Oct 26, 2008

မမ၀ါ ၃၇ နှစ်မြောက်မွေး နေ့ ဆုတောင်း



မမ၀ါရေညီမလေးတို့ ဟာ

မြင့်သထက် မြင့်ရာကို

ပျံသန်းနေကြရတဲ့ ငှက်လေးတွေလို ပါပဲ

တခါတလေ မိုးမြင့်ထက် မှာအသာစံ

တခါတလေ မုန်တိုင်းဒဏ်ကို ကြံကြံခံ

ငိုတခါ၊ ရယ်တလှည့်

ပျံသန်းကြရင်းနဲ့ 

ဒီကနေ့ လေးကို ရောက်ခဲ့ပါပြီ။

၃၇ နှစ်မြောက်မွေးနေ့ မှစ

မမ၀ါ ရဲ့ မိသားစုလေး ဘဝ

အစစအရာအရာ အဆင်ပြေလို့ 

နောင်နှစ်ပေါင်း ၁၀၀ တိုင်မက

ပျော်ရွှင်နိုင်ပါစေလို့ 

ဆုတောင်းပေးလိုက်ပါတယ်။



(အမှတ်တမဲ့ အွန်လိုင်းပေါ်မှာ ပဲသိခဲ့ရပေမဲ့ အမှတ်တရ ရှိစေမဲ့ မိသားစုလေးပါပဲ။)


တီတီဝါ က မွေးနေ့ လာဖိတ်မှ ကမန်းကတန်း စီစဉ်လိုက်ရတဲ့လက်ဆောင်လေးပါ။ တီတီဝါမွေးနေ့ ကို သွားပြန်တော့လည်း ဧည့်သည်တွေများကြီးဆိုတော့ ကိတ်မုန့် စား လက်ဆောင်ဘယ်မှာပေးရမှန်းမသိလို့  မန့် ဘောက် လေးထဲမှာ ပဲ လက်ဆောင်လေးတွေ ထည့်ခဲ့ပြီးပြန်ခဲ့ပါတယ်။


2 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

WWKM said...

Thank u so much my sister .
ပို့စ်လေးအတွက် အလွန်ပဲကျေးဇူးတင်ပါတယ် ညီမလေးရေ.. တကယ်ပါနော် . မမ ဆီမှာတင်ဘို့ကူးသွားပြီနော်...

ချစ်တဲ့
မမ၀ါ

ဂျူဝသန် said...

ငှက်ငယ်လေးက တစ်နေ့ထက်တနေ့ အရေးအသားတွေ ပြောင်မြောက်လာပါလားဟ....... ငါတို့ရွာကိုပြောင်းနေပါလားဟင်...