
အခုတော့သိုသိုသိပ်သိပ်နဲ့ အလွမ်းဖြေ
အချစ်ဆိုတာ မကြားချင်လဲနားထောင်နေရတဲ့
တစ္ဆေပုံပြင်တစ်ပုဒ်လိုပါပဲ
ဆွံ့ အသူတစ်ယောက်လိုတိတ်ဆိတ်
မျက်စိမြင်ပြီးအလင်းပျောက်သူ
တိမ်အတုရွာတဲ့မိုးမှာ
နှလုံးသားကတစ်ဘ၀စာ ဖျားနာခဲ့ရပြီ။

1 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

kohtet(Chasing Technology) said...

”တိမ်အတုရွာတဲ့မိုးမှာ
နှလုံးသားကတစ်ဘ၀စာ ဖျားနာခဲ့ရပြီ” တဲ့ ။ သူများတွေများအသုံးအနှုန်းလေးတွေ ဆန်းကြယ်လိုက်တာ
ကဗျာလေးတွေ လာခံစားသွားပါတယ်