Nov 12, 2008

ကညာဗဟုသုတ

၁။ ရှစ်နှစ်အရွယ် အမျိုးသမီးကို ဂေါရီ လို့ ခေါ်ပါတယ်။
၂။ ဆယ် နှစ်အရွယ် အမျိုးသမီးကို ကညာလို့ ခေါ်ပါတယ်။
၃။ ဆယ့်နှစ်နှစ် အရွယ် ကိုတော့ ကုမ္ဓာရီ။
၎။ ဆယ့်သုံးနှစ် အရွယ် ကို သွေးစုန်းတဲ့။
၅။ ဆယ့်ငါးနှစ် အရွယ်ကို မျက်မည်း။
၆။ နှစ်ဆယ် နှစ်အရွယ်ကို မျက်ဝန်း။
၇။ နှစ်ဆယ့် ငါးနှစ်အရွယ်ကို မျက် ညွှန်း။
၈။ လေးဆယ်အရွယ်ကို မြောင်းတူးလို့ ခေါ်ပါတယ်။

(ဒီအချက်လေးတွေကတော့ ရှေးခေတ်က မိန်းမပျိုများကို ခေါ်သော အခေါ်အဝေါ်များဖြစ်ပါတယ် ရှင့်)

...............

မနုစတ္တရ ဓမ္မသတ်ကျမ်းမှာတော့ ဆယ်နှစ်အရွယ်ကို ကလျာဏီ လို့ ခေါ်တယ်။ ခုနစ်နှစ် အရွယ်မိန်းကလေးကို ဒါရိကာလို့ ခေါ်ပါတယ်။

............... မိန်းကလေးတွေမှာ သီလသုံးပါး ရှိပါတယ်။ အဲဒါတွေကတော့ ကြိုးတန်း ၊ ကြိမ်တန်းအောက် မ၀င်ရတာ ၊ထဘီ အထက်အောက် လှန်မ၀တ်ရတာ။ ပြီးတော့ ခြေမဆေးဘဲ အိပ်ရာမ၀င်ရတာပါပဲ။ မိန်းကလေးဘ၀မှာ တာဝန်တွေများလှပါတယ်။ ယောင်္ကျားမှာ ခြေဆေး အိပ်ရာဝင်ရမယ်လို့  ကျမ်းဂန်မှာ ရှာမတွေ့ ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေ မှာ ခြေဆေး အိပ်ရာဝင်မှ သီရိကျက်သရေရှိမှာ ဖြစ်တယ်လို့ အဆိုရှိပါတယ်။

8 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

ညလေး
စာအုပ်တွေရောက်လာတော့
လက်စွမ်းပြတော့မယ်ပေါ့
ဝမ်းသာတယ်နော်။

မသိတာရှိရင်လာမေးမယ် သုတေသီမ လေးရေ။

Dream said...

ဟေး..ဒါဆို မက်မက်က ကျက်သရေ ရှိတဲ့အထဲမှာ
ပါတာပေါ့.. ခြေဆေးပြီးမှ အိပ်လို့.. သီလသုံးပါးလုံး
နဲ့ပြည့်စုံတယ်.. ဟီးဟီး...

ဒါပေမယ်... ၁ကနေ၈ အထိထဲမှာ မက်မက်အရွယ်ကို
တော့ မပါဘူး.. ဟင့်.. ရဖူး..ရဖူး.. ရှာပေး..
မက်မက် ဘယ်အရွယ် ထဲမှာ ပါသလဲ.. အထုရှာပေး..
ဒါဖဲ..မဟုတ်ရင် ကော်ဖီမတိုက်ဘူ.. :P :P

အာဝါးးးးးးးးး

Welcome said...

သယ်ချင်း
အသေအချာ မှတ်သားသွားတယ်ဝေ့..
(မျက်ညွှန်း)ဆိုတာကို ဖြစ်နိုင်ရင် အကျယ်သိချင် ပါတယ်။ ဖြစ်နိုင်ရင်ပေါ့ .. ..

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

WWKM said...

ညီမလေးရေ..
လာဖတ်သွားတယ်နော်.မှတ်သားစရာလေး။

:P said...

၂၅ နဲ့ ၄၀ ကြားရော မရှိဘူးလားညီမရေ..

မြတ်သွယ် said...

အယ် ဒို့လဲပါလို့တော်သေးတာပေါ့
မက်မက်လိုပဲ
ရဘူး .. ရဘူး ... ပယဲတွက်လဲရှာပေး
အဒုမှပါဝူး....
မှတ်သားသွားတယ် ကျေးဇူးလဲတင်သလို
တော်တယ် ပြည့်စုံတယ်ကွယ့်
အားပေးနေမယ်နော်

ငှက်ငယ်လေး said...

ကိုကြီးအလှတရား ... ဟဲဟဲ

မတ်မတ်......တီတီမတ်ရေ အဟင့်ချိဘူးး(

ကိုဝင်းဇော်....မျက်ညွှန်းဆိုတာက ၂၅ နှစ်အရွယ် မိန်းမပျိုကို ရှေးခေတ်က ခေါ်တဲ့စကားအဆိုပါ။

sin dar lar... ဟင့်အင်းချိဘူး ၂၅ နဲ့  ၄၀ ကြား

ငှက်ငယ်လေး said...

ကျေးဇူးတင်ပါတယ် မမပုလဲ