Oct 27, 2008

သူတို့ ပြောနေကြတဲ့

"တောက်"

နားကျည်းစွာထွက် ကျသွားတဲ့အသံ

ရင်ခွင်ပတ် ကြားအက်သံပေါ့

အမုန်းတရားတော့မပါ, ပါဘူး

သင်ခန်းစာတခု တူးဖော်မိတယ်

အထူးပဲကျေးဇူး တင်ပါတယ်

သူတို့ ပြောတဲ့ "ကိုယ်ချင်းစာစိတ်"

သူ့ တို့ ပြောတဲ့ "ဂရုဏာ"

သူတို့ သူတို့ တွေပြောနေကြတဲ့ "သိက္ခာ"

အဓိပ္ပါယ် ရှာမရပါဘူး

သိပ်လွယ်လွန်းတဲ့စကား

ဘာများလဲလို့ 

မာယာများတဲ့သူတွေပါ

လောက ကို လှည့်ဖျား

ရိုးသားမှုကို အရောင်ချယ်

နာမည်အတု ကို အလုအယက် လိုချင်ကြတဲ့သူတွေ

ဘာတဲ့ ပြောပါသေးတယ် "လူကြီးလူကောင်း" တဲ့။

....................................

ဘရယ်တော့ ဟုတ်ပါဘူး ခံပြင်း စိတ်လေး တခုကြောင့်ရေးမိသွားတာ...ဒူ့ ကို မှ စိတ်ဆိုးဘူးနော်

14 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

အမယ်လေးဗျာ
ဘုရားဘုရား!!!!
ငါ့ညီမကလည်း စိတ်ချည်းပဲ
အင်းလေ..
မာယာများတဲ့သူတွေ လောကမှာများတာတော့ အမှန်ပဲ
အင်း...
လူကြီးလူကောင်းအယောင်ဆောင်တွေလဲ ပေါပါတယ်

ကဗျာလေးကတော့ ထိတယ်
တကယ်ပဲ ..
မထင်ရဘူး
ဒီစကားလုံးတွေ
ဘယ်က ထွက်လာလဲ
ပျံရင်းသန်းရင်းလား
ရုန်းရင်းကန်ရင်းလား
တော်ပါပေရဲ့ဗျာ။

အရုပ်ကလေး said...

နာမည်အတုကို အလုအယက် လိုချင်ကြတဲ့သူတွေ
ဆိုတဲ့ စကားလုံးလေးကို ကြိုက်ပါတယ်
ပို့စ်လေးက ကဗျာ မဆန်ပေမယ့်
စာသားလေးတွေ ကောင်းတယ်

ဆက်လက် အောင်မြင်ပါစေ

Anonymous said...

မိုက်တယ်ဗျာ...။

Anonymous said...

ဘာတဲ့ ပြောပါသေးတယ် "လူကြီးလူကောင်း" တဲ့။

စာသားလေးတွေ ထိတယ် ငှက်ကလေးရေ ..
ဒေါသ မထွက်ပါနဲ့...
လူအမျိုးမျိုး စိတ်အထွေထွေ ကြားမှာ လွတ်လပ်စွာပဲ ကွဲလွဲလိုက်ပေါ့ ..နားလည်ပေးလိုက်တာက သူရော
ကိုယ်ရော သက်သာတယ် ...
ငှက်ကလေးရေ ရှောင်ကွင်းပြီးတော့ပဲ ပျံသန်းလိုက်ပါတော့ ...
ပျော်ရွှင်ပါစေဗျာ

RePublic said...

ဟုတ်တယ်ဗျာ ၊၊ မတတ်နိုင်ဘူးလေး၊၊ နောက်ဆုံးတော့ အသံပြင်းပြင်းနဲ့ "တောက် " တစ်ချက်ဝင်ခေါက် သွားပေး သွားတယ် ငှက်ငယ်လေး ရေ ၊၊

မြတ်သွယ် said...

ဖြစ်တတ်တဲ့ဖြစ်ရပ်တစ်ခုကို တောက်လေးနဲ့စပြီးကဗျာရေးလိုက်တာတော့ တကယ်လန်းပြီး ခံစားလို့ကောင်းတယ်
စာကြောင်းတိုင်းကို သဘောကျတယ် ငှက်ငယ်လေးရေ
" အမုန်းတရားတော့မပါ, ပါဘူး
သင်ခန်းစာတခု တူးဖော်မိတယ် " ဒီစာကြောင်းလေးကိုတော့ အကြိုက်ဆုံးပေါ့
အားပေးသွားတယ် ညီမလေးရေ

ငှက်ငယ်လေး said...

အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ရှင်

ဂျူဝသန် said...

ငါကလူကြီးလူကောင်းနော် နင်တော့ ငရဲကြီးတော့မယ်......။ ငှက်ကလေး ငှက်ငယ်လေး.... အင်း အင်း ... မမြင်ဖူးလို့နော် ဘယ်လိုပြောရမှန်းမသိဘူး။

Anonymous said...

တောက်...လန့်သွားတာလဲ

လန့်သွားသော်လည်း မကြောက်ပါပဲ

မရဲတရဲ ကဗျာလေးကို

ဖတ်သွားပါတယ် ကောင်းတယ်

ထိတယ် ..တည့်တည့်ပဲ

ကဗျာတွေအားပေးနေပါတယ်

ခင်တဲ့ညခင်း

Zigon Thar Yar said...

တောက် . ဘယ်လိုလူကြီးလူကောင်းမျိုးပါလိမ့်....း)

မဆုမွန် said...

နာမည်အတု ကို အလုအယက် လိုချင်ကြတဲ့သူတွေ

ဘာတဲ့ ပြောပါသေးတယ် "လူကြီးလူကောင်း" တဲ့။
ကဗျာလေးကို ကြိုက်တယ်

အဲ့ဒီ့နောက်ဆုံးအပိုဒ်က အထိဆုံးပဲ ကောင်းလှချည်လား ညီမလေးရေ ကွက်တိပဲ..ရေးသာရေး ဆက်ရေး ရင်ထဲမှာ တစ်ခုခုဖြစ်တိုင်း ရေး အစ်မတို့  ပါ ၀ိုင်းခံစားပေးမယ် အတူတူပဲလေ နော်

Unknown said...

good & right....
Take care sis..

ရွှေပြည်သူ (ShwePyiThu) said...

ခံစားချက် ခံပြင်းချက်ကို တကယ်ဖော်ကျူးနိုင်တဲ့ ကဗျာလေးပါပဲ... အစစ အရာရာ အဆင်ပြေပါစေ ကိုအညတြရေ...

ရွှေပြည်သူ (ShwePyiThu) said...

ခံစားချက် ခံပြင်းချက်ကို တကယ်ဖော်ကျူးနိုင်တဲ့ ကဗျာလေးပါပဲ... အစစ အရာရာ အဆင်ပြေပါစေ ငြိမ်းလေးရေ... (အပေါ်မှာ နာမည်မှားရေးမိသွားတာ အနူးအညွတ်တောင်းပန်ပါတယ် ညီမလေး)