တခါတုန်းက ကောင်လေးတယောက် ဟာ ကောင်မလေးတယောက်ကို ငယ်ငယ်လေးထဲက ချစ်နေခဲ့ပါတယ်...။ အဲကောင်လေးဟာ ကောင်မလေးကို ဓါတ်ပုံသာမြင်ဖူးပြီး အဲဒီဓါတ်ပုံဟာလည်း သူလမ်းလျှောက်ရင်း လမ်းမ ပေါ်က ကောက်ရခဲ့တာပါ॥။ ဒီလိုနဲ့ နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားလိုက်တာ။ နှစ်တွေတော်တော်ကြာတော့ ကောင်လေးဟာ သူနှစ်သက်တဲ့ မိန်းကလေးတယောက်နဲ့  အိမ်ထောင်ပြုလိုက်ပါတယ်။ ဒါပေမဲ့ကောင်လေးဟာ သူကောက်ရထားတဲ့ ဓါတ်ပုံလေးကို သိမ်းထားဆဲပါပဲ...။ တနေ့ မှာတော့ ကောင်မလေးဟာ အဲဒီဓါတ်ပုံလေးကို တွေ့ သွားပြီး သူ့ အမျိုးသားကို မေးလိုက်ပါတယ်။
ကောင်မလေး....ဒီပုံကိုဘယ်က ရတာလဲ
ကောင်လေး...ငါငယ်ငယ်လေး ကတည်းက ကောက်ရလို့  သိမ်းထားတဲ့ ဓါတ်ပုံပါ ဘာလို့ လဲ ?
အဲဒါနဲ့ အမျိုးသမီးဟာ အခုလို ပြန်ပြော လိုက်ပါတယ်
ကောင်မလေး....ကျမ ၉ နှစ်သမီးအရွယ် ကတည်းက ဒီဓါတ်ပုံလေး ပျောက်သွားခဲ့တာပါ။
(အင်္ဂလိပ်ပုံပြင်လေးကို စီလျှော်အောင် ဘာသာပြန်ဆိုထားသည်။)
12 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:
ဟယ် ကံကောင်းလိုက်တာနော် ဒါကြောင့် ပြောကြတာနေမယ် အချစ်စစ် အချစ်မှန် ဖူးစာကံ မှန်ရင် ဆုံကြရမယ်ဆိုတာလေ
လာလည်ဖတ်ရှုပါတယ်ခင်ဗျာ အရေးအသားတွေကောင်းပါတယ်။
ပျော်စရာကြီးပေါ့...!!!!
သြော်..ဖူးစာ..ဖူးစာ... :P
ပို့စ်လေးက ရိုးရှင်းပေမယ့် ကောင်းတယ်
ကံကောင်းလိုက်တဲ့ ဖူးစာလို့ ပြောရမယ်
ညီမလေးလည်း အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ
ဝေး အဲလိုလေးဖူးစာရှင်နဲ့တွေ့စေသတည်း
လွယ်တော့မလွယ်ဘူးနော်
အချစ်စစ်မှန်ရင်တော့ တွေ့ကြရမယ်ထင်တယ်
ကြည်နူးချရာရေး...... :D
ချစ်ခြင်းရဲ့ တန်ခိုးတွေလို့ပဲ ပြောရမလား မသိဘူး
တစ်ကယ် အဲ့လိုတွေ ဖြစ်လာရင် အရမ်းကောင်းမယ် .
ကျေးဇူးတင်ပါတယ် ငှက်ကလေးရေ
ဟယ် ပျော်စရာလေးပါလား....။
သယ်ချင်း
ဖျောက်ဖျက်လို့ မရနိုင်တဲ့ ဖူးစာပေါ့နော်.. ရှယ်ပေးလို့ ကျေးဇူးပါ
http://winzaw-mdy.blogspot.com
တခါတလေ ဖူးစာဆိုဆိုတာ ထူးခြားစွာကို ဆုံဆည်းတတ်ကြပါတယ်လေ။ အင်း တချို.ကျတော့လည်း ဖူးစာဆိုတာ ဦးရာလူပါပဲတဲ့။ ကံကောင်းလှတဲ့ ပုံပြင်လေးကိုတော့ အားကျမိပါရဲ့။
အဲဒါပေါ့ဗျ ကြက်ကန်းဆန်အိုးတိုးတယ်ဆိုတာ
Post a Comment