Oct 25, 2008

ကမ္ဘာပျက်ခြင်း

ငါက အချစ်ဆိုတာ ကို

ပိုးမွေးသလို မွေးတယ်

နင်က အပျော်အပျက်နဲ့ 

ချစ်ခြင်းမေတ္တာ ကိုဖိနပ်လိုစီးတယ်

အချစ်ဆိုတာ ရုပ်သိမ်းလို့ ရတဲ့အရာဆိုရင်

ငါအခြောက်တောင် ခံခဲ့မှာမဟုတ်ဘူး

ငါ့နှလုံးသား ကိုခွဲပြီး ငါ့အသဲကိုယူပါ

ငါ့ကဗျာတွေကို ယူပြီး

ငါ့မဟုတ်တဲ့ တခြားတစ်ယောက်ကိုရွတ်ပြလိုက်

နှလုံးသားတွေ ဆွေးမြေ့ တဲ့ထိ

ငါမငိုချင်တော့ဘူး

မင်းအတွက် ဒီခွဲခွါခြင်းဟာ

တရားမျှတမယ်ဆိုရင်

ငါ့အတွက်တော့

ကမ္ဘာပျက် ခဲ့ခြင်းပဲ ဖြစ်လိမ့်မယ် ။

6 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

ညလေး
ကဗျာကအရမ်းကောင်းတယ်
တကယ်ပြောတာ
အပြင်းစားခံစားမှုတွေနဲ့
ရွက်လွှင့်နေတယ်ပေါ့..ကမ္ဘာပျက်တဲ့
အကြောင်းတော့ မပြောနဲ့
၂၀၁၂ ကျရင် ကမ္ဘာပျက်မှာတဲူ့(ညီမတစ်ယောက် တည်းမဟုတ်ဘူး).
.ကိုခွန်းရဲ့ အရင်
ပို့စ်ကို သွားကြည့်
အနော်တောင်စဉ်းစားနေသေးတာ
ဘာမှစိတ်ပူစရာမရှိဘူး
ဒါပဲ

ငှက်ငယ်လေး said...

တကယ်ပဲကမ္ဘာ ကြီးပျက်တော့မှာလား... သူများတွေ အတွက်တော့ စိတ်မကောင်းပါဘူး...။ ညလေးတယောက်တည်းအတွက် ကမ္ဘာ ပျက်မယ်ဆိုရင် သိပ်ကို ကောင်းမှာပဲတွေးမိတယ်။ တခြားကကမ္ဘာ တခုကို ရောက်ခဲ့မယ်ဆိုရင် တောင် အသက်မရှိတဲ့ကျောက်တုန်းကျောက်ခဲပဲ ဖြစ်ချင်တော့တယ်။

sait phay yar said...

ညလေးရေ ဟုတ်တယ် ကမ္ဘာပျက်ခဲ့ရင်တောင် ကျေနပ်မိနေဦးမှာ ရင်ထဲကအပူတွေ ငြိမ်းသွားစေချင်လို့ပါ။ ဆုတောင်းလိုက်ချင်သေးတယ် ဘ၀ဆက်ဆက် ဒီလို မျိုးတွေမခံစားရပါစေနဲ့လို့

ဂျူဝသန် said...

ခံစားရတယ် ကွာ........ အရမ်းပဲ... ငါသာဆို ဒီလိုလုပ်မှာမဟုတ်ဖူးဟ။

Unknown said...

ကမ္လာပျက်တာတဲ့လား...
ကောင်းလိုက်တဲ့ ကဗျာပါ..အားပေးပါတယ်..
ဒီလို ကဗျာ မျိုး နောက်ထပ် အများကြီးရေးနိုင်ပါစေ..
တွေးနိုင်ပါစေ..
နောက်လည်း လာလည်ပါအုံးမယ်

Zigon Thar Yar said...

မိုက်ပါ့ ကောင်မလေးရယ်.........း)