ကျမ ပြုံးနေတယ်
ဒါပေမဲ့ ကြေကွဲနေတယ်.....
ကျမ နာကျည်းနေတယ်
ဒါပေမဲ့ မေတ္တာထားတယ်.....
ကျမငိုနေတယ်
ဒါပေမဲ့ မျက်ရည်မကျဘူး.....
ကျမခေါင်းငုံ့ ထားတယ်
ဒါပေမဲ့ အရှုံးမပေးဘူး.....
ကျမလက် မြှောက်ထားချင် ထားလိမ့်မယ်
ဒါပေမဲ့ ဘယ်တော့မှ ဒူးမထောက်ဘူး.....
Nov 8, 2008
Subscribe to:
Post Comments (Atom)
15 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:
ဘရာဘိုလည်း
အဲလိုပဲ!
ကျမအိပ်နေပေမယ့်မျက်စိမမှတ်ဘူး...
ဟီးးးးးးးးးစတာနော်
ချိတ်ချိုးနဲ့
ဝေး...ကောင်းလိုက်တဲ့ကဗာလေး
အင်း လောကကိုစိန်ခေါ်ထားတဲ့ကဗျာလေးပဲ
ကောင်းလိုက်တာ ....
ဒါဆို ဘာဖြစ်နေတာလဲဟင်
သိလို့ပါနော်။
မိုက်တယ်ဗျ ဆက်ရေးဗျို့
အင်းကဗျာလေးက မာန်ပါပါနဲ့  စိတ်ခွန်အားတွေ ပြန်မွေးပေးနေသလိုပဲ။ အရေးအသားကတော့ ဆေးသိကြားမပါတဲ့ ဖျော်ရည်တစ်ခွက်လိုပါပဲ လန်းပါ့။
ကဗျာလေးက ၀မ်းနည်းစရာလိုလိုနဲ့ အားပါတယ်။ ကဗျာကောင်းလေး အတွက် ကျေးဇူးတင်ပါတယ် ညီမလေး...
ကဗျာလေးက ၁၀ ကြောင်းတည်းနဲ့ ထိထိမိမိလေးပါ
ညီမလေး ရေ.. တော်တယ် ညီမလေးက။
ချစ်တဲ့
မမ၀ါ
ဝါးးးးး ကဗျားက အသက်ဝင်တယ်.. တော်တယ်နော်..
အားပေးတယ်.. ဆက်လျှောက်...
ကဗျာကတော်တော်လန်းတဲ့အတွက် အာဝါးးး အမြှောက်တသိန်းပေးမယ်
ဟီးဟီး
ငှက်ငယ်လေးကဗျာကတော်တော်ထိတာပဲ
ကဗျာကောင်းလေးတစ်ပုဒ်ပါ
အားပေးသွားတယ်နော်
ဒူးမထောက်ဘူးဆိုတာလေးကတော့ လေးစားပါတယ် :D
ရှေ့ လို ရာ ခရီး ကို အောင်မြင် စွာ ချီတက် နိုင် ပါ စေ
ငှက်ကလေးရေ... ဒရင်းပေးတာ အရမ်းမယူနဲ့သိလား.... ဆက်ရေးကောင်းသထက်ကောင်းလာပါတယ်။
ကောင်းလိုက်တဲ့ စာသားလေးတွေ။ ဟုတ်တယ်။ မိန်းကလေးပေမယ့် အဲလိုဖြစ်နေရမယ်။ အားပေးနေမယ်နော်။
NEVER SURRENDER...
ME TOO..
TAKE CARE ALL MY DEAR SIS
ကဗျာလေးးက လှတယ် . . . .
ခွန်အားတခုပါသလိုပဲဗျ မိုက်တယ်
Post a Comment